တ႐ုတ္ႏိုင္ငံ ရွန္ေဒါင္းျပည္နယ္ရွိ အက်ဥ္းေထာင္တြင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၂၀၇ ဦး ေတြ႕ရွိ

တ႐ုတ္ႏိုင္ငံအေရွ႕ပိုင္း ရွန္ေဒါင္းျပည္နယ္ရွိ ရန္ခ်န္အက်ဥ္းေထာင္မွ အက်ဥ္းေထာင္တာဝန္ရွိသူခုနစ္ဦးအပါအဝင္ လူ ၂၀၇ ဦးတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသည္ကို စစ္ေဆးေတြ႕ရွိခဲ့ေၾကာင္း ေဖေဖာ္ဝါရီ ၂၁ ရက္တြင္ျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲ၌ ေဒသဆိုင္ရာ တာဝန္ရွိသူမ်ားက ေျပာသည္။

က်င္နင္းၿမိဳ႕ရွိ အက်ဥ္းေထာင္မွ သက္ဆိုင္သူအားလုံးကို ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈ ရွိ၊ မရွိ ေဒသခံအာဏာပိုင္မ်ားက စစ္ေဆးခဲ့ရာတြင္ ယင္းသို႔ေတြ႕ရွိခဲ့ျခင္းျဖစ္သည္။

အက်ဥ္းေထာင္ တာဝန္ရွိသူတစ္ဦးသည္ ေခ်ာင္းဆိုးသည့္လကၡဏာျပသၿပီးေနာက္ ေဖေဖာ္ဝါရီ ၁၂ ရက္တြင္ ေဆး႐ုံ၌ သီးသန္႔ခြဲျခားထားေၾကာင္း၊ ေနာက္တစ္ေန႔၌ ၎တြင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသည္ကို ေတြ႕ရွိခဲ့ေၾကာင္း တာဝန္ရွိသူမ်ားကေျပာဆိုသည္။

ယင္းျဖစ္စဥ္ကို သိရွိၿပီးေနာက္ ျပည္နယ္အစိုးရသည္ သက္ဆိုင္ရာနယ္ေျမမ်ားကို ခ်က္ခ်င္း ပိတ္ပစ္လိုက္ၿပီး စစ္ေဆးျခင္းႏွင့္ သီးသန္႔ခြဲျခားျခင္းလုပ္ငန္းမ်ားကို စတင္ေဆာင္႐ြက္ခဲ့သည္။

အက်ဥ္းေထာင္အတြင္း၌ ဗိုင္းရပ္စ္ကူးစက္မႈျဖစ္ပြားၿပီးေနာက္ တာဝန္မေက်ပြန္မႈျဖင့္ ေဒသဆိုင္ရာတာဝန္ရွိသူ ရွစ္ဦးကို ရာထူးမွ ဖယ္ရွားခဲ့သည္။

(Unicode Version)

တရုတ်နိုင်ငံ ရှန်ဒေါင်းပြည်နယ်ရှိ အကျဉ်းထောင်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၀၇ ဦး တွေ့ရှိ

တရုတ်နိုင်ငံအရှေ့ပိုင်း ရှန်ဒေါင်းပြည်နယ်ရှိ ရန်ချန်အကျဉ်းထောင်မှ အကျဉ်းထောင်တာဝန်ရှိသူခုနစ်ဦးအပါအဝင် လူ ၂၀၇ ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ဖေဖော်ဝါရီ ၂၁ ရက်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။

ကျင်နင်းမြို့ရှိ အကျဉ်းထောင်မှ သက်ဆိုင်သူအားလုံးကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု ရှိ၊ မရှိ ဒေသခံအာဏာပိုင်များက စစ်ဆေးခဲ့ရာတွင် ယင်းသို့တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အကျဉ်းထောင် တာဝန်ရှိသူတစ်ဦးသည် ချောင်းဆိုးသည့်လက္ခဏာပြသပြီးနောက် ဖေဖော်ဝါရီ ၁၂ ရက်တွင် ဆေးရုံ၌ သီးသန့်ခွဲခြားထားကြောင်း၊ နောက်တစ်နေ့၌ ၎င်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည်ကို တွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူများကပြောဆိုသည်။

ယင်းဖြစ်စဉ်ကို သိရှိပြီးနောက် ပြည်နယ်အစိုးရသည် သက်ဆိုင်ရာနယ်မြေများကို ချက်ချင်း ပိတ်ပစ်လိုက်ပြီး စစ်ဆေးခြင်းနှင့် သီးသန့်ခွဲခြားခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့သည်။

အကျဉ်းထောင်အတွင်း၌ ဗိုင်းရပ်စ်ကူးစက်မှုဖြစ်ပွားပြီးနောက် တာဝန်မကျေပွန်မှုဖြင့် ဒေသဆိုင်ရာတာဝန်ရှိသူ ရှစ်ဦးကို ရာထူးမှ ဖယ်ရှားခဲ့သည်။