ေနာက္ဆုံးေလးပြဲတြင္ လီဗာပူး သုံးပြဲေျမာက္ ဂိုးမသြင္းႏိုင္ဘဲ ႐ႈံးပြဲႀကဳံ၊ ကစားသမား ခုနစ္ဦးေျပာင္းလဲကစားခဲ့ျခင္းအတြက္ နည္းျပကေလာ့ရွင္းျပ

မတ္ ၃ ရက္ညတြင္ ယွဥ္ၿပိဳင္ကစားခဲ့ေသာ အက္ဖ္ေအဖလားပြဲ၌ လီဗာပူးသည္ ခ်ယ္လ္ဆီးကို ႏွစ္ဂိုးျပတ္႐ႈံးနိမ့္ခဲ့ရာ ေနာက္ဆုံးကစားခဲ့ေသာ ၿပိဳင္ပြဲစုံေလးပြဲ၌ သုံးပြဲကို သြင္းဂိုး တစ္ဂိုးမၽွမရႏိုင္ဘဲ ႐ႈံးပြဲႀကဳံခဲ့ရၿပီျဖစ္သည္။ အဆိုပါ ေလးပြဲတြင္ လီဗာပူးသည္ အက္သလက္တီကိုကို ခ်န္ပီယံလိဂ္အေဝးကြင္းတြင္ တစ္ဂိုးတည္းျဖင့္႐ႈံးခဲ့သလို ၿပီးခဲ့သည့္ သီတင္းပတ္ကုန္ကလည္း ဝက္ဖို႔ဒ္ကို ပရီးမီးယားလိဂ္တြင္ ယခုရာသီပထမဆုံး ႐ႈံးပြဲအျဖစ္ သုံးဂိုးျပတ္႐ႈံးနိမ့္ခဲ့ၿပီး ယခုလည္း ခ်ယ္လ္ဆီးကို ေျခစြမ္းပိုင္းမယွဥ္သာဘဲ ထပ္႐ႈံးခဲ့ျခင္းျဖစ္သည္။

ထိုပြဲတြင္ လီဗာပူးနည္းျပ ဂ်ာဂန္ကေလာ့သည္ ဝက္ဖို႔ဒ္ကို ႐ႈံးသည့္ပြဲမွ ပြဲထြက္ကစားသမား ၁၁ ဦး စာရင္းကို ခုနစ္ဦးအထိ ေျပာင္းလဲပြဲထြက္ေစခဲ့ၿပီး အဓိကပြဲထြက္ကစားသမားမ်ားမဟုတ္သည့္ လူငယ္မ်ားျဖစ္ေသာ နီကိုဝီလ်ံ၊ ကာတစ္ဂ်ဳံးစ္၊ ေအဒရီယန္၊ လယ္လာနာႏွင့္ မီနာမီႏိုတို႔ကို ပြဲထြက္ကစားေစခဲ့ျခင္းျဖစ္သည္။ ထိုပြဲတြင္ လီဗာပူး ဂိုးသမား ေအဒရီယန္သည္ ပထမဂိုးတြင္ အမွားက်ဴးလြန္ၿပီး ဂိုးေပးခဲ့ရသလို အသင္းလိုက္ေျခစြမ္းပိုင္းသည္လည္း ေကာင္းမြန္မႈမရွိခဲ့ေပ။ သို႔ေသာ္ ပြဲထြက္စာရင္းေျပာင္းလဲခဲ့ျခင္းမွာ လိုအပ္၍ျဖစ္ေၾကာင္းႏွင့္ မိမိတို႔ေနာက္ဆုံးေလးပြဲ၌ ဂိုးမ်ားေပးရသည္မွာ မ်ားေနၿပီဆိုသည္ကိုမူ သတိထားရေတာ့မည္ဟု လီဗာပူးနည္းျပကေလာ့က ရွင္းလင္းေျပာၾကားခဲ့သည္။

