လီဗာပူးအသင္းသည္ ပထမဆုံးလိဂ္႐ႈံးပြဲႀကဳံခဲ့ေသာ္လည္း ဖိအားဒဏ္မွ လြတ္ကင္းသြားေၾကာင္း ကေလာ့ ယုံၾကည္၊ ႐ႈံးပြဲမရွိစံခ်ိန္ထက္ ခ်န္ပီယံျဖစ္ရန္သာ ဗန္ဒစ္ အာ႐ုံစိုက္ထား

လီဗာပူးသည္ ပရီးမီးယားလိဂ္ (၄၄)ပြဲဆက္တိုက္ ႐ႈံးပြဲမရွိစံခ်ိန္ ရပ္တန္႔သြားေသာ္လည္း ဖိအားဒဏ္ကင္းသြားသျဖင့္ လာမည့္ပြဲမ်ားတြင္ အေကာင္းဆုံးပုံစံျပန္ရကာ ႏိုင္ပြဲမ်ားရယူႏိုင္မည္ဟု ယုံၾကည္ေၾကာင္း နည္းျပကေလာ့က ဝက္ဖို႔ဒ္အသင္းကို ႐ႈံးသည့္ပြဲအၿပီး ထုတ္ေျပာသြားခဲ့သည္။ လီဗာပူးသည္ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီ ၃ ရက္ေနာက္ပိုင္း ပရီးမီးယားလိဂ္႐ႈံးပြဲမရွိခဲ့မႈမွာ ဝက္ဖို႔ဒ္အိမ္ကြင္းတြင္ သြားကစားသည့္ပြဲတြင္ ရပ္တန္႔သြားခဲ့သည္။၂၀၀၃-၂၀၀၄ ရာသီက အာဆင္နယ္အေနျဖင့္ တစ္ရာသီလုံး ႐ႈံးပြဲမရွိခဲ့သည့္စံခ်ိန္ကို လီဗာပူး အမီလိုက္ေက်ာ္ျဖတ္ရန္ ထင္ေၾကးေပးခန္႔မွန္းမႈမ်ားမွာလည္း အဆုံးသတ္သြားခဲ့ရသည္။ လက္ရွိရာသီ ပထမဆုံးလိဂ္႐ႈံးပြဲႀကဳံခဲ့သည့္အတြက္ စိတ္ပ်က္မိသလို လီဗာပူးေျခစြမ္းမွာ ေကာင္းမြန္ခဲ့ျခင္းမရွိေၾကာင္း ကေလာ့က ဝန္ခံခဲ့သည္။

