ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေလေၾကာင္းလိုင္းမ်ား ေဒၚလာ ဘီလီယံ ၃၀ နီးပါး ဆုံး႐ႈံးမည္ဆို

ကို႐ိုနာဗိုင္းရပ္စ္ေရာဂါ ပ်ံ႕ႏွံ႔ျဖစ္ပြားမႈေၾကာင့္ ေလေၾကာင္းလိုင္းမ်ားသည္ ယခုႏွစ္တြင္ ဝင္ေငြေဒၚလာ ၂၉ ဒသမ ၃ ဘီလီယံ ဆုံး႐ႈံးဖြယ္ရွိေၾကာင္း ကမၻာလုံးဆိုင္ရာ ေလေၾကာင္းလိုင္းလုပ္ငန္းမ်ားအဖြဲ႕က သတိေပးထားသည္။

ႏိုင္ငံတကာေလေၾကာင္းပို႔ေဆာင္ေရးအဖြဲ႕ (အိုင္ေအတီေအ)က ဆယ္စုႏွစ္တစ္ခုေက်ာ္အတြင္း ပထမဆုံးအႀကိမ္ ေလေၾကာင္းသြားလာမႈ က်ဆင္းမည္ျဖစ္ေၾကာင္း ႀကိဳတင္ခန္႔မွန္းထားျခင္းျဖစ္သည္။

တ႐ုတ္ႏိုင္ငံႏွင့္ အျခား အာရွ-ပစိဖိတ္ေဒသမ်ားမွ ေလေၾကာင္းလိုင္းမ်ားသည္ အဆိုပါကူးစက္ေရာဂါ၏ ေနာက္ဆက္တြဲသက္ေရာက္မႈကို အမ်ားဆုံးခံရမည္ဟု ေမၽွာ္မွန္းရသည္။

ကမၻာတစ္ဝန္း သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းမ်ားသည္ ေလယာဥ္ခရီးစဥ္မ်ားကို ေလၽွာ႔ခ်ရန္ ဖိအားေပးခံရၿပီးေနာက္ ယင္းသို႔ႀကိဳတင္ခန္႔မွန္းခ်က္ထြက္ေပၚလာျခင္းျဖစ္သည္။

အာရွ-ပစိဖိတ္ေဒသအတြင္း ေလေၾကာင္းလိုင္းမ်ားအားလုံးသည္ ၂၀၂၀ တြင္ ေဒၚလာ ၂၇ ဒသမ ၈ ဘီလီယံဆုံး႐ႈံးမည္ဟု ႐ႈျမင္ရၿပီး အာရွအျပင္ဘက္ ေလေၾကာင္းလိုင္းမ်ားတြင္မူ ယခုႏွစ္ဝင္ေငြတြင္ ေဒၚလာ ၁ ဒသမ ၅ ဘီလီယံ ဆုံး႐ႈံးမည္ဟု ေမၽွာ္မွန္းရေၾကာင္း အိုင္ေအတီေအက ႀကိဳတင္ခန္႔မွန္းထားသည္။

(Unicode Version)

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လေကြောင်းလိုင်းများ ဒေါ်လာ ဘီလီယံ ၃၀ နီးပါး ဆုံးရှုံးမည်ဆို

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ပျံ့နှံ့ဖြစ်ပွားမှုကြောင့် လေကြောင်းလိုင်းများသည် ယခုနှစ်တွင် ဝင်ငွေဒေါ်လာ ၂၉ ဒသမ ၃ ဘီလီယံ ဆုံးရှုံးဖွယ်ရှိကြောင်း ကမ္ဘာလုံးဆိုင်ရာ လေကြောင်းလိုင်းလုပ်ငန်းများအဖွဲ့က သတိပေးထားသည်။

နိုင်ငံတကာလေကြောင်းပို့ဆောင်ရေးအဖွဲ့ (အိုင်အေတီအေ)က ဆယ်စုနှစ်တစ်ခုကျော်အတွင်း ပထမဆုံးအကြိမ် လေကြောင်းသွားလာမှု ကျဆင်းမည်ဖြစ်ကြောင်း ကြိုတင်ခန့်မှန်းထားခြင်းဖြစ်သည်။

တရုတ်နိုင်ငံနှင့် အခြား အာရှ-ပစိဖိတ်ဒေသများမှ လေကြောင်းလိုင်းများသည် အဆိုပါကူးစက်ရောဂါ၏ နောက်ဆက်တွဲသက်ရောက်မှုကို အများဆုံးခံရမည်ဟု မျှော်မှန်းရသည်။

ကမ္ဘာတစ်ဝန်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းများသည် လေယာဉ်ခရီးစဉ်များကို လျှော့ချရန် ဖိအားပေးခံရပြီးနောက် ယင်းသို့ကြိုတင်ခန့်မှန်းချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

အာရှ-ပစိဖိတ်ဒေသအတွင်း လေကြောင်းလိုင်းများအားလုံးသည် ၂၀၂၀ တွင် ဒေါ်လာ ၂၇ ဒသမ ၈ ဘီလီယံဆုံးရှုံးမည်ဟု ရှုမြင်ရပြီး အာရှအပြင်ဘက် လေကြောင်းလိုင်းများတွင်မူ ယခုနှစ်ဝင်ငွေတွင် ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ဆုံးရှုံးမည်ဟု မျှော်မှန်းရကြောင်း အိုင်အေတီအေက ကြိုတင်ခန့်မှန်းထားသည်။