နှလုံးသွေးကြောပိတ်လို့ အရေးပေါ်ဆေးရုံတင်ခဲ့ရပေမယ့် ကိုးလ်မန်းရဲ့ကျန်းမာရေးအခြေအနေ တည်ငြိမ်စပြုလာ

epa07454327 Holland coach Ronald Koeman during the UEFA EURO 2020 qualifier group C qualifying match between The Netherlands and Belarus, in Rotterdam, The Netherlands, 21 March 2019. EPA-EFE/MAURICE VAN STEEN

ဟော်လန်နည်းပြ ရော်နယ်ကိုးလ်မန်းဟာ တနင်္ဂနွေနေ့က နှလုံးသွေးကြောပိတ်လို့ အရေးပေါ် ဆေးရုံတင်ခဲ့ရပေမယ့် တနင်္လာနေ့မှာ ကျန်းမာရေးအခြေအနေတည်ငြိမ်နေပြီလို့ ဒတ်ခ်ျဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့ပါတယ်။ ဒေးလီးမေးလ်သတင်းအရ ကိုးလ်မန်းဟာ တနင်္ဂနွေနေ့ညနေပိုင်းက စက်ဘီးစီးနေရင်း ရုတ်တရက် ရင်ခေါင်းအောင့်လာလို့ အမ်စတာဒမ်မြို့က ဆေးရုံတစ်ရုံကို အရေးပေါ်တက်ခဲ့ရပါတယ်။

ဆေးစစ်ချက်အရ ကိုးလ်မန်းရဲ့ နှလုံးသွေးပြန်ကြောထဲ ပိတ်ဆို့မှုတစ်ခုဖြစ်သွားလို့ သွေးကြောထဲကို ပြွန်အသေးစားတစ်ခုထိုးသွင်းပြီး ဖယ်ရှားခဲ့ရတယ်လို့ သိရပါတယ်။ သွေးကြောပြန်ပွင့်သွားပြီးနောက် သိပ်မကြာခင် ကျန်းမာရေးအခြေအနေတည်ငြိမ်လာတာကြောင့် ကိုးလ်မန်းဟာ တနင်္လာနေ့က ဆေးရုံကနေ ဆင်းခွင့်ရခဲ့ပြီဖြစ်ပါတယ်။

သတင်း – မောင်ဇေယျ