ပရီးမီးယားလိဂ်သမိုင်းတလျှောက် အကောင်းဆုံး မြေမကျကန်သွင်းဂိုးအဖြစ် ပေါစခိုးလ်ရဲ့သွင်းဂိုး‌ ရွေးချယ်ခံရ

ပရီးမီးယားလိဂ်ဘောလုံးပြိုင်ပွဲရဲ့ သမိုင်းတလျှောက်မှာ အကောင်းဆုံးဖြစ်ခဲ့တဲ့ မြေမကျ ဂိုးကန်သွင်းချက် (၂၀) ကို ဗြိတိန်အားကစားသတင်းဝက်ဘ်ဆိုက် SportsMole (စပို့မိုးလ်)ကရွေးချယ်ဖော်ပြခဲ့ရာမှာ မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ ပေါစခိုးလ်ရဲ့သွင်းဂိုးက နံပါတ်တစ်နေရာမှာ ရှိခဲ့ကြောင်း သိရပါတယ်။

ဒီဂိုးဟာ ၂၀၀၆-၂၀၀၇ ဘောလုံးရာသီက အက်စတွန်ဗီလာအသင်းဘက်ကို သွင်းယူခဲ့တဲ့ဂိုးပဲဖြစ်ပါတယ်။ လှပတဲ့ကန်ချက်ကြောင့် ဂိုးသွင်းသူပေါစခိုးလ်ကိုယ်တိုင် အံ့အားသင့်ခဲ့ရတဲ့ မြေမကျဘောကန်သွင်းချက်လည်း ဖြစ်ခဲ့ပါတယ်။ မြေမကျဘောဆိုပေမယ့် လေထဲက ဘောလုံးကို နောက်ပြန်ကန်ချက်နဲ့ တိုက်ရိုက်သွင်းယူတဲ့ သွင်းဂိုးအမျိုးအစားကို ထည့်သွင်းရွေးချယ်ခြင်း မရှိကြောင်းလည်း သိရပါတယ်။