ထိုင္းအတိုက္အခံပါတီ ဖ်က္သိမ္းခံရမႈ ဗန္ေကာက္တြင္ လူရာေပါင္းမ်ားစြာ ဆႏၵျပ

ထိုင္းႏိုင္ငံ၏ ႏိုင္ငံေရးတြင္ စစ္တပ္၏ထိန္းခ်ဳပ္မႈကို အဆုံးသတ္ရန္ တိုက္တြန္းခဲ့သည့္ အတိုက္အခံပါတီကို ဖ်က္သိမ္းလိုက္ျခင္းအေပၚ ရာေပါင္းမ်ားစြာေသာ ေက်ာင္းသားမ်ားႏွင့္ ျပည္သူမ်ားသည္ ဗန္ေကာက္ၿမိဳ႕တြင္ ဆႏၵျပမႈမ်ား ျပဳလုပ္ခဲ့သည္။ ထိုင္းဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာ တရား႐ုံးသည္ Future Forward ပါတီကို ေဖေဖာ္ဝါရီ ၂၁ ရက္တြင္ ဖ်က္သိမ္းလိုက္ျခင္းျဖစ္ၿပီး ရန္ပုံေငြမ်ားကို တရားမဝင္ရယူခဲ့ေၾကာင္း ေ႐ြးေကာက္ပြဲေကာ္မရွင္က စြပ္စြဲထားသည္။

ယင္းပါတီသည္ လြန္ခဲ့သည့္ မတ္လအတြင္းက်င္းပခဲ့ေသာ အေထြေထြေ႐ြးေကာက္ပြဲအၿပီးတြင္ ပါလီမန္၌ တတိယအင္အားအႀကီးဆုံးပါတီျဖစ္လာၿပီး စစ္တပ္အႀကီးအကဲေဟာင္း ပရယြတ္ခ်န္အိုခ်ာ ဦးေဆာင္ေသာ လက္ရွိအစိုးရကို ေဝဖန္မႈမ်ားျပဳခဲ့သည္။

လြတ္လပ္ အမွီအခိုကင္းသည့္အဖြဲ႕သည္ အာဏာရွင္ကို အ႐ႈံးေပးခဲ့ရေၾကာင္းႏွင့္ ထိုင္းႏိုင္ငံတြင္ တရားမၽွတမႈ မရွိေတာ့ေၾကာင္း ေဖေဖာ္ဝါရီ ၂၂ ရက္တြင္ ျပဳလုပ္ေသာ ဆႏၵျပပြဲတြင္ တကၠသိုလ္ေက်ာင္းသားမ်ားက ေျပာဆိုသည္။

ထိုင္းႏိုင္ငံ ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာ တရား႐ုံးသည္ လြန္ခဲ့သည့္ အခ်ိန္မ်ားကလည္း ႏိုင္ငံေရးပါတီမ်ားကို ဖ်က္သိမ္းရန္ အမိန္႔ထုတ္ခဲ့သည္မ်ားရွိၿပီး ျပည္တြင္းႏွင့္ ႏိုင္ငံတကာအသိုင္းအဝိုင္းမွ ေဝဖန္ခဲ့ၾကသည္။

(Unicode Version)

ထိုင်းအတိုက်အခံပါတီ ဖျက်သိမ်းခံရမှု ဗန်ကောက်တွင် လူရာပေါင်းများစွာ ဆန္ဒပြ

ထိုင်းနိုင်ငံ၏ နိုင်ငံရေးတွင် စစ်တပ်၏ထိန်းချုပ်မှုကို အဆုံးသတ်ရန် တိုက်တွန်းခဲ့သည့် အတိုက်အခံပါတီကို ဖျက်သိမ်းလိုက်ခြင်းအပေါ် ရာပေါင်းများစွာသော ကျောင်းသားများနှင့် ပြည်သူများသည် ဗန်ကောက်မြို့တွင် ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးသည် Future Forward ပါတီကို ဖေဖော်ဝါရီ ၂၁ ရက်တွင် ဖျက်သိမ်းလိုက်ခြင်းဖြစ်ပြီး ရန်ပုံငွေများကို တရားမဝင်ရယူခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်က စွပ်စွဲထားသည်။

ယင်းပါတီသည် လွန်ခဲ့သည့် မတ်လအတွင်းကျင်းပခဲ့သော အထွေထွေရွေးကောက်ပွဲအပြီးတွင် ပါလီမန်၌ တတိယအင်အားအကြီးဆုံးပါတီဖြစ်လာပြီး စစ်တပ်အကြီးအကဲဟောင်း ပရယွတ်ချန်အိုချာ ဦးဆောင်သော လက်ရှိအစိုးရကို ဝေဖန်မှုများပြုခဲ့သည်။

လွတ်လပ် အမှီအခိုကင်းသည့်အဖွဲ့သည် အာဏာရှင်ကို အရှုံးပေးခဲ့ရကြောင်းနှင့် ထိုင်းနိုင်ငံတွင် တရားမျှတမှု မရှိတော့ကြောင်း ဖေဖော်ဝါရီ ၂၂ ရက်တွင် ပြုလုပ်သော ဆန္ဒပြပွဲတွင် တက္ကသိုလ်ကျောင်းသားများက ပြောဆိုသည်။

ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တရားရုံးသည် လွန်ခဲ့သည့် အချိန်များကလည်း နိုင်ငံရေးပါတီများကို ဖျက်သိမ်းရန် အမိန့်ထုတ်ခဲ့သည်များရှိပြီး ပြည်တွင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ ဝေဖန်ခဲ့ကြသည်။