ကေလာ့က ‘ကၽြန္ေတာ္တို႔ ပြဲထြက္စာရင္းမွာ ခုနစ္ဦးအထိေျပာင္းလဲခဲ့တယ္။ ဘာေၾကာင့္လဲဆိုတာ့ ခ်ယ္လ္ဆီးအသင္းရဲ႕ကြင္းလယ္ကစားပုံဟာ ကၽြန္ေတာ္တို႔ကို တာတိုေျပးလႊားရမႈေတြ မ်ားစြာ လုပ္ရေစမယ္ဆိုတာသိတဲ့အတြက္ ဒီလိုေျပးႏိုင္မယ့္ လူငယ္ေတြနဲ႔ကစားသမားေတြကို ေ႐ြးခ်ယ္ပြဲထုတ္ခဲ့တာပါ။ ကၽြန္ေတာ္တို႔ရဲ႕ ေရွ႕လားရာအတြက္ လူငယ္ေတြသင္ယူတတ္ေျမာက္ႏိုင္ေရးကို ေနအိမ္ဧည့္ခန္းထဲမွာ လုပ္ယူလို႔ မရႏိုင္ဘူး။ ႏွစ္ဂိုးျပတ္႐ႈံးတာေတာ့ မေကာင္းဘူး။ ဒါေပမဲ့ ရွင္းျပရတာေတာ့ လြယ္ပါတယ္။ အမွားႀကီးႏွစ္ခုကေန ႏွစ္ဂိုးေပးလိုက္ရတာပါ။ ဒီေနာက္ပိုင္းပြဲေတြမွာ ဂိုးေတြမသြင္းႏိုင္ဘဲ ႐ႈံးခဲ့တာဟာ ရွင္းျပရပိုလြယ္ပါတယ္။ ႏိုင္ၿပီး ဂိုးမသြင္းႏိုင္တာမ်ိဳးထက္ ရွင္းျပရလြယ္ပါတယ္။ ကိန္းဂဏန္းေတြနဲ႔ မျငင္းလိုပါဘူး။ လူတိုင္း ကိုယ္ႀကိဳက္သလို ဘာသာျပန္ႏိုင္တယ္၊ ဂဏန္းအေရအတြက္ကို ကၽြန္ေတာ္လည္း သိတာေပါ့။ သိပ္ေတာ့မေကာင္းလွဘူး။ ကၽြန္ေတာ္တို႔ ဂိုးေတြမေပးခ်င္ဘဲ သြင္းဂိုးေတြမ်ားမ်ားပိုလိုခ်င္တာေပါ့။ ဒါေပမဲ့လည္း မိုင္ ၁၀၀ ေလာက္ေဝးေနတာလည္း မဟုတ္ဘူး။ ဒီခ်ာတိတ္ေတြဟာ သန္စြမ္းေကာင္းမြန္တယ္။ ပုံမွန္အားျဖင့္ ကၽြန္ေတာ္တို႔နဲ႔ကစားရင္ အခြင္းအေရးရတာ နည္းေပမယ့္ ေနာက္ဆုံးေလးပြဲမွာ ေပးခဲ့ရတဲ့ ဂိုးေတြကေတာ့ မ်ားလွတယ္ဆိုတာ သိပါတယ္’ ဟု ေျပာသြားခဲ့သည္။

(Unicode Version)

နောက်ဆုံးလေးပွဲတွင် လီဗာပူး သုံးပွဲမြောက် ဂိုးမသွင်းနိုင်ဘဲ ရှုံးပွဲကြုံ၊ ကစားသမား ခုနစ်ဦးပြောင်းလဲကစားခဲ့ခြင်းအတွက် နည်းပြကလော့ရှင်းပြ

မတ် ၃ ရက်ညတွင် ယှဉ်ပြိုင်ကစားခဲ့သော အက်ဖ်အေဖလားပွဲ၌ လီဗာပူးသည် ချယ်လ်ဆီးကို နှစ်ဂိုးပြတ်ရှုံးနိမ့်ခဲ့ရာ နောက်ဆုံးကစားခဲ့သော ပြိုင်ပွဲစုံလေးပွဲ၌ သုံးပွဲကို သွင်းဂိုး တစ်ဂိုးမျှမရနိုင်ဘဲ ရှုံးပွဲကြုံခဲ့ရပြီဖြစ်သည်။ အဆိုပါ လေးပွဲတွင် လီဗာပူးသည် အက်သလက်တီကိုကို ချန်ပီယံလိဂ်အဝေးကွင်းတွင် တစ်ဂိုးတည်းဖြင့်ရှုံးခဲ့သလို ပြီးခဲ့သည့် သီတင်းပတ်ကုန်ကလည်း ဝက်ဖို့ဒ်ကို ပရီးမီးယားလိဂ်တွင် ယခုရာသီပထမဆုံး ရှုံးပွဲအဖြစ် သုံးဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီး ယခုလည်း ချယ်လ်ဆီးကို ခြေစွမ်းပိုင်းမယှဉ်သာဘဲ ထပ်ရှုံးခဲ့ခြင်းဖြစ်သည်။

