၁၁ ပြဲဆက္ ဂိုးသြင္းႏိုင္သည့္ စီးရီးေအအေကာင္းဆုံးစံခ်ိန္ကို စီ႐ိုနယ္ဒို လိုက္မီ စပယ္လ္ႏွင့္ပြဲတြင္ ႏိုင္ငံႏွင့္ကလပ္အတြက္ ပြဲ ၁၀၀၀ ျပည့္ကစားၿပီး ဂိုးသြင္းႏိုင္ခဲ့

အသက္ (၃၅) ႏွစ္ျပည့္သြားခဲ့ၿပီျဖစ္ေသာ္လည္း ဂိုးသြင္းႏႈန္းေကာင္းမြန္ဆဲျဖစ္သည့္ ေပၚတူဂီတိုက္စစ္မႉး စီ႐ိုနယ္ဒိုသည္ ေဖေဖာ္ဝါရီ ၂၂ ရက္ညက စပယ္လ္ႏွင့္ကစားခဲ့ေသာ စီးရီးေအပြဲစဥ္၌ ဂ်ဴဗင္တပ္အသင္းအတြက္ ဂိုးသြင္းႏိုင္ခဲ့သည့္အတြက္ စီးရီးေအတြင္ ၁၁ ပြဲဆက္ဂိုးသြင္းႏိုင္သည့္ အေကာင္းဆုံး စံခ်ိန္ကို လိုက္မီႏိုင္ခဲ့သည္။ ပြဲခ်ိန္ ၃၉ မိနစ္အေရာက္တြင္ စီ႐ိုနယ္ဒိုသည္ အဆိုပါဂိုးကိုသြင္းလိုက္ႏိုင္ျခင္းျဖစ္ကာ ယခင္ ကြာဂလီရယ္လာႏွင့္ ဘာတစၥတူတာတို႔ တင္ထားေသာ အေကာင္းဆုံးစံခ်ိန္ျဖစ္သည့္ စီးရီးေအ ၁၁ ပြဲဆက္ ဂိုးသြင္းႏိုင္သည့္ စံခ်ိန္လိုက္မီခဲ့ျခင္းျဖစ္သည္။

အာဂ်င္တီးနားဂႏၴဝင္တိုက္စစ္မႉး ဘာတစၥတူတာသည္ ၁၉၉၄ ခုႏွစ္က ဖီအိုရင္တီးနားတြင္ကစားစဥ္ စီးရီးေအ ၁၁ ပြဲဆက္ ဂိုးသြင္းႏိုင္ခဲ့ျခင္းျဖစ္ၿပီး ထိုစံခ်ိန္ကို ယမန္ႏွစ္ကရာသီတြင္ ဆမ္ဒိုးရီးယားအသင္းအတြက္ ကစားေပးရင္း တိုက္စစ္မႉး ကြာဂလီရယ္လာက လိုက္မီသြားခဲ့ျခင္းျဖစ္သည္။ ဘာတစၥတူတာႏွင့္ ကြာဂလီရယ္လာတို႔ၾကား ထိုစံခ်ိန္လိုက္မီရန္ ၂၄ ႏွစ္ကြာျခားခဲ့ၿပီး စီ႐ိုနယ္ဒိုသည္ ထိုစံခ်ိန္ကို လိုက္မီခဲ့ရာတြင္ ဒီဇင္ဘာ ၁ ရက္က ဆက္ဆူအိုလိုႏွင့္ ႏွစ္ဂိုးစီ သေရက်သည့္ပြဲ၌ ဂိုးစသြင္းၿပီး ယခု စပယ္လ္ႏွင့္ ပြဲတြင္ လိုက္မီခဲ့ျခင္းျဖစ္ကာ ေနာက္တစ္ပတ္ အင္တာမီလန္ႏွင့္ပြဲ၌ ဂိုးဆက္သြင္းပါက စံခ်ိန္သစ္တင္ႏိုင္မည္ျဖစ္သည္။ ေ႐ႊေဘာလုံးငါးဆုရွင္ စီ႐ိုနယ္ဒိုသည္ စပယ္လ္ႏွင့္ပြဲတြင္ ႏိုင္ငံႏွင့္ကလပ္အသင္းအတြက္ ပြဲေပါင္း ၁၀၀၀ ျပည့္အျဖစ္ ကစားေပးႏိုင္ခဲ့ျခင္းလည္းျဖစ္သည္။

