မန္ယူအတြက္ငါးပြဲ၌ ႏွစ္ဂိုးသြင္း၊ ႏွစ္ဂိုးဖန္တီးႏိုင္သူ ဖာနန္ဒက္စ္ကို ဆိုးရွားခ်ီးက်ဴး၊ ေႏြရာသီကတည္းက ဖာနန္ဒက္စ္ကိုေခၚယူႏိုင္ခဲ့လၽွင္ ေကာင္းမည္ဟု ေပါလ္စခိုးဆို

မန္ယူသည္ ေဖေဖာ္ဝါရီ ၂၇ ရက္ညက ကလပ္ဘ႐ုဂ္်ကို ငါးဂိုးျပတ္အႏိုင္ရခဲ့သည့္ပြဲ၌ ဇန္နဝါရီ ေဈးကြက္အတြင္း စပို႔တင္းအသင္းထံမွ ေပါင္ ၆၈ သန္းျဖင့္ ေခၚယူခဲ့ေသာ ေပၚတူဂီကြင္းလယ္ကစားသမား ဘ႐ူႏိုဖာနန္ဒက္စ္ အထူးေျခစြမ္းျပသႏိုင္ခဲ့သည္ျဖစ္၍ နည္းျပ ဆိုးရွားက ခ်ီးက်ဴးသြားခဲ့သည္။

မန္ယူအသင္းသည္ ယူ႐ို ပါလိဂ္ ၃၂ သင္းအဆင့္ ပထမအေက်ာ့အေဝးကြင္းပြဲတြင္ ကလပ္ဘ႐ုဂ္်အသင္းႏွင့္ တစ္ဂိုးစီသေရကစားႏိုင္ခဲ့ကာ ယခုႏွစ္ေက်ာ့ ေပါင္းငါးဂိုး-တစ္ဂိုးျဖင့္ ၁၆ သင္းအဆင့္သို႔ တက္လွမ္းသြားႏိုင္ခဲ့ၿပီျဖစ္သည္။

ဒုတိယအေက်ာ့အိမ္ကြင္းပြဲတြင္ မန္ယူအတြက္ ဖာနန္ဒက္စ္က ပင္နယ္တီမွ အဖြင့္ဂိုးသြင္းယူခဲ့ၿပီး တိုမင္ေနးႏွင့္ အိုက္ဂါလိုတို႔သြင္းဂိုးမ်ားကိုလည္း ဖန္တီးေပးႏိုင္ခဲ့သည္။ ဖာနန္ဒက္စ္သည္ မန္ယူသို႔ေရာက္ၿပီး ငါးပြဲသာကစားရေသးခ်ိန္၌ ႏွစ္ဂိုးသြင္းကာ ႏွစ္ဂိုးဖန္တီးေပးႏိုင္ခဲ့႐ုံသာမက အသင္းအေကာင္းဆုံးကစားပုံရေစရန္လည္း ဦးေဆာင္ကစားေနႏိုင္၍ မန္ယူပရိသတ္မ်ားက ၎၏အမည္ကို သံၿပိဳင္ေအာ္ဟစ္အားေပးခဲ့ၾကသည္။