ထိုပွဲတွင် လီဗာပူးနည်းပြ ဂျာဂန်ကလော့သည် ဝက်ဖို့ဒ်ကို ရှုံးသည့်ပွဲမှ ပွဲထွက်ကစားသမား ၁၁ ဦး စာရင်းကို ခုနစ်ဦးအထိ ပြောင်းလဲပွဲထွက်စေခဲ့ပြီး အဓိကပွဲထွက်ကစားသမားများမဟုတ်သည့် လူငယ်များဖြစ်သော နီကိုဝီလျံ၊ ကာတစ်ဂျုံးစ်၊ အေဒရီယန်၊ လယ်လာနာနှင့် မီနာမီနိုတို့ကို ပွဲထွက်ကစားစေခဲ့ခြင်းဖြစ်သည်။ ထိုပွဲတွင် လီဗာပူး ဂိုးသမား အေဒရီယန်သည် ပထမဂိုးတွင် အမှားကျူးလွန်ပြီး ဂိုးပေးခဲ့ရသလို အသင်းလိုက်ခြေစွမ်းပိုင်းသည်လည်း ကောင်းမွန်မှုမရှိခဲ့ပေ။ သို့သော် ပွဲထွက်စာရင်းပြောင်းလဲခဲ့ခြင်းမှာ လိုအပ်၍ဖြစ်ကြောင်းနှင့် မိမိတို့နောက်ဆုံးလေးပွဲ၌ ဂိုးများပေးရသည်မှာ များနေပြီဆိုသည်ကိုမူ သတိထားရတော့မည်ဟု လီဗာပူးနည်းပြကလော့က ရှင်းလင်းပြောကြားခဲ့သည်။

ကလော့က ‘ကျွန်တော်တို့ ပွဲထွက်စာရင်းမှာ ခုနစ်ဦးအထိပြောင်းလဲခဲ့တယ်။ ဘာကြောင့်လဲဆိုတာ့ ချယ်လ်ဆီးအသင်းရဲ့ကွင်းလယ်ကစားပုံဟာ ကျွန်တော်တို့ကို တာတိုပြေးလွှားရမှုတွေ များစွာ လုပ်ရစေမယ်ဆိုတာသိတဲ့အတွက် ဒီလိုပြေးနိုင်မယ့် လူငယ်တွေနဲ့ကစားသမားတွေကို ရွေးချယ်ပွဲထုတ်ခဲ့တာပါ။ ကျွန်တော်တို့ရဲ့ ရှေ့လားရာအတွက် လူငယ်တွေသင်ယူတတ်မြောက်နိုင်ရေးကို နေအိမ်ဧည့်ခန်းထဲမှာ လုပ်ယူလို့ မရနိုင်ဘူး။ နှစ်ဂိုးပြတ်ရှုံးတာတော့ မကောင်းဘူး။ ဒါပေမဲ့ ရှင်းပြရတာတော့ လွယ်ပါတယ်။ အမှားကြီးနှစ်ခုကနေ နှစ်ဂိုးပေးလိုက်ရတာပါ။ ဒီနောက်ပိုင်းပွဲတွေမှာ ဂိုးတွေမသွင်းနိုင်ဘဲ ရှုံးခဲ့တာဟာ ရှင်းပြရပိုလွယ်ပါတယ်။ နိုင်ပြီး ဂိုးမသွင်းနိုင်တာမျိုးထက် ရှင်းပြရလွယ်ပါတယ်။ ကိန်းဂဏန်းတွေနဲ့ မငြင်းလိုပါဘူး။ လူတိုင်း ကိုယ်ကြိုက်သလို ဘာသာပြန်နိုင်တယ်၊ ဂဏန်းအရေအတွက်ကို ကျွန်တော်လည်း သိတာပေါ့။ သိပ်တော့မကောင်းလှဘူး။ ကျွန်တော်တို့ ဂိုးတွေမပေးချင်ဘဲ သွင်းဂိုးတွေများများပိုလိုချင်တာပေါ့။ ဒါပေမဲ့လည်း မိုင် ၁၀၀ လောက်ဝေးနေတာလည်း မဟုတ်ဘူး။ ဒီချာတိတ်တွေဟာ သန်စွမ်းကောင်းမွန်တယ်။ ပုံမှန်အားဖြင့် ကျွန်တော်တို့နဲ့ကစားရင် အခွင်းအရေးရတာ နည်းပေမယ့် နောက်ဆုံးလေးပွဲမှာ ပေးခဲ့ရတဲ့ ဂိုးတွေကတော့ များလှတယ်ဆိုတာ သိပါတယ်’ ဟု ပြောသွားခဲ့သည်။