မိခင်များနေ့အထိမ်းအမှတ်အဖြစ် ရော်နယ်ဒိုတို့ ညီအစ်ကိုမောင်နှမတွေ မိခင်အတွက် မာစီးဒီးကားသစ်လက်ဆောင်ပေး

ပေါ်တူဂီဘောလုံးကြယ်ပွင့် ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ သူ့ညီအစ်ကိုမောင်နှမတွေ စုပေါင်းပြီး တနင်္ဂနွေနေ့က အမေများနေ့အထိမ်းအမှတ်အဖြစ် သူတို့မိခင်ကို မာစီးဒီးကားသစ်တစ်စီး လက်ဆောင်ဝယ်ပေးခဲ့ကြပါတယ်။ ရော်နယ်ဒိုရဲ့မိခင် ဒိုလိုရက်စ်အဗီယာရိုဟာ မတ်လက လေဖြန်းသွားတာကြောင့် ဆေးရုံတက်ကုသခဲ့ပေမယ့် အခုတော့ တော်တော်လေးနေကောင်းနေပါပြီ။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ဟာ ပေါ်တူဂီနဲ့ စပိန်နိုင်ငံတို့မှာ အမေများနေ့အဖြစ် သတ်မှတ်လေ့ရှိပြီး သူ့သားသမီးတွေ ဝယ်ပေးတဲ့ မာစီးဒီးကားသစ်နဲ့အတူ တွဲရိုက်ထားတဲ့ ဓါတ်ပုံတစ်ပုံကိုလည်း အွန်လိုင်းပေါ် ဒိုလိုရက်စ်ကတင်ခဲ့ပါတယ်။

သတင်း – မောင်ဇေယျ