ချစ်သူရဲ့ အသက်(၁၈)နှစ်မွေးနေ့ပွဲတက်ဖို့ ရုရှားကို စင်းလုံးငှားလေယာဉ်နဲ့ သွားခဲ့တဲ့ ဆမိုလော့ဗ်

ဆယ်လ်တာဗီဂိုအသင်းက ရုရှားတိုက်စစ်မှူး ဆမိုလော့ဗ်ဟာ စပိန်နိုင်ငံရဲ့ကျန်းမာရေးစည်းကမ်းတွေကိုချိုးဖောက်ပြီး သူ့ချစ်သူရဲ့ အသက်(၁၈)နှစ်ပြည့်မွေးနေ့ပါတီကိုတက်ဖို့ ရုရှားနိုင်ငံကို လျှို့ဝှက်ပြန်သွားခဲ့တယ်လို့ The Sun သတင်းစာ ကဖော်ပြခဲ့ပါတယ်။

စမိုလော့ဗ်မတိုင်ခင် ဆယ်လ်တာဗီဂိုအသင်းက ဆစ်တိုကလည်း စပိန်နိုင်ငံရဲ့ အသွားအလာ ကန့်သတ်တဲ့စည်းကမ်းတွေကိုချိုးဖောက်ပြီး ဒိန်းမတ်နိုင်ငံကို ကားမောင်းပြန်သွားခဲ့ပါတယ်။

အသက်(၃၀)နှစ်အရွယ်ရှိ ဆမိုလော့ဗ်ဟာ ဇန်နဝါရီလက မာရီယာယူမာရှီဗာဆိုတဲ့ ဆယ်ကျော်သက်မလေးနဲ့ ချစ်ကြိုက်ခဲ့တာပါ။

ဒီဆယ်ကျော်သက်မလေးဟာ ရုရှားသမ္မတဟောင်း ဘောရစ်ယဲ့ဆင်ရဲ့မြေးလို့သိရပါတယ်။

ချစ်သူရဲ့မွေးနေ့ကို စင်းလုံးငှားလေယာဉ်နဲ့ ခိုးသွားခဲ့တဲ့ ဆမိုလော့ဗ်ကို ဆယ်လ်တာဗီဂိုအသင်းက အရေးယူဖို့ပြင်ဆင်နေပါတယ်။