စီ႐ိုနယ္ဒိုသည္ ကလပ္အသင္းမ်ားအတြက္ ပြဲေပါင္း ၈၃၆ ပြဲကစားေပးခဲ့ကာ ႏိုင္ငံအသင္းအတြက္ ၁၆၄ ပြဲကစားေပးခဲ့ျခင္းျဖစ္သည္။ ၎သည္ ၂၀၀၂ ခုႏွစ္က ဆယ္ေက်ာ္သက္ကစားသမားအျဖစ္ စပို႔တင္းလစၥဘြန္းအသင္းတြင္ စတင္ကစားခဲ့ကာ (၁၇) ႏွစ္အ႐ြယ္ႏွင့္ လူငယ္အသင္းမွ စီနီယာအသင္းႀကီးသို႔ နည္းျပဘိုလိုနီကေခၚယူ ေနရာေပးခဲ့ျခင္းျဖစ္သည္။ စပို႔တင္းလစၥဘြန္းႏွင့္ပထမဆုံး ပြဲဦးထြက္ကစားခြင့္ရသည့္ပြဲမွာ အင္တာမီလန္အသင္းႏွင့္ကစားခဲ့ေသာ ခ်န္ပီယံလိဂ္ပြဲျဖစ္ၿပီး လူစားဝင္ကစားခြင့္ရခဲ့ျခင္းျဖစ္သည္။ သို႔ေသာ္ ထိုပြဲမွာ ဂိုးမရွိသေရပြဲအျဖစ္သာၿပီးဆုံးခဲ့ၿပီး စီ႐ိုနယ္ဒိုသည္ ဂိုးသြင္းႏိုင္ခဲ့ျခင္းမရွိခဲ့ေပ။ ဒုတိယအေက်ာ့တြင္ စပို႔တင္းလစၥဘြန္းမွာ အင္တာမီလန္အသင္းကို ႏွစ္ဂိုးျပတ္႐ႈံးၿပီး ၿပိဳင္ပြဲမွ ထြက္ခဲ့ရသည္။

စီ႐ိုနယ္ဒို၏ စပို႔တင္းစီနီယာကစားသမားအျဖစ္ ပထမဆုံးသြင္းဂိုးမွာ မို႐ိုင္ရန္စီအသင္းႏွင့္ ပြဲတြင္ျဖစ္ၿပီး ေဘာလုံးကို လၽွပ္စီးလက္သလို လ်င္ျမန္စြာကစားႏိုင္ျခင္းႏွင့္ လိမ္ေခါက္ဆြဲေျပးမႈမ်ားမွာ လွပေသသပ္လြန္းျခင္းေၾကာင့္ ဥေရာပထိပ္တန္းအသင္းမ်ား၏ ေစာင့္ၾကည့္ျခင္းခံခဲ့ရၿပီး မန္ယူနည္းျပ ဖာဂူဆန္၏ေခၚယူမႈခံခဲ့ရျဖင္းျဖစ္သည္။ စီ႐ိုနယ္ဒိုသည္ ဂ်ဴဗင္တပ္တြင္ ၇၃ ပြဲ ကစားကာ ၅၃ ဂိုးသြင္းထားႏိုင္သည္။

(Unicode Version)

၁၁ ပွဲဆက် ဂိုးသွင်းနိုင်သည့် စီးရီးအေအကောင်းဆုံးစံချိန်ကို စီရိုနယ်ဒို လိုက်မီ
စပယ်လ်နှင့်ပွဲတွင် နိုင်ငံနှင့်ကလပ်အတွက် ပွဲ ၁၀၀၀ ပြည့်ကစားပြီး ဂိုးသွင်းနိုင်ခဲ့

အသက် (၃၅) နှစ်ပြည့်သွားခဲ့ပြီဖြစ်သော်လည်း ဂိုးသွင်းနှုန်းကောင်းမွန်ဆဲဖြစ်သည့် ပေါ်တူဂီတိုက်စစ်မှူး စီရိုနယ်ဒိုသည် ဖေဖော်ဝါရီ ၂၂ ရက်ညက စပယ်လ်နှင့်ကစားခဲ့သော စီးရီးအေပွဲစဉ်၌ ဂျူဗင်တပ်အသင်းအတွက် ဂိုးသွင်းနိုင်ခဲ့သည့်အတွက် စီးရီးအေတွင် ၁၁ ပွဲဆက်ဂိုးသွင်းနိုင်သည့် အကောင်းဆုံး စံချိန်ကို လိုက်မီနိုင်ခဲ့သည်။ ပွဲချိန် ၃၉ မိနစ်အရောက်တွင် စီရိုနယ်ဒိုသည် အဆိုပါဂိုးကိုသွင်းလိုက်နိုင်ခြင်းဖြစ်ကာ ယခင် ကွာဂလီရယ်လာနှင့် ဘာတစ္စတူတာတို့ တင်ထားသော အကောင်းဆုံးစံချိန်ဖြစ်သည့် စီးရီးအေ ၁၁ ပွဲဆက် ဂိုးသွင်းနိုင်သည့် စံချိန်လိုက်မီခဲ့ခြင်းဖြစ်သည်။

