ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ လီဗာပူးအသင္း ခ်န္ပီယံျဖစ္ေရး မေရမရာ ျဖစ္လာ၊ လူစုလူေဝးပြဲလမ္းမ်ား ပိတ္ပါက ပြဲပ်က္ဖြယ္၊ အေရးေပၚအစည္းအေဝးေခၚရန္ရွိ

ေဖေဖာ္ဝါရီ ၂၉ ရက္ည ဝက္ဖို႔ဒ္ႏွင့္ပြဲမတိုင္မီအထိ အနီးဆုံးၿပိဳင္ဘက္ မန္စီးတီးကို ၂၂ မွတ္ ျဖတ္ထားႏိုင္ေသာ လီဗာပူးအသင္းသည္ ယခုရာသီတြင္ ပရီးမီးယားလိဂ္ခ်န္ပီယံ ေသခ်ာေပါက္ျဖစ္မည္ဟုဆိုကာ ဘြတ္ကီဒိုင္မ်ားက ႏိုဝင္ဘာလကတည္းက ေလာင္းေၾကးေငြမ်ား ထုတ္ေပးခဲ့ၿပီးျဖစ္ေသာ္လည္း တစ္ကမၻာလုံးဆိုင္ရာ ထိတ္လန္႔ဖြယ္ပ်ံ႕ႏွံ႔လာေသာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ပရီးမီးယားလိဂ္ပြဲမ်ား ရပ္ဆိုင္းခဲ့လၽွင္ ဖလားလက္လႊတ္ရဖြယ္ရွိေနေၾကာင္းသိရသည္။ ယူႏိုက္တက္ကင္းဒမ္းတြင္ တရားဝင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၂၀ ဦးအထိ ရွိသြားခဲ့ၿပီျဖစ္ကာ အဆိုပါဗိုင္းရပ္စ္သည္ တစ္ကမၻာလုံး လ်င္ျမန္စြာကူးစက္ကာ ႏိုင္ငံေပါင္း ၅၀ ရွိ လူေပါင္း ၈၀၀၀၀ ကူးစက္ခံရၿပီး ၂၈၀၀ ေသဆုံးခဲ့ၿပီျဖစ္သည့္အတြက္ တစ္ကမၻာလုံးဆိုင္ရာ အားကစားပြဲမ်ားလည္း ေ႐ႊ႕ဆိုင္း၊ ရပ္ဆိုင္းမႈမ်ားစြာရွိလာၿပီျဖစ္သည္။

ဝက္စ္ဟမ္းနည္းျပ မိုယက္စ္က မိမိကစားသမားမ်ားကို လက္ဆြဲႏႈတ္ဆက္ျခင္းပိတ္ပင္လိုက္ကာ ဘက္တီးရီးယား ကာကြယ္သည့္ ဂ်ယ္ လက္ကိုလိမ္း၍ အခ်င္းခ်င္းလက္သီးျဖင့္ထု၍သာ ဂုဏ္ျပဳရန္ မွာၾကားထားသလို နံနက္ေလ့က်င့္ေရးဆင္းတိုင္း အသင္းသားမ်ားအားလုံး လက္ဆြဲႏႈတ္ဆက္ရေသာ ဓေလ့က်င့္သုံးခဲ့သည့္ နယူးကာဆယ္သည္လည္း ထိုဓေလ့ကို ဖ်က္သိမ္းခိုင္းခဲ့ကာ အာဆင္နယ္အသင္းသည္ သတင္းစာရွင္းလင္းပြဲသို႔ ေခ်ာင္းဆိုးသည့္ မီဒီယာမ်ား ဝင္ခြင့္မျပဳေတာ့သည္အထိ စိုးရိမ္ထိတ္လန္႔မႈမ်ား ျမင့္တက္လာသည္။

အေျခအေနမ်ားထပ္မံဆိုး႐ြားလာပါက မည္သည့္လူစုေဝးမႈကိုမၽွ မျပဳလုပ္ရန္ အစိုးရက ထုတ္ျပန္ႏိုင္ဖြယ္ရွိရာ ပရီးမီးယားလိဂ္ရာသီကို အခ်ိန္အတိုင္းအတာတစ္ခုအထိ ရပ္ဆိုင္းရန္အတြက္လည္း အသင္း ၂၀ စလုံး မွ ရွယ္ယာရွင္မ်ားႏွင့္ ပရီးမီးယားလိဂ္ဘုတ္အဖြဲ႕သည္ အေရးေပၚအစည္းအေဝးေခၚကာ ဖလားေပးေရး၊ မေပးေရး ေဆြးေႏြးရဖြယ္ရွိေနေၾကာင္း The Sun က ေဖာ္ျပခဲ့သည္။

