တင္းနစ္သမားဘ၀မွ အနားယူၿပီျဖစ္ေၾကာင္း ရွာရာပိုဗာေၾကညာ၊ ဒဏ္ရာမ်ားဖိစီးမႈမွ အနားယူၿပီး ဘ၀သစ္စမည္

တင္းနစ္မယ္အျဖစ္ ဂရင္းဆလင္းခ်န္ပီယံဆုငါးႀကိမ္ရယူႏိုင္ခဲ့ကာ ေအာင္ျမင္ခဲ့သလို တင္းနစ္ကြင္းျပင္ပတြင္လည္း အလွမယ္အျဖစ္ စပြန္ဆာဝင္ေငြမ်ားစြာရရွိခဲ့ေသာ ႐ုရွားတင္းနစ္မယ္ ရွာရာပိုဗာသည္ တားျမစ္ေဆး သုံးစြဲမိျခင္းေၾကာင့္ ၁၅ လ ပြဲပိတ္ျပစ္ဒဏ္ခံရၿပီးေနာက္ ျပန္ကစားသည္မွာ သုံးႏွစ္သာရွိေသးခ်ိန္တြင္ တင္းနစ္ကစားသမားဘ၀မွ အနားယူေၾကာင္း Vanity Fair မဂၢဇင္း၌ စကားလုံး ၁၁၄၈ လုံးပါ အက္ေဆးတစ္ေစာင္ေရးၿပီး ထုတ္ျပန္ေၾကညာသြားခဲ့သည္။

ငယ္စဥ္က ႐ုရွားႏိုင္ငံ ခ်ာႏိုဘိုင္းႏ်ဴကလီးယားစက္႐ုံေပါက္ကြဲမႈေၾကာင့္ ဓာတ္ေရာင္ျခည္သင့္မည္စိုး၍ ဖခင္ျဖစ္သူက လက္ထဲေဒၚလာ ၇၀၀ သာ ရွိေသာ္လည္း ဖေလာ္ရီဒါရွိ တင္းနစ္အကယ္ဒမီသို႔ ပို႔ခဲ့ရာမွ ၁၀ စုႏွစ္ႏွစ္စုၾကာ တင္းနစ္ကမၻာကို လႊမ္းမိုးႏိုင္သူျဖစ္လာခဲ့ေသာ ရွာရာပိုဗာသည္ အသက္ (၁၇) ႏွစ္အ႐ြယ္မွာပင္ အထင္ကရၿပိဳင္ဘက္ ဆရီနာဝီလ်ံကို ၂၀၀၄ ခုႏွစ္ ဝင္ဘယ္ဒန္အိုးပင္းတင္းနစ္ၿပိဳင္ပြဲ၌ အႏိုင္ရဗိုလ္စြဲႏိုင္ခဲ့သည္။၂၀၂၀ ျပည့္ႏွစ္အတြင္း ႏွစ္ပြဲသာကစားခဲ့ရာ၌ ႐ႈံးခဲ့ကာ ကာလရွည္ ပခုံးဒဏ္ရာအျပင္ အျခားေသာ ဒဏ္ရာေဟာင္းမ်ားေၾကာင့္ အနားယူခဲ့ျခင္းျဖစ္သည္ဟု (၃၂)ႏွစ္အ႐ြယ္ ရွာရာပိုဗာက ေၾကညာခဲ့ျခင္းျဖစ္သည္။

ကစားသမားဘ၀၌ ဆုေၾကးေပါင္ သန္း ၃၀ ေက်ာ္ ရရွိခဲ့ၿပီး ၎၏အမည္ျဖင့္ ထုတ္လုပ္ေသာ Maria Sharapova Beauty & Power ေရေမႊးႏွင့္ Sugarpova သၾကားလုံးကုမၸဏီမ်ားမွ အျမတ္မ်ားစြာရရွိၿပီး စီးပြားေရး အင္ပါယာ ေဒၚလာ ၁၉၅ သန္းေက်ာ္ ပိုင္ဆိုင္ထားႏိုင္သည့္ ရွာရာပိုဗာက ‘ကၽြန္မခႏၶာကိုယ္က ထိရွလြယ္လာတယ္။ ကစားသမားဘ၀တစ္ေလၽွာက္ ဒဏ္ေတြဖိစီးလာလို႔ အနားယူၿပီး ဘ၀သစ္စမွာပါ’ ဟု ေျပာခဲ့သည္။