ကေလာ့က ‘ဝက္ဖို႔ဒ္ဟာ အိမ္ကြင္းမွာ သူတို႔ အလိုရွိတဲ့အတိုင္း အတိအက် ကစားသြားခဲ့ပါတယ္။ လီဗာပူးကေတာ့ အဲဒီလို မဟုတ္ပါဘူး။ ပထမပိုင္းမွာ လီဗာပူးဟာ ေဘာလုံးပိုင္ဆိုင္မႈအသာစီးရခဲ့ေပမယ့္ တိက်တဲ့ ျဖတ္တင္ေပးပို႔မႈေတြ မလုပ္ႏိုင္ခဲ့သလို အဆုံးသတ္ ဂိုးသြင္းမႈအပိုင္းမွာလည္း မေကာင္းခဲ့ပါဘူး။ ဝက္ဖို႔ဒ္က သုံးဂိုးျပတ္ႏိုင္ၿပီးေနာက္ပိုင္း လီဗာပူးဟာ အ႐ႈံးဂိုးေတြ ျပန္ေခ်ပဖို႔ ႀကိဳးစားခဲ့တာပါ။ ဒါေပမဲ့ မေအာင္ျမင္ဘဲ ပထမဆုံးလိဂ္႐ႈံးပြဲ ႀကဳံခဲ့ရပါတယ္။ ႏိုင္ရင္ပဲျဖစ္ျဖစ္၊ ႐ႈံးရင္ပဲျဖစ္ျဖစ္ ရလဒ္ပိုင္းကို အမွန္ကန္ဆုံးလက္ခံႏိုင္တဲ့ လီဗာပူးအသင္းဟာ အခုဆိုရင္ အာဆင္နယ္ရဲ႕ တစ္ရာသီလုံး ႐ႈံးပြဲမရွိစံခ်ိန္ကို အမီလိုက္ ေက်ာ္ျဖတ္ဖို႔ဆိုတဲ့ ဖိအားဒဏ္က လြတ္ေျမာက္သြားခဲ့ပါၿပီ။ တစ္ခါတစ္ရံ ႐ႈံးပြဲႀကဳံတာ ေဘာလုံးကစားနည္းမွာေရွာင္လႊဲလို႔ မရပါဘူး။ ဝက္ဖို႔ဒ္ကို ႐ႈံးခဲ့ေပမယ့္ အေပါင္းရလဒ္အေနနဲ႔ လီဗာပူးအသင္းဟာ လာမယ့္ပြဲေတြကို ဖိအားဒဏ္မရွိဘဲ လြတ္လြတ္လပ္လပ္ကစားႏိုင္ေတာ့မွာျဖစ္ပါတယ္။ လီဗာပူး႐ႈံးပြဲမရွိ စံခ်ိန္က်ိဳးပ်က္သြားတာကို အျခားလူေတြ ဘယ္လိုထင္မလဲဆိုတာ ဂ႐ုမစိုက္ပါဘူး။ လာမယ့္ပြဲေတြမွာ ႏိုင္ပြဲျပန္ရဖို႔ပဲ အာ႐ုံစိုက္ႀကိဳးစားသြားမွာပါ။ ဝက္ဖို႔ဒ္ကြင္းမွာ ႐ႈံးခဲ့တာ လီဗာပူးအတြက္ သိပ္အေရးမႀကီးပါဘူး။ ႐ႈံးပြဲက ျပန္လည္ႏိုးထဖို႔ပဲ အေရးႀကီးပါတယ္’ ဟု ေျပာၾကားခဲ့သည္။

ေနာက္ခံလူ ဗန္ဒစ္ကလည္း ႐ႈံးပြဲမရွိ စံခ်ိန္က်ိဳးပ်က္သြားျခင္းမွာ လီဗာပူးအတြက္ အေရးပါျခင္းမရွိေၾကာင္း ေထာက္ခံေျပာဆိုသြားသည္။ ဗန္ဒစ္က ‘ပထမဆုံးအေနနဲ႔ ဝက္ဖို႔ဒ္ေျခစြမ္းကို အသိအမွတ္ျပဳ ခ်ီးက်ဴးခ်င္ပါတယ္။ သူတို႔ဟာ ရတဲ့အခြင့္အေရးေတြကို အေကာင္းဆုံးအသုံးခ်ႏိုင္ခဲ့ၿပီး လီဗာပူးကိုလည္း ဂိုးသြင္းခြင့္ အမ်ားအျပားမေပးခဲ့ပါဘူး။ ပထမဆုံးလိဂ္႐ႈံးပြဲႀကဳံခဲ့တာ နာက်င္မိေပမယ့္ အာဆင္နယ္ရဲ႕ တစ္ရာသီလုံး ႐ႈံးပြဲမရွိစံခ်ိန္ကို လိုက္မမီခဲ့တာ စိတ္မပ်က္ပါဘူး။ မီဒီယာေတြကပဲ အာဆင္နယ္စံခ်ိန္ကို လီဗာပူးအမီလိုက္မယ္လို႔ ေဖာ္ျပေနတာပါ။ ကၽြန္ေတာ္တို႔ကေတာ့ တစ္ခါမွေတာင္ စိတ္မကူးဖူးပါဘူး။ လီဗာပူးဟာ လာမယ့္အက္ဖ္ေအဖလားနဲ႔ ပရီးမီးယားလိဂ္ပြဲေတြမွာ ႏိုင္ပြဲျပန္ရွာမွာျဖစ္ၿပီး ႏွစ္(၃၀) ၾကာေဝးကြာေနတဲ့ ခ်န္ပီယံျဖစ္ဖို႔ပဲ အာ႐ုံစိုက္ေနပါတယ္’ ဟု ေျပာသည္။

