မက္ကဆီကို သူနာပြု ညီအစ်မ ၃ ယောက်ကို သွေးကြောပိတ်တဲ့ လက္ခဏာတွေနဲ့ သေဆုံးလျက်တွေ့ရှိ

မက္ကဆီကိုမြောက်ပိုင်း၊ ကွာဟူလာပြည်နယ်မှာ သူနာပြုညီအစ်မ ၃ ယောက်ဟာ သွေးကြောပိတ်တဲ့ လက္ခဏာတွေနဲ့ သေဆုံးနေတာကို သောကြာနေ့က တွေ့ခဲ့ရကြောင်း ရိုက်တာသတင်းက ဖော်ပြခဲ့ပါတယ်။ မက္ကဆီကိုအာဏာပိုင်တွေက ဒါဟာ ၃ လောင်းပြိုင်လူသတ်မှုလား ဒါမှမဟုတ် ရောဂါတစ်ခုခုကြောင့် သေဆုံးတာလားကို ကွဲကွဲပြားပြားမသိရသေးလို့ အပူတပြင်းစုံစမ်းစစ်ဆေးနေပါတယ်။

ကမ္ဘာ့ကပ်ရောဂါဘေးကာလအတွင်း မက္ကဆီကိုနိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေကို ဗိုင်းရပ်စ်ပိုးသယ်ဆောင်သူတွေလို မြင်နေကြပြီး အကြမ်းဖက်စော်ကားမှုတွေ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။ မက္ကဆီကိုနိုင်ငံရဲ့ အဓိက ပြည်သူ့ကျန်းမာရေးဝန်ဆောင်မှုအဖွဲ့(IMSS)ခေါင်းဆောင် ဂျာဗီးယားဂွာရဲရိုးက သူနာပြုညီအစ်မ ၃ ယောက်ဟာ အသတ်ခံရတယ်လို့ပဲ ယုံကြည်ကြောင်း ပြောထားပါတယ်။

သတင်း – မောင်ဇေယျ
Ref;reuters