ဧၿပီ ၃ ရက္အထိ စီးရီးေအပြဲမ်ားအားလုံး ကြင္းတံခါးပိတ္က်င္းပရမည္၊ အတၱလႏၲာ၏ ဗလန္စီယာႏွင့္ ခ်န္ပီယံလိဂ္ပြဲလည္း အီတလီပရိသတ္မ်ား လိုက္ပါအားေပးခြင့္မရ

ေနာက္လာမည့္ တစ္လလုံး (အနည္းဆုံး ဧၿပီ ၃ ရက္အထိ)အီတလီစီးရီးေအ ပြဲစဥ္မ်ားအားလုံးကို ကြင္းပိတ္က်င္းပရန္ အီတလီအစိုးရက မတ္ ၄ ရက္တြင္ အတည္ျပဳေၾကညာသြားခဲ့သည္။ အီတလီႏိုင္ငံသည္ ဥေရာပတြင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈႏႈန္း အျမင့္ဆုံးႏိုင္ငံျဖစ္ေနသည့္အတြက္ ထိုကူးစက္မႈရပ္တန္႔သြားရန္ ထိန္းခ်ဳပ္သည့္အေနျဖင့္ စီးရီးေအပြဲစဥ္မ်ားအားလုံးကို အနည္းဆုံး တစ္လၾကာ ကြင္းပိတ္ကစားရန္ ဆုံးျဖတ္ခဲ့ေၾကာင္း မတ္ ၄ ရက္တြင္ သတင္းစာရွင္းလင္းပြဲျပဳလုပ္ၿပီးေနာက္ အတည္ျပဳ ထုတ္ျပန္ေၾကညာခဲ့ျခင္းလည္းျဖစ္သည္။

အီတလီတြင္ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ စီးရီးေအပြဲစဥ္ေပါင္း ၁၀ ပြဲႏွင့္ ကိုပါအီတာလီယာဖလားပြဲ ႏွစ္ပြဲကို ေ႐ႊ႕ဆိုင္းခဲ့ရၿပီျဖစ္ရာ ရာသီကုန္ခါနီးပြဲစဥ္မ်ား ထပ္မံေ႐ႊ႕ဆိုင္းလၽွင္ ျပန္လည္ကစားမည့္ရက္ သတ္မွတ္ရန္ ပိုမိုခက္ခဲသြားႏိုင္သည့္အတြက္ ပြဲမ်ားကို ဆက္လက္ကစားေစမည္ျဖစ္ေသာ္လည္း ပရိသတ္မပါဘဲ ကြင္းတံခါးပိတ္ကစားရန္ အစိုးရက ဆုံးျဖတ္ေပးခဲ့ျခင္းျဖစ္သည္။ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလကုန္ပိုင္းကတည္းက အီတလီႏိုင္ငံ ေျမာက္ပိုင္းေဒသမ်ားတြင္ ကို႐ိုနာဗိုင္းရပ္စ္ပ်ံ႕ႏွံ႔မႈႏႈန္းျမင့္မားလာျခင္းေၾကာင့္ မည္သည့္ အားကစားပြဲမွက်င္းပျခင္းမျပဳရန္ အစိုးရက ထုတ္ျပန္ေၾကညာခဲ့ၿပီးျဖစ္သည္။

ထိုအေရးအတြက္ စီးရီးေအအသင္းမ်ား၏ တာဝန္ရွိအႀကီးအကဲမ်ားႏွင့္ အစိုးရတာဝန္ရွိသူမ်ား မတ္ ၄ ရက္၌ ေရာမၿမိဳ႕တြင္ ေတြ႕ဆုံေဆြးေႏြးခဲ့ၿပီးေနာက္ တစ္လၾကာ ကြင္းပိတ္ကစားရန္ ဆုံးျဖတ္ခဲ့ေၾကာင္း သတင္းစာရွင္းလင္းေၾကညာခဲ့သည္။

အီတလီႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူေပါင္း ၂၅၀၂ ဦးရွိေနၿပီး ၇၉ ဦး ေသဆုံးခဲ့ၿပီျဖစ္ရာ ဆမ္ဒိုးရီးယားအသင္းက မိမိတို႔အေနျဖင့္ ဝင္ေငြမ်ားစြာ ထိခိုက္ေစမည့္ ပရိသတ္မပါဘဲ ကြင္းပိတ္ကစားျခင္းထက္ ပြဲစဥ္မ်ားကိုေ႐ႊ႕ဆိုင္းျခင္းအား ပိုမိုအလိုရွိသည္ဟု တင္ျပခဲ့ေသာ္လည္း ပြဲစဥ္ျပန္လည္သတ္မွန္ရန္မွာ မျဖစ္ႏိုင္သည့္ အေနအထားေၾကာင့္ စီးရီးေအပြဲမ်ား တစ္လကြင္းပိတ္ကစားရန္သာ ဆုံးျဖတ္ခဲ့ရျခင္းျဖစ္သည္။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ခ်န္ပီယံလိဂ္ပြဲမ်ားတြင္လည္း သက္ေရာက္မႈမ်ားရွိလာၿပီး လာမည့္အတၱလႏၲာအသင္း၏ ဗလန္စီယာႏွင့္ ခ်န္ပီယံလိဂ္အေဝးကြင္းပြဲသည္လည္း အီတလီပရိသတ္မ်ား လိုက္ပါအားေပးခြင့္မရႏိုင္ေတာ့ေပ။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေဘာလုံးေလာကတြင္ တ႐ုတ္စူပါလိဂ္ပြဲမ်ားအားလုံး ေ႐ႊ႕ဆိုင္းထားသလို တ႐ုတ္ကလပ္မ်ားျဖစ္သည့္ ကြမ္က်ိဳးအဲဗားဂရန္ဒီ၊ ရွန္ဟိုင္းရွန္ဟြာ၊ ရွန္ဟိုင္း SIPG အသင္းမ်ား၏ အာရွခ်န္ပီယံလိဂ္ပြဲစဥ္မ်ားအားလုံးကိုလည္း ဧၿပီလအထိ ေ႐ႊ႕ဆိုင္းထားရၿပီး ေတာင္ကိုရီးယား ေကလိဂ္ပြဲမ်ားလည္း ရပ္ဆိုင္းထားရၿပီး အာရွခ်န္ပီယံလိဂ္ ၿပိဳင္ပြဲဝင္ေလးသင္း၏ပြဲမ်ားကို ကြင္းပိတ္က်င္းပရန္ သတ္မွတ္ထားရသည္။

(Unicode Version)

ဧပြီ ၃ ရက်အထိ စီးရီးအေပွဲများအားလုံး ကွင်းတံခါးပိတ်ကျင်းပရမည်၊ အတ္တလန္တာ၏ ဗလန်စီယာနှင့် ချန်ပီယံလိဂ်ပွဲလည်း အီတလီပရိသတ်များ လိုက်ပါအားပေးခွင့်မရ

နောက်လာမည့် တစ်လလုံး (အနည်းဆုံး ဧပြီ ၃ ရက်အထိ)အီတလီစီးရီးအေ ပွဲစဉ်များအားလုံးကို ကွင်းပိတ်ကျင်းပရန် အီတလီအစိုးရက မတ် ၄ ရက်တွင် အတည်ပြုကြေညာသွားခဲ့သည်။ အီတလီနိုင်ငံသည် ဥရောပတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုနှုန်း အမြင့်ဆုံးနိုင်ငံဖြစ်နေသည့်အတွက် ထိုကူးစက်မှုရပ်တန့်သွားရန် ထိန်းချုပ်သည့်အနေဖြင့် စီးရီးအေပွဲစဉ်များအားလုံးကို အနည်းဆုံး တစ်လကြာ ကွင်းပိတ်ကစားရန် ဆုံးဖြတ်ခဲ့ကြောင်း မတ် ၄ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီးနောက် အတည်ပြု ထုတ်ပြန်ကြေညာခဲ့ခြင်းလည်းဖြစ်သည်။

အီတလီတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးရီးအေပွဲစဉ်ပေါင်း ၁၀ ပွဲနှင့် ကိုပါအီတာလီယာဖလားပွဲ နှစ်ပွဲကို ရွှေ့ဆိုင်းခဲ့ရပြီဖြစ်ရာ ရာသီကုန်ခါနီးပွဲစဉ်များ ထပ်မံရွှေ့ဆိုင်းလျှင် ပြန်လည်ကစားမည့်ရက် သတ်မှတ်ရန် ပိုမိုခက်ခဲသွားနိုင်သည့်အတွက် ပွဲများကို ဆက်လက်ကစားစေမည်ဖြစ်သော်လည်း ပရိသတ်မပါဘဲ ကွင်းတံခါးပိတ်ကစားရန် အစိုးရက ဆုံးဖြတ်ပေးခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန်ပိုင်းကတည်းက အီတလီနိုင်ငံ မြောက်ပိုင်းဒေသများတွင် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုနှုန်းမြင့်မားလာခြင်းကြောင့် မည်သည့် အားကစားပွဲမှကျင်းပခြင်းမပြုရန် အစိုးရက ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။

ထိုအရေးအတွက် စီးရီးအေအသင်းများ၏ တာဝန်ရှိအကြီးအကဲများနှင့် အစိုးရတာဝန်ရှိသူများ မတ် ၄ ရက်၌ ရောမမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် တစ်လကြာ ကွင်းပိတ်ကစားရန် ဆုံးဖြတ်ခဲ့ကြောင်း သတင်းစာရှင်းလင်းကြေညာခဲ့သည်။

အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၂၅၀၂ ဦးရှိနေပြီး ၇၉ ဦး သေဆုံးခဲ့ပြီဖြစ်ရာ ဆမ်ဒိုးရီးယားအသင်းက မိမိတို့အနေဖြင့် ဝင်ငွေများစွာ ထိခိုက်စေမည့် ပရိသတ်မပါဘဲ ကွင်းပိတ်ကစားခြင်းထက် ပွဲစဉ်များကိုရွှေ့ဆိုင်းခြင်းအား ပိုမိုအလိုရှိသည်ဟု တင်ပြခဲ့သော်လည်း ပွဲစဉ်ပြန်လည်သတ်မှန်ရန်မှာ မဖြစ်နိုင်သည့် အနေအထားကြောင့် စီးရီးအေပွဲများ တစ်လကွင်းပိတ်ကစားရန်သာ ဆုံးဖြတ်ခဲ့ရခြင်းဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ချန်ပီယံလိဂ်ပွဲများတွင်လည်း သက်ရောက်မှုများရှိလာပြီး လာမည့်အတ္တလန္တာအသင်း၏ ဗလန်စီယာနှင့် ချန်ပီယံလိဂ်အဝေးကွင်းပွဲသည်လည်း အီတလီပရိသတ်များ လိုက်ပါအားပေးခွင့်မရနိုင်တော့ပေ။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဘောလုံးလောကတွင် တရုတ်စူပါလိဂ်ပွဲများအားလုံး ရွှေ့ဆိုင်းထားသလို တရုတ်ကလပ်များဖြစ်သည့် ကွမ်ကျိုးအဲဗားဂရန်ဒီ၊ ရှန်ဟိုင်းရှန်ဟွာ၊ ရှန်ဟိုင်း SIPG အသင်းများ၏ အာရှချန်ပီယံလိဂ်ပွဲစဉ်များအားလုံးကိုလည်း ဧပြီလအထိ ရွှေ့ဆိုင်းထားရပြီး တောင်ကိုရီးယား ကေလိဂ်ပွဲများလည်း ရပ်ဆိုင်းထားရပြီး အာရှချန်ပီယံလိဂ် ပြိုင်ပွဲဝင်လေးသင်း၏ပွဲများကို ကွင်းပိတ်ကျင်းပရန် သတ်မှတ်ထားရသည်။