(Unicode Version)

လီဗာပူးအသင်းသည် ပထမဆုံးလိဂ်ရှုံးပွဲကြုံခဲ့သော်လည်း ဖိအားဒဏ်မှ လွတ်ကင်းသွားကြောင်း ကလော့ ယုံကြည်၊ ရှုံးပွဲမရှိစံချိန်ထက် ချန်ပီယံဖြစ်ရန်သာ ဗန်ဒစ် အာရုံစိုက်ထား

လီဗာပူးသည် ပရီးမီးယားလိဂ် (၄၄)ပွဲဆက်တိုက် ရှုံးပွဲမရှိစံချိန် ရပ်တန့်သွားသော်လည်း ဖိအားဒဏ်ကင်းသွားသဖြင့် လာမည့်ပွဲများတွင် အကောင်းဆုံးပုံစံပြန်ရကာ နိုင်ပွဲများရယူနိုင်မည်ဟု ယုံကြည်ကြောင်း နည်းပြကလော့က ဝက်ဖို့ဒ်အသင်းကို ရှုံးသည့်ပွဲအပြီး ထုတ်ပြောသွားခဲ့သည်။ လီဗာပူးသည် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၃ ရက်နောက်ပိုင်း ပရီးမီးယားလိဂ်ရှုံးပွဲမရှိခဲ့မှုမှာ ဝက်ဖို့ဒ်အိမ်ကွင်းတွင် သွားကစားသည့်ပွဲတွင် ရပ်တန့်သွားခဲ့သည်။၂၀၀၃-၂၀၀၄ ရာသီက အာဆင်နယ်အနေဖြင့် တစ်ရာသီလုံး ရှုံးပွဲမရှိခဲ့သည့်စံချိန်ကို လီဗာပူး အမီလိုက်ကျော်ဖြတ်ရန် ထင်ကြေးပေးခန့်မှန်းမှုများမှာလည်း အဆုံးသတ်သွားခဲ့ရသည်။ လက်ရှိရာသီ ပထမဆုံးလိဂ်ရှုံးပွဲကြုံခဲ့သည့်အတွက် စိတ်ပျက်မိသလို လီဗာပူးခြေစွမ်းမှာ ကောင်းမွန်ခဲ့ခြင်းမရှိကြောင်း ကလော့က ဝန်ခံခဲ့သည်။