ပရီးမီးယားလိဂ္စည္းမ်ဥ္းတြင္ စစ္ပြဲျဖစ္ပြားျခင္း၊ ကူးစက္ေရာဂါကပ္ေဘးဆိုက္ျခင္းမ်ားႏွင့္ပတ္သက္ၿပီး သီးျခားစည္းမ်ဥ္းစည္းကမ္းမ်ား သတ္မွတ္ထားျခင္းမရွိသည့္အတြက္ အကယ္၍ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈပိုမိုဆိုး႐ြားလာပါက ယခုရာသီပြဲမ်ားကို ရပ္ဆိုင္းရလၽွင္ မည္သို႔ စီစဥ္ရမည္ကို အေရးေပၚ အစည္းအေဝးေခၚဆုံးျဖတ္ရေတာ့မည္ဟု ဆိုသည္။ အေျခအေနမ်ားအရ ရာသီအစ ေလးပြဲသာ ကစားရေသးခ်ိန္မ်ိဳး ရာသီရပ္ဆိုင္းလိုက္ရလၽွင္ အမွတ္အမ်ားဆုံးအသင္းကို ခ်န္ပီယံေပးျခင္းမ်ိဳး၊ အမွတ္အနည္းဆုံး သုံးသင္းကို တန္းဆင္းခိုင္းျခင္းမ်ိဳးမွာ မမၽွတဘဲ ရာသီသိမ္းရန္ ေလးပြဲသာလိုခ်ိန္ ထိုသို႔ ရထားသည့္ရပ္တည္မႈႏွင့္ သတ္မွတ္မည္ဆိုလၽွင္ မၽွတေသာ္လည္း လက္ရွိအသင္းမ်ားထဲ ပြဲက်န္ကစားရန္ရွိေနေသာ အသင္းမ်ားရွိေနျခင္းေၾကာင့္ ဆုံးျဖတ္ရခက္ၿပီး လီဗာပူးခ်န္ပီယံျဖစ္ေရး မေရမရာျဖစ္လာျခင္းျဖစ္သည္။

(Unicode Version)

ကိုရိုနာဗိုင်းရပ်စ်ကြောင့် လီဗာပူးအသင်း ချန်ပီယံဖြစ်ရေး မရေမရာ ဖြစ်လာ၊ လူစုလူဝေးပွဲလမ်းများ ပိတ်ပါက ပွဲပျက်ဖွယ်၊ အရေးပေါ်အစည်းအဝေးခေါ်ရန်ရှိ

ဖေဖော်ဝါရီ ၂၉ ရက်ည ဝက်ဖို့ဒ်နှင့်ပွဲမတိုင်မီအထိ အနီးဆုံးပြိုင်ဘက် မန်စီးတီးကို ၂၂ မှတ် ဖြတ်ထားနိုင်သော လီဗာပူးအသင်းသည် ယခုရာသီတွင် ပရီးမီးယားလိဂ်ချန်ပီယံ သေချာပေါက်ဖြစ်မည်ဟုဆိုကာ ဘွတ်ကီဒိုင်များက နိုဝင်ဘာလကတည်းက လောင်းကြေးငွေများ ထုတ်ပေးခဲ့ပြီးဖြစ်သော်လည်း တစ်ကမ္ဘာလုံးဆိုင်ရာ ထိတ်လန့်ဖွယ်ပျံ့နှံ့လာသော ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်ပွဲများ ရပ်ဆိုင်းခဲ့လျှင် ဖလားလက်လွှတ်ရဖွယ်ရှိနေကြောင်းသိရသည်။ ယူနိုက်တက်ကင်းဒမ်းတွင် တရားဝင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၀ ဦးအထိ ရှိသွားခဲ့ပြီဖြစ်ကာ အဆိုပါဗိုင်းရပ်စ်သည် တစ်ကမ္ဘာလုံး လျင်မြန်စွာကူးစက်ကာ နိုင်ငံပေါင်း ၅၀ ရှိ လူပေါင်း ၈၀၀၀၀ ကူးစက်ခံရပြီး ၂၈၀၀ သေဆုံးခဲ့ပြီဖြစ်သည့်အတွက် တစ်ကမ္ဘာလုံးဆိုင်ရာ အားကစားပွဲများလည်း ရွှေ့ဆိုင်း၊ ရပ်ဆိုင်းမှုများစွာရှိလာပြီဖြစ်သည်။

