အဂၤလန္တြင္ လိဂ္ပြဲ ၅၀၀ ျပည့္၌ ႐ြန္နီဂိုးသြင္း

ေဖေဖာ္ဝါရီ ၂၁ ရက္ညတြင္ ယွဥ္ၿပိဳင္ကစားခဲ့ေသာ အဂၤလန္ခ်န္ပီယံရွစ္ပြဲစဥ္၌ ဒါဘီအသင္းသည္ ရလဒ္ေကာင္းမ်ားေၾကာင့္ ဇယားထိပ္ပိုင္းနားရပ္တည္ေနေသာ ဖူလ္ဟမ္ကို တစ္ဂိုးစီသေရ ကစားႏိုင္ခဲ့ကာ ထိုပြဲတြင္ ဒါဘီအတြက္ ကစားေပးခဲ့သည့္ မန္ယူတိုက္စစ္မႉးေဟာင္း ႐ြန္နီသည္ အဂၤလန္တြင္ လိဂ္ပြဲ ၅၀၀ ျပည့္အျဖစ္ ကစားေပးႏိုင္ခဲ့သလို အသင္းအတြက္တစ္လုံးတည္းေသာ သြင္းဂိုးကိုလည္း ပါနန္ကာ ပင္နယ္တီကန္နည္းျဖင့္သြင္းယူခဲ့သည္။

ပါနန္ကာ ပင္နယ္တီကန္နည္းဆိုသည္မွာ ဂိုးသမားရပ္ေနသည့္ ေနရာတည့္တည့္သို႔ ကန္သြင္းျခင္းကို ဆိုလိုသည္။ ထိုဂိုးႏွင့္ပတ္သက္ၿပီး ႐ြန္နီက ‘ကၽြန္ေတာ့္ကစားသမားဘ၀တစ္ေလၽွာက္ တစ္ခါမွ ပါနန္ကာ ပင္နယ္တီကန္နည္းမ်ိဳး မကန္ခဲ့ဖူးဘူး။ ဂိုးသမားေတြဟာ ပင္နယ္တီကန္မႈကို ေကာင္းေကာင္းေလ့လာၾကတာသိထားလို႔ ထူးျခားပုံစံနဲ႔ ကန္ၾကည့္ခဲ့တာပါ’ ဟု ေျပာသြားခဲ့သည္။

(Unicode Version)

အင်္ဂလန်တွင် လိဂ်ပွဲ ၅၀၀ ပြည့်၌ ရွန်နီဂိုးသွင်း

ဖေဖော်ဝါရီ ၂၁ ရက်ညတွင် ယှဉ်ပြိုင်ကစားခဲ့သော အင်္ဂလန်ချန်ပီယံရှစ်ပွဲစဉ်၌ ဒါဘီအသင်းသည် ရလဒ်ကောင်းများကြောင့် ဇယားထိပ်ပိုင်းနားရပ်တည်နေသော ဖူလ်ဟမ်ကို တစ်ဂိုးစီသရေ ကစားနိုင်ခဲ့ကာ ထိုပွဲတွင် ဒါဘီအတွက် ကစားပေးခဲ့သည့် မန်ယူတိုက်စစ်မှူးဟောင်း ရွန်နီသည် အင်္ဂလန်တွင် လိဂ်ပွဲ ၅၀၀ ပြည့်အဖြစ် ကစားပေးနိုင်ခဲ့သလို အသင်းအတွက်တစ်လုံးတည်းသော သွင်းဂိုးကိုလည်း ပါနန်ကာ ပင်နယ်တီကန်နည်းဖြင့်သွင်းယူခဲ့သည်။

ပါနန်ကာ ပင်နယ်တီကန်နည်းဆိုသည်မှာ ဂိုးသမားရပ်နေသည့် နေရာတည့်တည့်သို့ ကန်သွင်းခြင်းကို ဆိုလိုသည်။ ထိုဂိုးနှင့်ပတ်သက်ပြီး ရွန်နီက ‘ကျွန်တော့်ကစားသမားဘ၀တစ်လျှောက် တစ်ခါမှ ပါနန်ကာ ပင်နယ်တီကန်နည်းမျိုး မကန်ခဲ့ဖူးဘူး။ ဂိုးသမားတွေဟာ ပင်နယ်တီကန်မှုကို ကောင်းကောင်းလေ့လာကြတာသိထားလို့ ထူးခြားပုံစံနဲ့ ကန်ကြည့်ခဲ့တာပါ’ ဟု ပြောသွားခဲ့သည်။