သားသမီးႏွစ္ေယာက္ေပ်ာက္ဆုံးေနမႈျဖင့္ အမ်ိဳးသမီးတစ္ဦး ဟာဝိုင္ယီ၌ အဖမ္းခံရ

အေမရိကန္အမ်ိဳးသမီးတစ္ဦးက ၎၏ သားသမီးငယ္ႏွစ္ေယာက္ လႏွင့္ခ်ီ၍ေပ်ာက္ဆုံးခဲ့ၿပီး ယခုအခါတြင္ ဟာဝိုင္ယီ၌ အဖမ္းခံလိုက္ရၿပီျဖစ္သည္။

ကေလးငယ္ႏွစ္ေယာက္အေၾကာင္းကို အိုင္ဒါဟိုမွ ရဲတပ္ဖြဲ႕က ၎အား ေတြ႕ဆုံစစ္ေဆးေမးျမန္းၿပီးေနာက္ အသက္(၄၆)ႏွစ္ရွိ မီးစ္လိုရီေဒးဘဲသည္ ႏိုင္ဝင္ဘာလက ဟာဝိုင္ယီသို႔ထြက္ခြာသြားသည္။ ကေလးမ်ားမွာ အႏၲရာယ္ရွိေနသည္ဟု အရာရွိမ်ားကေျပာဆိုသည္။

အဆိုပါ႐ႈပ္ေထြးသည့္ အမႈတြင္ မသကၤာဖြယ္ရာ လူေသမႈသုံးခုပါဝင္သည္ ဆို၏။ မီးစ္လိုရီေဒးဘဲသည္ ဘာသာေရးအစြန္းေရာက္အုပ္စုတစ္စုႏွင့္ အဆက္အသြယ္မ်ား ရွိခဲ့သည္ဟု အေမရိကန္မီဒီယာသတင္းမ်ားတြင္ ေဖာ္ျပပါရွိသည္။

၎၏ခင္ပြန္းေဟာင္းျဖစ္သူ ခ်ားလ္ဗားလိုးအား ၎၏ေမာင္ျဖစ္သူ အလက္ေကာက္က ပစ္သတ္ၿပီးေနာက္ မီးစ္လိုရီေဒးဘဲသည္ အရီဇိုးနားမွ အိုင္ဒါဟိုသို႔ ဩဂုတ္လကုန္တြင္ ေျပာင္းေ႐ႊ႕ခဲ့သည္။

ယင္းသို႔ေသနတ္ျဖင့္ ပစ္ခတ္ျခင္းမွာ ကိုယ့္ကိုယ္ကိုယ္ကာကြယ္ရင္း မေတာ္တဆျဖစ္ေၾကာင္း မစၥတာေကာက္က ေျပာဆိုသည္။

ျပစ္မႈထင္ရွားလၽွင္ မီးစ္ေဒးဘဲမွာ ေထာင္ဒဏ္ ၁၄ ႏွစ္ က်ခံရမည္ျဖစ္ၿပီး အိုင္ဒါဟိုသို႔ ျပန္ပို႔ေရး ေစာင့္ဆိုင္းေနသည္။

(Unicode Version)

သားသမီးနှစ်ယောက်ပျောက်ဆုံးနေမှုဖြင့် အမျိုးသမီးတစ်ဦး ဟာဝိုင်ယီ၌ အဖမ်းခံရ

အမေရိကန်အမျိုးသမီးတစ်ဦးက ၎င်း၏ သားသမီးငယ်နှစ်ယောက် လနှင့်ချီ၍ပျောက်ဆုံးခဲ့ပြီး ယခုအခါတွင် ဟာဝိုင်ယီ၌ အဖမ်းခံလိုက်ရပြီဖြစ်သည်။

ကလေးငယ်နှစ်ယောက်အကြောင်းကို အိုင်ဒါဟိုမှ ရဲတပ်ဖွဲ့က ၎င်းအား တွေ့ဆုံစစ်ဆေးမေးမြန်းပြီးနောက် အသက်(၄၆)နှစ်ရှိ မီးစ်လိုရီဒေးဘဲသည် နိုင်ဝင်ဘာလက ဟာဝိုင်ယီသို့ထွက်ခွာသွားသည်။ ကလေးများမှာ အန္တရာယ်ရှိနေသည်ဟု အရာရှိများကပြောဆိုသည်။

အဆိုပါရှုပ်ထွေးသည့် အမှုတွင် မသင်္ကာဖွယ်ရာ လူသေမှုသုံးခုပါဝင်သည် ဆို၏။ မီးစ်လိုရီဒေးဘဲသည် ဘာသာရေးအစွန်းရောက်အုပ်စုတစ်စုနှင့် အဆက်အသွယ်များ ရှိခဲ့သည်ဟု အမေရိကန်မီဒီယာသတင်းများတွင် ဖော်ပြပါရှိသည်။

၎င်း၏ခင်ပွန်းဟောင်းဖြစ်သူ ချားလ်ဗားလိုးအား ၎င်း၏မောင်ဖြစ်သူ အလက်ကောက်က ပစ်သတ်ပြီးနောက် မီးစ်လိုရီဒေးဘဲသည် အရီဇိုးနားမှ အိုင်ဒါဟိုသို့ ဩဂုတ်လကုန်တွင် ပြောင်းရွှေ့ခဲ့သည်။

ယင်းသို့သေနတ်ဖြင့် ပစ်ခတ်ခြင်းမှာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရင်း မတော်တဆဖြစ်ကြောင်း မစ္စတာကောက်က ပြောဆိုသည်။

ပြစ်မှုထင်ရှားလျှင် မီးစ်ဒေးဘဲမှာ ထောင်ဒဏ် ၁၄ နှစ် ကျခံရမည်ဖြစ်ပြီး အိုင်ဒါဟိုသို့ ပြန်ပို့ရေး စောင့်ဆိုင်းနေသည်။