ကလော့က ‘ဝက်ဖို့ဒ်ဟာ အိမ်ကွင်းမှာ သူတို့ အလိုရှိတဲ့အတိုင်း အတိအကျ ကစားသွားခဲ့ပါတယ်။ လီဗာပူးကတော့ အဲဒီလို မဟုတ်ပါဘူး။ ပထမပိုင်းမှာ လီဗာပူးဟာ ဘောလုံးပိုင်ဆိုင်မှုအသာစီးရခဲ့ပေမယ့် တိကျတဲ့ ဖြတ်တင်ပေးပို့မှုတွေ မလုပ်နိုင်ခဲ့သလို အဆုံးသတ် ဂိုးသွင်းမှုအပိုင်းမှာလည်း မကောင်းခဲ့ပါဘူး။ ဝက်ဖို့ဒ်က သုံးဂိုးပြတ်နိုင်ပြီးနောက်ပိုင်း လီဗာပူးဟာ အရှုံးဂိုးတွေ ပြန်ချေပဖို့ ကြိုးစားခဲ့တာပါ။ ဒါပေမဲ့ မအောင်မြင်ဘဲ ပထမဆုံးလိဂ်ရှုံးပွဲ ကြုံခဲ့ရပါတယ်။ နိုင်ရင်ပဲဖြစ်ဖြစ်၊ ရှုံးရင်ပဲဖြစ်ဖြစ် ရလဒ်ပိုင်းကို အမှန်ကန်ဆုံးလက်ခံနိုင်တဲ့ လီဗာပူးအသင်းဟာ အခုဆိုရင် အာဆင်နယ်ရဲ့ တစ်ရာသီလုံး ရှုံးပွဲမရှိစံချိန်ကို အမီလိုက် ကျော်ဖြတ်ဖို့ဆိုတဲ့ ဖိအားဒဏ်က လွတ်မြောက်သွားခဲ့ပါပြီ။ တစ်ခါတစ်ရံ ရှုံးပွဲကြုံတာ ဘောလုံးကစားနည်းမှာရှောင်လွှဲလို့ မရပါဘူး။ ဝက်ဖို့ဒ်ကို ရှုံးခဲ့ပေမယ့် အပေါင်းရလဒ်အနေနဲ့ လီဗာပူးအသင်းဟာ လာမယ့်ပွဲတွေကို ဖိအားဒဏ်မရှိဘဲ လွတ်လွတ်လပ်လပ်ကစားနိုင်တော့မှာဖြစ်ပါတယ်။ လီဗာပူးရှုံးပွဲမရှိ စံချိန်ကျိုးပျက်သွားတာကို အခြားလူတွေ ဘယ်လိုထင်မလဲဆိုတာ ဂရုမစိုက်ပါဘူး။ လာမယ့်ပွဲတွေမှာ နိုင်ပွဲပြန်ရဖို့ပဲ အာရုံစိုက်ကြိုးစားသွားမှာပါ။ ဝက်ဖို့ဒ်ကွင်းမှာ ရှုံးခဲ့တာ လီဗာပူးအတွက် သိပ်အရေးမကြီးပါဘူး။ ရှုံးပွဲက ပြန်လည်နိုးထဖို့ပဲ အရေးကြီးပါတယ်’ ဟု ပြောကြားခဲ့သည်။

နောက်ခံလူ ဗန်ဒစ်ကလည်း ရှုံးပွဲမရှိ စံချိန်ကျိုးပျက်သွားခြင်းမှာ လီဗာပူးအတွက် အရေးပါခြင်းမရှိကြောင်း ထောက်ခံပြောဆိုသွားသည်။ ဗန်ဒစ်က ‘ပထမဆုံးအနေနဲ့ ဝက်ဖို့ဒ်ခြေစွမ်းကို အသိအမှတ်ပြု ချီးကျူးချင်ပါတယ်။ သူတို့ဟာ ရတဲ့အခွင့်အရေးတွေကို အကောင်းဆုံးအသုံးချနိုင်ခဲ့ပြီး လီဗာပူးကိုလည်း ဂိုးသွင်းခွင့် အများအပြားမပေးခဲ့ပါဘူး။ ပထမဆုံးလိဂ်ရှုံးပွဲကြုံခဲ့တာ နာကျင်မိပေမယ့် အာဆင်နယ်ရဲ့ တစ်ရာသီလုံး ရှုံးပွဲမရှိစံချိန်ကို လိုက်မမီခဲ့တာ စိတ်မပျက်ပါဘူး။ မီဒီယာတွေကပဲ အာဆင်နယ်စံချိန်ကို လီဗာပူးအမီလိုက်မယ်လို့ ဖော်ပြနေတာပါ။ ကျွန်တော်တို့ကတော့ တစ်ခါမှတောင် စိတ်မကူးဖူးပါဘူး။ လီဗာပူးဟာ လာမယ့်အက်ဖ်အေဖလားနဲ့ ပရီးမီးယားလိဂ်ပွဲတွေမှာ နိုင်ပွဲပြန်ရှာမှာဖြစ်ပြီး နှစ်(၃၀) ကြာဝေးကွာနေတဲ့ ချန်ပီယံဖြစ်ဖို့ပဲ အာရုံစိုက်နေပါတယ်’ ဟု ပြောသည်။