ဝက်စ်ဟမ်းနည်းပြ မိုယက်စ်က မိမိကစားသမားများကို လက်ဆွဲနှုတ်ဆက်ခြင်းပိတ်ပင်လိုက်ကာ ဘက်တီးရီးယား ကာကွယ်သည့် ဂျယ် လက်ကိုလိမ်း၍ အချင်းချင်းလက်သီးဖြင့်ထု၍သာ ဂုဏ်ပြုရန် မှာကြားထားသလို နံနက်လေ့ကျင့်ရေးဆင်းတိုင်း အသင်းသားများအားလုံး လက်ဆွဲနှုတ်ဆက်ရသော ဓလေ့ကျင့်သုံးခဲ့သည့် နယူးကာဆယ်သည်လည်း ထိုဓလေ့ကို ဖျက်သိမ်းခိုင်းခဲ့ကာ အာဆင်နယ်အသင်းသည် သတင်းစာရှင်းလင်းပွဲသို့ ချောင်းဆိုးသည့် မီဒီယာများ ဝင်ခွင့်မပြုတော့သည်အထိ စိုးရိမ်ထိတ်လန့်မှုများ မြင့်တက်လာသည်။

အခြေအနေများထပ်မံဆိုးရွားလာပါက မည်သည့်လူစုဝေးမှုကိုမျှ မပြုလုပ်ရန် အစိုးရက ထုတ်ပြန်နိုင်ဖွယ်ရှိရာ ပရီးမီးယားလိဂ်ရာသီကို အချိန်အတိုင်းအတာတစ်ခုအထိ ရပ်ဆိုင်းရန်အတွက်လည်း အသင်း ၂၀ စလုံး မှ ရှယ်ယာရှင်များနှင့် ပရီးမီးယားလိဂ်ဘုတ်အဖွဲ့သည် အရေးပေါ်အစည်းအဝေးခေါ်ကာ ဖလားပေးရေး၊ မပေးရေး ဆွေးနွေးရဖွယ်ရှိနေကြောင်း The Sun က ဖော်ပြခဲ့သည်။

ပရီးမီးယားလိဂ်စည်းမျဉ်းတွင် စစ်ပွဲဖြစ်ပွားခြင်း၊ ကူးစက်ရောဂါကပ်ဘေးဆိုက်ခြင်းများနှင့်ပတ်သက်ပြီး သီးခြားစည်းမျဉ်းစည်းကမ်းများ သတ်မှတ်ထားခြင်းမရှိသည့်အတွက် အကယ်၍ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုပိုမိုဆိုးရွားလာပါက ယခုရာသီပွဲများကို ရပ်ဆိုင်းရလျှင် မည်သို့ စီစဉ်ရမည်ကို အရေးပေါ် အစည်းအဝေးခေါ်ဆုံးဖြတ်ရတော့မည်ဟု ဆိုသည်။ အခြေအနေများအရ ရာသီအစ လေးပွဲသာ ကစားရသေးချိန်မျိုး ရာသီရပ်ဆိုင်းလိုက်ရလျှင် အမှတ်အများဆုံးအသင်းကို ချန်ပီယံပေးခြင်းမျိုး၊ အမှတ်အနည်းဆုံး သုံးသင်းကို တန်းဆင်းခိုင်းခြင်းမျိုးမှာ မမျှတဘဲ ရာသီသိမ်းရန် လေးပွဲသာလိုချိန် ထိုသို့ ရထားသည့်ရပ်တည်မှုနှင့် သတ်မှတ်မည်ဆိုလျှင် မျှတသော်လည်း လက်ရှိအသင်းများထဲ ပွဲကျန်ကစားရန်ရှိနေသော အသင်းများရှိနေခြင်းကြောင့် ဆုံးဖြတ်ရခက်ပြီး လီဗာပူးချန်ပီယံဖြစ်ရေး မရေမရာဖြစ်လာခြင်းဖြစ်သည်။