ဝင္ေငြက်ဆင္းၿပီး အေႂကြး ေပါင္ ၇၃ သန္းတိုးလာေသာ္လည္း ဆိုးရွားကို ဝုဒ္ဝပ္ ေထာက္ခံဆဲ၊ ဗီလာအသင္းေခါင္းေဆာင္ ဂရီယာလစ္ရွ္ကို ယခုတစ္ပတ္အတြင္း ေပါင္ ၄၅ သန္းျဖင့္ ေခၚမည္

မန္ယူအသင္းသည္ ယမန္ႏွစ္ကရာသီ ဒုတိယေလးလပတ္ ဘ႑ာေရးရွင္းတမ္းကို ထုတ္ျပန္ခဲ့ရာ ဝင္ေငြက်ဆင္းသလို အေႂကြးပမာဏသည္လည္း ေပါင္ ၇၃ သန္းထပ္တိုးလာေသာ္လည္း အသင္းသည္ ေရရွည္ကိုၾကည့္သျဖင့္ လက္ရွိနည္းျပ ဆိုးရွားကို ဆက္လက္ေထာက္ခံအားေပးေၾကာင္း အသင္းဂုဏ္ထူးေဆာင္ ဒုတိယဥကၠ႒ အက္ဒ္ဝုဒ္ဝပ္က ထုတ္ေဖာ္ေျပာဆိုသြားခဲ့သည္။ ယမန္ႏွစ္ကရာသီတြင္ မန္ယူအသင္းသည္ ခ်န္ပီယံလိဂ္ပြဲကစားခြင့္မရဘဲ ယူ႐ိုပါလိဂ္ပြဲသာကစားခဲ့ရ၍ ႐ုပ္သံဝင္ေငြ၊ ပြဲေန႔ဝင္ေငြ၊ေအာ္ပေရးရွင္းအျမတ္ေငြမ်ားသည္ ယမန္ႏွစ္ကဝင္ေငြႏွင့္ႏႈိင္းယွဥ္လၽွင္ မ်ားစြာက်ဆင္းသြားခဲ့သလို ေကာ္မာရွယ္ဝင္ေငြတိုးတက္လာေသာ္လည္း အေႂကြးပမာဏသည္ ယခင္ႏွစ္ကထက္ ေပါင္ ၇၃ သန္းတိုးလာကာ စုစုေပါင္း ေပါင္ ၃၉၁ ဒသမ ၃ သန္းအထိရွိလာခဲ့ေၾကာင္း သိရသည္။

လက္ရွိတြင္ မန္ယူသည္ ဆိုးရွားလက္ေအာက္၌ လီဗာပူးထက္ ၃၈ မွတ္ ေလ်ာ့နည္းၿပီး အဆင့္ (၅)ေနရာတြင္သာ ရပ္တည္ေနႏိုင္ရာ ရာသီသိမ္းခ်ိန္တြင္ ခ်န္ပီယံလိဂ္ဝင္ခြင့္လြဲလၽွင္ ေနာက္ထပ္အ႐ႈံးေပၚသည့္ ရာသီႏွင့္ ထပ္မံရင္ဆိုင္ရဖြယ္ရွိသည္။ သို႔ေသာ္ ဝုဒ္ဝပ္က ေရရွည္ေအာင္ျမင္မႈရရွိရန္ စီမံကိန္းမ်ား၊ စည္းမ်ဥ္း စည္းကမ္းမ်ား ခ်မွတ္ထားၿပီး လာမည့္ ေႏြရာသီေဈးကြက္တြင္လည္း အေကာင္းဆုံးေခၚယူမႈမ်ား လုပ္သြားမည္ျဖစ္ကာ နည္းျပဆိုးရွားအေပၚ အလုံးစုံေထာက္ခံအားေပးဆဲျဖစ္သည္ဟု ေျပာသြားခဲ့သည္။

