ဘွန်ဒက်စ်လီဂါပွဲစဉ်တွေကို မေလ ၁၆ ရက်မှာ ပြန်ကစားမယ်

epa08407207 (FILE) - Dortmund's goalkeeper Roman Buerki before the German Bundesliga soccer match between Borussia Dortmund and VfL Wolfsburg in Dortmund, Germany, 18 February 2017 (re-issued on 07 May 2020). The German Football League (DFL) announced on 07 May 2020 that German Bundesliga soccer matches will resume on 16 May without spectators following a videoconference of the DFL and the 36 clubs amid the ongoing coronavirus COVID-19 pandemic. Borussia Dortmund is set to face league rivals Schalke 04 on 16 May 2020. EPA-EFE/FRIEDEMANN VOGEL

ဝန်ကြီးချုပ် အိန်ဂျလာမာကယ်ဦးဆောင်တဲ့ ဂျာမနီအစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်ကို ရခဲ့ပြီးနောက် ဘွန်ဒက်စ်လီဂါပွဲစဉ်တွေကို မေလ ၁၆ ရက်မှာ ပြန်လည်ကျင်းပတော့မယ်လို့ ဘီဘီစီအားကစားသတင်းမှာ ဖော်ပြပါရှိပါတယ်။

ဘွန်ဒက်စ်လီဂါနဲ့အတူ ဘွန်ဒက်စ်လီဂါ (၂) ပွဲစဉ်တွေကိုလည်း မေလ ၁၆ ရက်မှာ ကွင်းပိတ်ပြီး ကျင်းပတော့မှာဖြစ်ပါတယ်။

ဂျာမနီဘောလုံးကလပ်အသင်းတာဝန်ရှိသူတွေဟာ အရင်တစ်ပတ်က ကစားသမား၊ နည်းပြအဖွဲ့နဲ့အသင်းဝန်ထမ်းအားလုံးကို ဆေးစစ်ခဲ့ကြပြီး ပိုးတွေ့သူတချို့ရှိခဲ့ပေမယ့် ဒီလထဲ ဘောလုံးပွဲတွေ ပြန်ကစားမယ့် အစီအစဉ်ကို ဆက်လက်အကောင်အထည်ဖော်နိုင်အောင် ကြိုးစားနိုင်ခဲ့ကြပါတယ်။

မေလ ၁၆ ရက်နေ့ပွဲစဉ်တွေမှာ ရှော်လ်ကေးနဲ့ ဒေါ့တ်မွန်တို့ရဲ့ ရားဒါဘီပွဲပါသလို ချန်ပီယံဘိုင်ယန်မြူးနစ်ကတော့ ယူနီယံဘာလင်နဲ့ ကစားရမယ်လို့ သိရပါတယ်။

သတင်း – မောင်ဇေယျ

Ref; BBC

ဓာတ်ပုံ – EPA