မန္ယူနည္းျပဆိုးရွားကလည္း ဖာနန္ဒက္စ္ႏွင့္ပတ္သက္ၿပီး ‘ဒီည အရမ္းေပ်ာ္တယ္။ လက္ရွိအခ်ိန္မွာ ကစားသမားေတြကို အလွည့္က်သုံးေနရခ်ိန္ျဖစ္တယ္။ ဒါေၾကာင့္လည္း ကစားသမားေတြ ပြဲေတြမ်ားမ်ား ကစားလာရတယ္။ ဂိုးေတြသြင္းႏိုင္ၿပီး ဒီပြဲလို ပုံစံေကာင္းနဲ႔ကစားႏိုင္ၾကရင္ သူတို႔ပိုၿပီး ယုံၾကည္မႈျမင့္တက္လာမယ္။ ပြဲအစကတည္းက ကစားပုံကိုၾကည့္ၿပီး ဒီေန႔ေတာ့ ရလဒ္ေကာင္းၿပီဆိုတာ သိလိုက္တယ္။ အခြင့္အေရးေတြ အမ်ားႀကီး ဖန္တီးႏိုင္ခဲ့တယ္။ တစ္ဖက္က တစ္ေယာက္ထုတ္ခံလိုက္ရေတာ့ ပြဲကၿပီးသြားပါေရာ။ ဖာနန္ဒက္စ္ေရာက္လာျခင္းဟာ အသင္းကို အလြန္ကို ေျပာင္းလဲတိုးတက္သြားေစတယ္။ ပထမဆုံးရတဲ့ သုံးဂိုးစလုံးက သူ႕လက္က ထြက္တာေတြခ်ည္းပဲ။ ေဘာလုံးေပးပုံ၊ အိုက္ဂါလို ဂိုးအတြက္ ဖန္တီးေပးပုံေတြဟာ ခ်ီးက်ဴးစရာပါ။ ဒီပြဲမွာ မာရွယ္ဒဏ္ရာရသြားလို႔ အိုက္ဂါလိုကို ပြဲထြက္ကစားသမားအျဖစ္စသုံးခဲ့တယ္။ သူဟာ တိုက္စစ္ေရွ႕ဆုံးမွာ ပစ္မွတ္ကစားသမားအျဖစ္ အေကာင္းဆုံးကစားၿပီး ဂိုးသြင္းသြားႏိုင္တယ္။ သူ႕အတြက္ ပထမဆုံးသြင္းဂိုးဟာ အေရးႀကီးပါတယ္။ သူဟာပါးနပ္တဲ့ တိုက္စစ္မႉးျဖစ္ၿပီး ဂိုးအနံ႔ခံလည္းေကာင္းတယ္။ တကယ့္ တိုက္စစ္မႉးစစ္စစ္ တစ္ေယာက္ပါပဲ’ ဟု ခ်ီးက်ဴးသြားခဲ့သည္။

ထိုပြဲကို ႐ုပ္သံမွ သုံးသပ္တင္ဆက္ခဲ့ေသာ မန္ယူကစားသမားေဟာင္း ေပါလ္စခိုးကလည္း ဖာနန္ဒက္စ္ကိုခ်ီးက်ဴးသြားခဲ့ၿပီး ၎ေၾကာင့္ လက္ရွိတြင္ မန္ယူအသင္းသားမ်ားအားလုံး ၿပဳံးႏိုင္ၾကၿပီဟု ဆိုခဲ့သည္။ ‘သူက အသက္မဲ့ေနတဲ့ တိုက္စစ္ကို အသက္ျပန္သြင္းေပးႏိုင္ခဲ့သူပါ။ ၿပီးခဲ့တဲ့ေႏြေဈးကြက္ကတည္းက ေခၚႏိုင္ခဲ့ရင္ လက္ရွိမန္ယူ ဘယ္အဆင့္ေရာက္ေနမလဲဆိုတာ အံ့ဩစရာေတြ႕ရႏိုင္တယ္’ ဟု ခ်ီးက်ဴးခဲ့သည္။

(Unicode Version)

မန်ယူအတွက်ငါးပွဲ၌ နှစ်ဂိုးသွင်း၊ နှစ်ဂိုးဖန်တီးနိုင်သူ ဖာနန်ဒက်စ်ကို ဆိုးရှားချီးကျူး၊ နွေရာသီကတည်းက ဖာနန်ဒက်စ်ကိုခေါ်ယူနိုင်ခဲ့လျှင် ကောင်းမည်ဟု ပေါလ်စခိုးဆို

မန်ယူသည် ဖေဖော်ဝါရီ ၂၇ ရက်ညက ကလပ်ဘရုဂ်ျကို ငါးဂိုးပြတ်အနိုင်ရခဲ့သည့်ပွဲ၌ ဇန်နဝါရီ ဈေးကွက်အတွင်း စပို့တင်းအသင်းထံမှ ပေါင် ၆၈ သန်းဖြင့် ခေါ်ယူခဲ့သော ပေါ်တူဂီကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ် အထူးခြေစွမ်းပြသနိုင်ခဲ့သည်ဖြစ်၍ နည်းပြ ဆိုးရှားက ချီးကျူးသွားခဲ့သည်။

မန်ယူအသင်းသည် ယူရို ပါလိဂ် ၃၂ သင်းအဆင့် ပထမအကျော့အဝေးကွင်းပွဲတွင် ကလပ်ဘရုဂျ်အသင်းနှင့် တစ်ဂိုးစီသရေကစားနိုင်ခဲ့ကာ ယခုနှစ်ကျော့ ပေါင်းငါးဂိုး-တစ်ဂိုးဖြင့် ၁၆ သင်းအဆင့်သို့ တက်လှမ်းသွားနိုင်ခဲ့ပြီဖြစ်သည်။