ဝုဒ္ဝပ္က ‘ရာသီသုံးခ်ိဳးႏွစ္ခ်ိဳးေက်ာ္လာခ်ိန္ ကၽြန္ေတာ္တို႔ဟာ ပရီးမီးယားလိဂ္မွာ အဆင့္ေကာင္းေကာင္း ရပ္တည္ႏိုင္ၿပီး ယူ႐ိုပါလိဂ္နဲ႔ အက္ဖ္ေအဖလားပြဲေတြမွာလည္း ေအာင္ျမင္ႏိုင္ဖို႔ရွိေနပါေသးတယ္။ အသင္းျပန္လည္တည္ေဆာက္မႈအတြက္ ဆက္လက္ၿပီး တိုးတက္ေအာင္လုပ္ေဆာင္သြားမွာပါ။ ေခၚယူခဲ့တဲ့ ကစားသမားမ်ားစြာနဲ႔ အေျပာင္းအလဲမ်ားစြာကိုလည္း ျမင္ရမွာပါ။ အသင္းအကယ္ဒမီက ကစားသမားေတြ ထြက္ေပၚလာတာလည္း ေတြ႕ရမယ္။ ခ်မွတ္လုပ္ေဆာင္ေနတဲ့ ေဖာင္ေဒးရွင္းက ေရရွည္ေအာင္ျမင္မႈရဖို႔ လုပ္ေဆာင္ထားတာျဖစ္တယ္။ ဒါေတြနဲ႔ ဆိုးရွားရဲ႕ ေဘာလုံးအျမင္ ပူးေပါင္းၿပီး ေအာင္ျမင္မႈေတြရရွိလာမွာပါ’ ဟု ေျပာသြားခဲ့သည္။ မန္ယူအသင္းသည္ ယမန္ႏွစ္ကရာသီတြင္ တစ္ႏွစ္တာဝင္ေငြ ေပါင္သန္း ၅၆၀ မွ ၅၈၀ ၾကားရရွိႏိုင္ရန္ေမၽွာ္လင့္ထားၿပီး ယမန္ႏွစ္ကဝင္ေငြ သည္ ေပါင္ ၆၂၇ ဒသမ ၁ သန္းရွိခဲ့သည္။

မန္ယူအသင္းသည္ ကစားသမားအားျဖည့္မႈအျဖစ္ ဗီလာအသင္းေခါင္းေဆာင္ ဂ်က္ဂရီယာလစ္ရွ္ကို ရာသီကုန္ၿပီး ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲၿပီးမွ ေခၚယူလၽွင္ ေျခစြမ္းျပပါက မ်ားစြာေဈးတက္သြားႏိုင္သည့္အတြက္ ယခုတစ္ပတ္အတြင္းမွာပင္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၄၅ သန္းျဖင့္ ႀကိဳတင္ေခၚယူေရးအတြက္ သေဘာတူညီမႈရရွိႏိုင္မည္ဟုလည္း ယုံၾကည္ေနသည္။

(Unicode Version)

ဝင်ငွေကျဆင်းပြီး အကြွေး ပေါင် ၇၃ သန်းတိုးလာသော်လည်း ဆိုးရှားကို ဝုဒ်ဝပ် ထောက်ခံဆဲ၊ ဗီလာအသင်းခေါင်းဆောင် ဂရီယာလစ်ရှ်ကို ယခုတစ်ပတ်အတွင်း ပေါင် ၄၅ သန်းဖြင့် ခေါ်မည်

မန်ယူအသင်းသည် ယမန်နှစ်ကရာသီ ဒုတိယလေးလပတ် ဘဏ္ဍာရေးရှင်းတမ်းကို ထုတ်ပြန်ခဲ့ရာ ဝင်ငွေကျဆင်းသလို အကြွေးပမာဏသည်လည်း ပေါင် ၇၃ သန်းထပ်တိုးလာသော်လည်း အသင်းသည် ရေရှည်ကိုကြည့်သဖြင့် လက်ရှိနည်းပြ ဆိုးရှားကို ဆက်လက်ထောက်ခံအားပေးကြောင်း အသင်းဂုဏ်ထူးဆောင် ဒုတိယဥက္ကဋ္ဌ အက်ဒ်ဝုဒ်ဝပ်က ထုတ်ဖော်ပြောဆိုသွားခဲ့သည်။ ယမန်နှစ်ကရာသီတွင် မန်ယူအသင်းသည် ချန်ပီယံလိဂ်ပွဲကစားခွင့်မရဘဲ ယူရိုပါလိဂ်ပွဲသာကစားခဲ့ရ၍ ရုပ်သံဝင်ငွေ၊ ပွဲနေ့ဝင်ငွေ၊အော်ပရေးရှင်းအမြတ်ငွေများသည် ယမန်နှစ်ကဝင်ငွေနှင့်နှိုင်းယှဉ်လျှင် များစွာကျဆင်းသွားခဲ့သလို ကော်မာရှယ်ဝင်ငွေတိုးတက်လာသော်လည်း အကြွေးပမာဏသည် ယခင်နှစ်ကထက် ပေါင် ၇၃ သန်းတိုးလာကာ စုစုပေါင်း ပေါင် ၃၉၁ ဒသမ ၃ သန်းအထိရှိလာခဲ့ကြောင်း သိရသည်။