(Unicode Version)

တင်းနစ်သမားဘ၀မှ အနားယူပြီဖြစ်ကြောင်း ရှာရာပိုဗာကြေညာ၊
ဒဏ်ရာများဖိစီးမှုမှ အနားယူပြီး ဘ၀သစ်စမည်

တင်းနစ်မယ်အဖြစ် ဂရင်းဆလင်းချန်ပီယံဆုငါးကြိမ်ရယူနိုင်ခဲ့ကာ အောင်မြင်ခဲ့သလို တင်းနစ်ကွင်းပြင်ပတွင်လည်း အလှမယ်အဖြစ် စပွန်ဆာဝင်ငွေများစွာရရှိခဲ့သော ရုရှားတင်းနစ်မယ် ရှာရာပိုဗာသည် တားမြစ်ဆေး သုံးစွဲမိခြင်းကြောင့် ၁၅ လ ပွဲပိတ်ပြစ်ဒဏ်ခံရပြီးနောက် ပြန်ကစားသည်မှာ သုံးနှစ်သာရှိသေးချိန်တွင် တင်းနစ်ကစားသမားဘ၀မှ အနားယူကြောင်း Vanity Fair မဂ္ဂဇင်း၌ စကားလုံး ၁၁၄၈ လုံးပါ အက်ဆေးတစ်စောင်ရေးပြီး ထုတ်ပြန်ကြေညာသွားခဲ့သည်။

ငယ်စဉ်က ရုရှားနိုင်ငံ ချာနိုဘိုင်းနျူကလီးယားစက်ရုံပေါက်ကွဲမှုကြောင့် ဓာတ်ရောင်ခြည်သင့်မည်စိုး၍ ဖခင်ဖြစ်သူက လက်ထဲဒေါ်လာ ၇၀၀ သာ ရှိသော်လည်း ဖလော်ရီဒါရှိ တင်းနစ်အကယ်ဒမီသို့ ပို့ခဲ့ရာမှ ၁၀ စုနှစ်နှစ်စုကြာ တင်းနစ်ကမ္ဘာကို လွှမ်းမိုးနိုင်သူဖြစ်လာခဲ့သော ရှာရာပိုဗာသည် အသက် (၁၇) နှစ်အရွယ်မှာပင် အထင်ကရပြိုင်ဘက် ဆရီနာဝီလျံကို ၂၀၀၄ ခုနှစ် ဝင်ဘယ်ဒန်အိုးပင်းတင်းနစ်ပြိုင်ပွဲ၌ အနိုင်ရဗိုလ်စွဲနိုင်ခဲ့သည်။၂၀၂၀ ပြည့်နှစ်အတွင်း နှစ်ပွဲသာကစားခဲ့ရာ၌ ရှုံးခဲ့ကာ ကာလရှည် ပခုံးဒဏ်ရာအပြင် အခြားသော ဒဏ်ရာဟောင်းများကြောင့် အနားယူခဲ့ခြင်းဖြစ်သည်ဟု (၃၂)နှစ်အရွယ် ရှာရာပိုဗာက ကြေညာခဲ့ခြင်းဖြစ်သည်။

ကစားသမားဘ၀၌ ဆုကြေးပေါင် သန်း ၃၀ ကျော် ရရှိခဲ့ပြီး ၎င်း၏အမည်ဖြင့် ထုတ်လုပ်သော Maria Sharapova Beauty & Power ရေမွှေးနှင့် Sugarpova သကြားလုံးကုမ္ပဏီများမှ အမြတ်များစွာရရှိပြီး စီးပွားရေး အင်ပါယာ ဒေါ်လာ ၁၉၅ သန်းကျော် ပိုင်ဆိုင်ထားနိုင်သည့် ရှာရာပိုဗာက ‘ကျွန်မခန္ဓာကိုယ်က ထိရှလွယ်လာတယ်။ ကစားသမားဘ၀တစ်လျှောက် ဒဏ်တွေဖိစီးလာလို့ အနားယူပြီး ဘ၀သစ်စမှာပါ’ ဟု ပြောခဲ့သည်။