ရန်ပုံငွေဂေါက်သီးရိုက်ပြိုင်ပွဲမှာ ပါဝင်ကစားပေးမယ့် တိုက်ဂါးဝုဒ်နဲ့ ဖီးလ်မစ်ကယ်ဆင်

epa06729287 Phil Mickelson of the US (L) shakes hands with Tiger Woods of the US (C) as Rickie Fowler of the US waits his turn at the end of their second round of THE PLAYERS Championship golf tournament on the Stadium Course at TPC Sawgrass in Ponte Vedra Beach, Florida, USA, 11 May 2018. The tournament runs 10 May to 13 May. EPA-EFE/TANNEN MAURY

နာမည်ကျော် ဂေါ့ဖ်ချန်ပီယံ တိုက်ဂါးဝုဒ်နဲ့ ဖီးလ်မစ်ကယ်ဆင်တို့ဟာ ရန်ပုံငွေဂေါက်သီးရိုက်ပြိုင်ပွဲတစ်ပွဲမှာ ပါဝင်ကစားပေးကြမယ်လို့ စီအန်ဘီစီဒေါ့ကွန်းက ဖော်ပြခဲ့ပါတယ်။

ရန်ပုံငွေဂေါက်သီးရိုက်ပြိုင်ပွဲကို မေလ ၂၄ ရက်၊ ဖလော်ရီဒါပြည်နယ်၊ ဟိုဘီဆောင်းမြို့က မက်ဒယ်လစ်ဂေါ့ဖ်ကလပ်မှာ ကျင်းပမှာဖြစ်ပြီး ဒီပြိုင်ပွဲကနေ ကိုဗစ်-၁၉ ရန်ပုံငွေအတွက် ဒေါ်လာ ၁၀ သန်း ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။

နာမည်ကျော် ဂေါ့ဖ်ချန်ပီယံတွေအပြင် NFL ကြယ်ပွင့် တွမ်ဘရာဒီနဲ့ ပေတန်မန်းနင်းတို့ကလည်း ရန်ပုံငွေဂေါက်သီးရိုက်ပြိုင်ပွဲကို ဝင်ရောက်ကစားပေးကြမယ်လို့ သိရပါတယ်။

သတင်း – မောင်ဇေယျ

Ref; CNBC

ဓာတ်ပုံ – EPA