လက်ရှိတွင် မန်ယူသည် ဆိုးရှားလက်အောက်၌ လီဗာပူးထက် ၃၈ မှတ် လျော့နည်းပြီး အဆင့် (၅)နေရာတွင်သာ ရပ်တည်နေနိုင်ရာ ရာသီသိမ်းချိန်တွင် ချန်ပီယံလိဂ်ဝင်ခွင့်လွဲလျှင် နောက်ထပ်အရှုံးပေါ်သည့် ရာသီနှင့် ထပ်မံရင်ဆိုင်ရဖွယ်ရှိသည်။ သို့သော် ဝုဒ်ဝပ်က ရေရှည်အောင်မြင်မှုရရှိရန် စီမံကိန်းများ၊ စည်းမျဉ်း စည်းကမ်းများ ချမှတ်ထားပြီး လာမည့် နွေရာသီဈေးကွက်တွင်လည်း အကောင်းဆုံးခေါ်ယူမှုများ လုပ်သွားမည်ဖြစ်ကာ နည်းပြဆိုးရှားအပေါ် အလုံးစုံထောက်ခံအားပေးဆဲဖြစ်သည်ဟု ပြောသွားခဲ့သည်။

ဝုဒ်ဝပ်က ‘ရာသီသုံးချိုးနှစ်ချိုးကျော်လာချိန် ကျွန်တော်တို့ဟာ ပရီးမီးယားလိဂ်မှာ အဆင့်ကောင်းကောင်း ရပ်တည်နိုင်ပြီး ယူရိုပါလိဂ်နဲ့ အက်ဖ်အေဖလားပွဲတွေမှာလည်း အောင်မြင်နိုင်ဖို့ရှိနေပါသေးတယ်။ အသင်းပြန်လည်တည်ဆောက်မှုအတွက် ဆက်လက်ပြီး တိုးတက်အောင်လုပ်ဆောင်သွားမှာပါ။ ခေါ်ယူခဲ့တဲ့ ကစားသမားများစွာနဲ့ အပြောင်းအလဲများစွာကိုလည်း မြင်ရမှာပါ။ အသင်းအကယ်ဒမီက ကစားသမားတွေ ထွက်ပေါ်လာတာလည်း တွေ့ရမယ်။ ချမှတ်လုပ်ဆောင်နေတဲ့ ဖောင်ဒေးရှင်းက ရေရှည်အောင်မြင်မှုရဖို့ လုပ်ဆောင်ထားတာဖြစ်တယ်။ ဒါတွေနဲ့ ဆိုးရှားရဲ့ ဘောလုံးအမြင် ပူးပေါင်းပြီး အောင်မြင်မှုတွေရရှိလာမှာပါ’ ဟု ပြောသွားခဲ့သည်။ မန်ယူအသင်းသည် ယမန်နှစ်ကရာသီတွင် တစ်နှစ်တာဝင်ငွေ ပေါင်သန်း ၅၆၀ မှ ၅၈၀ ကြားရရှိနိုင်ရန်မျှော်လင့်ထားပြီး ယမန်နှစ်ကဝင်ငွေ သည် ပေါင် ၆၂၇ ဒသမ ၁ သန်းရှိခဲ့သည်။

မန်ယူအသင်းသည် ကစားသမားအားဖြည့်မှုအဖြစ် ဗီလာအသင်းခေါင်းဆောင် ဂျက်ဂရီယာလစ်ရှ်ကို ရာသီကုန်ပြီး ယူရို ၂၀၂၀ ပြိုင်ပွဲပြီးမှ ခေါ်ယူလျှင် ခြေစွမ်းပြပါက များစွာဈေးတက်သွားနိုင်သည့်အတွက် ယခုတစ်ပတ်အတွင်းမှာပင် ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းဖြင့် ကြိုတင်ခေါ်ယူရေးအတွက် သဘောတူညီမှုရရှိနိုင်မည်ဟုလည်း ယုံကြည်နေသည်။