ဒုတိယအကျော့အိမ်ကွင်းပွဲတွင် မန်ယူအတွက် ဖာနန်ဒက်စ်က ပင်နယ်တီမှ အဖွင့်ဂိုးသွင်းယူခဲ့ပြီး တိုမင်နေးနှင့် အိုက်ဂါလိုတို့သွင်းဂိုးများကိုလည်း ဖန်တီးပေးနိုင်ခဲ့သည်။ ဖာနန်ဒက်စ်သည် မန်ယူသို့ရောက်ပြီး ငါးပွဲသာကစားရသေးချိန်၌ နှစ်ဂိုးသွင်းကာ နှစ်ဂိုးဖန်တီးပေးနိုင်ခဲ့ရုံသာမက အသင်းအကောင်းဆုံးကစားပုံရစေရန်လည်း ဦးဆောင်ကစားနေနိုင်၍ မန်ယူပရိသတ်များက ၎င်း၏အမည်ကို သံပြိုင်အော်ဟစ်အားပေးခဲ့ကြသည်။

မန်ယူနည်းပြဆိုးရှားကလည်း ဖာနန်ဒက်စ်နှင့်ပတ်သက်ပြီး ‘ဒီည အရမ်းပျော်တယ်။ လက်ရှိအချိန်မှာ ကစားသမားတွေကို အလှည့်ကျသုံးနေရချိန်ဖြစ်တယ်။ ဒါကြောင့်လည်း ကစားသမားတွေ ပွဲတွေများများ ကစားလာရတယ်။ ဂိုးတွေသွင်းနိုင်ပြီး ဒီပွဲလို ပုံစံကောင်းနဲ့ကစားနိုင်ကြရင် သူတို့ပိုပြီး ယုံကြည်မှုမြင့်တက်လာမယ်။ ပွဲအစကတည်းက ကစားပုံကိုကြည့်ပြီး ဒီနေ့တော့ ရလဒ်ကောင်းပြီဆိုတာ သိလိုက်တယ်။ အခွင့်အရေးတွေ အများကြီး ဖန်တီးနိုင်ခဲ့တယ်။ တစ်ဖက်က တစ်ယောက်ထုတ်ခံလိုက်ရတော့ ပွဲကပြီးသွားပါရော။ ဖာနန်ဒက်စ်ရောက်လာခြင်းဟာ အသင်းကို အလွန်ကို ပြောင်းလဲတိုးတက်သွားစေတယ်။ ပထမဆုံးရတဲ့ သုံးဂိုးစလုံးက သူ့လက်က ထွက်တာတွေချည်းပဲ။ ဘောလုံးပေးပုံ၊ အိုက်ဂါလို ဂိုးအတွက် ဖန်တီးပေးပုံတွေဟာ ချီးကျူးစရာပါ။ ဒီပွဲမှာ မာရှယ်ဒဏ်ရာရသွားလို့ အိုက်ဂါလိုကို ပွဲထွက်ကစားသမားအဖြစ်စသုံးခဲ့တယ်။ သူဟာ တိုက်စစ်ရှေ့ဆုံးမှာ ပစ်မှတ်ကစားသမားအဖြစ် အကောင်းဆုံးကစားပြီး ဂိုးသွင်းသွားနိုင်တယ်။ သူ့အတွက် ပထမဆုံးသွင်းဂိုးဟာ အရေးကြီးပါတယ်။ သူဟာပါးနပ်တဲ့ တိုက်စစ်မှူးဖြစ်ပြီး ဂိုးအနံ့ခံလည်းကောင်းတယ်။ တကယ့် တိုက်စစ်မှူးစစ်စစ် တစ်ယောက်ပါပဲ’ ဟု ချီးကျူးသွားခဲ့သည်။

ထိုပွဲကို ရုပ်သံမှ သုံးသပ်တင်ဆက်ခဲ့သော မန်ယူကစားသမားဟောင်း ပေါလ်စခိုးကလည်း ဖာနန်ဒက်စ်ကိုချီးကျူးသွားခဲ့ပြီး ၎င်းကြောင့် လက်ရှိတွင် မန်ယူအသင်းသားများအားလုံး ပြုံးနိုင်ကြပြီဟု ဆိုခဲ့သည်။ ‘သူက အသက်မဲ့နေတဲ့ တိုက်စစ်ကို အသက်ပြန်သွင်းပေးနိုင်ခဲ့သူပါ။ ပြီးခဲ့တဲ့နွေဈေးကွက်ကတည်းက ခေါ်နိုင်ခဲ့ရင် လက်ရှိမန်ယူ ဘယ်အဆင့်ရောက်နေမလဲဆိုတာ အံ့ဩစရာတွေ့ရနိုင်တယ်’ ဟု ချီးကျူးခဲ့သည်။