အာဂျင်တီးနားဂန္ထဝင်တိုက်စစ်မှူး ဘာတစ္စတူတာသည် ၁၉၉၄ ခုနှစ်က ဖီအိုရင်တီးနားတွင်ကစားစဉ် စီးရီးအေ ၁၁ ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ခြင်းဖြစ်ပြီး ထိုစံချိန်ကို ယမန်နှစ်ကရာသီတွင် ဆမ်ဒိုးရီးယားအသင်းအတွက် ကစားပေးရင်း တိုက်စစ်မှူး ကွာဂလီရယ်လာက လိုက်မီသွားခဲ့ခြင်းဖြစ်သည်။ ဘာတစ္စတူတာနှင့် ကွာဂလီရယ်လာတို့ကြား ထိုစံချိန်လိုက်မီရန် ၂၄ နှစ်ကွာခြားခဲ့ပြီး စီရိုနယ်ဒိုသည် ထိုစံချိန်ကို လိုက်မီခဲ့ရာတွင် ဒီဇင်ဘာ ၁ ရက်က ဆက်ဆူအိုလိုနှင့် နှစ်ဂိုးစီ သရေကျသည့်ပွဲ၌ ဂိုးစသွင်းပြီး ယခု စပယ်လ်နှင့် ပွဲတွင် လိုက်မီခဲ့ခြင်းဖြစ်ကာ နောက်တစ်ပတ် အင်တာမီလန်နှင့်ပွဲ၌ ဂိုးဆက်သွင်းပါက စံချိန်သစ်တင်နိုင်မည်ဖြစ်သည်။ ရွှေဘောလုံးငါးဆုရှင် စီရိုနယ်ဒိုသည် စပယ်လ်နှင့်ပွဲတွင် နိုင်ငံနှင့်ကလပ်အသင်းအတွက် ပွဲပေါင်း ၁၀၀၀ ပြည့်အဖြစ် ကစားပေးနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

စီရိုနယ်ဒိုသည် ကလပ်အသင်းများအတွက် ပွဲပေါင်း ၈၃၆ ပွဲကစားပေးခဲ့ကာ နိုင်ငံအသင်းအတွက် ၁၆၄ ပွဲကစားပေးခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ၂၀၀၂ ခုနှစ်က ဆယ်ကျော်သက်ကစားသမားအဖြစ် စပို့တင်းလစ္စဘွန်းအသင်းတွင် စတင်ကစားခဲ့ကာ (၁၇) နှစ်အရွယ်နှင့် လူငယ်အသင်းမှ စီနီယာအသင်းကြီးသို့ နည်းပြဘိုလိုနီကခေါ်ယူ နေရာပေးခဲ့ခြင်းဖြစ်သည်။ စပို့တင်းလစ္စဘွန်းနှင့်ပထမဆုံး ပွဲဦးထွက်ကစားခွင့်ရသည့်ပွဲမှာ အင်တာမီလန်အသင်းနှင့်ကစားခဲ့သော ချန်ပီယံလိဂ်ပွဲဖြစ်ပြီး လူစားဝင်ကစားခွင့်ရခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုပွဲမှာ ဂိုးမရှိသရေပွဲအဖြစ်သာပြီးဆုံးခဲ့ပြီး စီရိုနယ်ဒိုသည် ဂိုးသွင်းနိုင်ခဲ့ခြင်းမရှိခဲ့ပေ။ ဒုတိယအကျော့တွင် စပို့တင်းလစ္စဘွန်းမှာ အင်တာမီလန်အသင်းကို နှစ်ဂိုးပြတ်ရှုံးပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရသည်။

စီရိုနယ်ဒို၏ စပို့တင်းစီနီယာကစားသမားအဖြစ် ပထမဆုံးသွင်းဂိုးမှာ မိုရိုင်ရန်စီအသင်းနှင့် ပွဲတွင်ဖြစ်ပြီး ဘောလုံးကို လျှပ်စီးလက်သလို လျင်မြန်စွာကစားနိုင်ခြင်းနှင့် လိမ်ခေါက်ဆွဲပြေးမှုများမှာ လှပသေသပ်လွန်းခြင်းကြောင့် ဥရောပထိပ်တန်းအသင်းများ၏ စောင့်ကြည့်ခြင်းခံခဲ့ရပြီး မန်ယူနည်းပြ ဖာဂူဆန်၏ခေါ်ယူမှုခံခဲ့ရဖြင်းဖြစ်သည်။ စီရိုနယ်ဒိုသည် ဂျူဗင်တပ်တွင် ၇၃ ပွဲ ကစားကာ ၅၃ ဂိုးသွင်းထားနိုင်သည်။