ကို႐ိုနာဗိုင္းရပ္စ္သင့္ေဒသမွ အားကစားပြဲအားလုံး အီတလီအစိုးရက ရပ္ဆိုင္းခိုင္း

အီတလီအစိုးရသည္ ႏိုင္ငံအတြင္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ပ်ံ႕ႏွံ႔မႈရွိေသာ ေဒသမ်ားမွ အားကစားပြဲမ်ားအားလုံးကို မတ္ ၈ ရက္အထိ အမိန္႔ထုတ္ျပန္ ရပ္ဆိုင္းခိုင္းခဲ့သည္။ အီတလီႏိုင္ငံ လြမ္ဘာဒီ၊ ဗီနီတို၊ အီမီလီယာ႐ိုမဂၢနာ၊ ဆာဗိုနာႏွင့္ ပက္ဆာ႐ိုအာဘီႏိုၿမိဳ႕မ်ားတြင္ ကို႐ိုနာဗိုင္းရပ္စ္ ပ်ံ႕ႏွံ႔ကူးစက္မႈမ်ားေၾကာင့္ ၿပီးခဲ့သည့္ သီတင္းပတ္ကုန္ စီးရီးေအပြဲမ်ားျဖစ္ေသာ ဂ်ဴဗင္တပ္-အင္တာမီလန္၊ ေအစီမီလန္-ဂ်ီႏိုအာ၊ အူဒီးနိစ္-ဖီအိုရင္တီးနား၊ ဆက္ဆူအိုလို-ဘရပ္ရွား၊ ပါးမား-စပဲလ္ပြဲမ်ားအားလုံး ေမ ၁၃ ရက္သို႔ေျပာင္းေ႐ႊ႕ကစားရန္ အမိန္ထုတ္ျပန္ခဲ့ၿပီးျဖစ္သလို ယခု အစိုးရက ကို႐ိုနာဗိုင္းရပ္စ္သက္ေရာက္သည့္ေဒသမ်ားတြင္ မတ္ ၈ ရက္အထိ မည္သည့္အားကစားပြဲမၽွကစားခြင့္မျပဳဟု ထပ္မံထုတ္ျပန္လိုက္ရာ ဆမ္ဒိုးရီးယားႏွင့္ ဗီ႐ိုနာပြဲအျပင္ အတၱလႏၲာ-လာဇီယို၊ ဘိုေလာ့ဂ္နာ-ဂ်ဴဗင္တပ္၊ အင္တာမီလန္ပြဲမ်ားလည္း မူလသတ္မွတ္သည့္ ပြဲစဥ္ရက္အတိုင္း ကစားႏိုင္ေတာ့မည္မဟုတ္ေပ။

ၿပီးခဲ့သည့္ရက္ပိုင္းက စီးရီးေအကလပ္အသင္း ၂၀ မွတာဝန္ရွိသူမ်ား အစည္းအေဝးေခၚၿပီး ၫွိႏႈိင္းခဲ့ရာ အခ်ိဳ႕က ကြင္းတံ ခါးပိတ္ကစားသင့္ေၾကာင္း တင္ျပေသာ္လည္း ၫွိႏႈိင္းမရခဲ့ေပ။ ယခုလို ယူ႐ို ၂၀၂၀ ပြဲရွိသည့္ကာလ ပြဲမ်ားစြာေ႐ႊ႕ဆိုင္းျခင္းေၾကာင့္ မ်ားစြာအခက္ႀကဳံရန္ ေသခ်ာေနသည္။

(Unicode Version)

ကိုရိုနာဗိုင်းရပ်စ်သင့်ဒေသမှ အားကစားပွဲအားလုံး အီတလီအစိုးရက ရပ်ဆိုင်းခိုင်း

အီတလီအစိုးရသည် နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုရှိသော ဒေသများမှ အားကစားပွဲများအားလုံးကို မတ် ၈ ရက်အထိ အမိန့်ထုတ်ပြန် ရပ်ဆိုင်းခိုင်းခဲ့သည်။ အီတလီနိုင်ငံ လွမ်ဘာဒီ၊ ဗီနီတို၊ အီမီလီယာရိုမဂ္ဂနာ၊ ဆာဗိုနာနှင့် ပက်ဆာရိုအာဘီနိုမြို့များတွင် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ကူးစက်မှုများကြောင့် ပြီးခဲ့သည့် သီတင်းပတ်ကုန် စီးရီးအေပွဲများဖြစ်သော ဂျူဗင်တပ်-အင်တာမီလန်၊ အေစီမီလန်-ဂျီနိုအာ၊ အူဒီးနိစ်-ဖီအိုရင်တီးနား၊ ဆက်ဆူအိုလို-ဘရပ်ရှား၊ ပါးမား-စပဲလ်ပွဲများအားလုံး မေ ၁၃ ရက်သို့ပြောင်းရွှေ့ကစားရန် အမိန်ထုတ်ပြန်ခဲ့ပြီးဖြစ်သလို ယခု အစိုးရက ကိုရိုနာဗိုင်းရပ်စ်သက်ရောက်သည့်ဒေသများတွင် မတ် ၈ ရက်အထိ မည်သည့်အားကစားပွဲမျှကစားခွင့်မပြုဟု ထပ်မံထုတ်ပြန်လိုက်ရာ ဆမ်ဒိုးရီးယားနှင့် ဗီရိုနာပွဲအပြင် အတ္တလန္တာ-လာဇီယို၊ ဘိုလော့ဂ်နာ-ဂျူဗင်တပ်၊ အင်တာမီလန်ပွဲများလည်း မူလသတ်မှတ်သည့် ပွဲစဉ်ရက်အတိုင်း ကစားနိုင်တော့မည်မဟုတ်ပေ။

ပြီးခဲ့သည့်ရက်ပိုင်းက စီးရီးအေကလပ်အသင်း ၂၀ မှတာဝန်ရှိသူများ အစည်းအဝေးခေါ်ပြီး ညှိနှိုင်းခဲ့ရာ အချို့က ကွင်းတံ ခါးပိတ်ကစားသင့်ကြောင်း တင်ပြသော်လည်း ညှိနှိုင်းမရခဲ့ပေ။ ယခုလို ယူရို ၂၀၂၀ ပွဲရှိသည့်ကာလ ပွဲများစွာရွှေ့ဆိုင်းခြင်းကြောင့် များစွာအခက်ကြုံရန် သေချာနေသည်။