အက်လလက်တီကိုနောက်ခံလူ ရီနန်လိုဒီ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ

epa08204052 Atletico Madrid's Renan Augusto Lodi reacts during a Spanish LaLiga soccer match between Atletico Madrid and Granada at Wanda Metrolopitano in Madrid, Spain, 08 February 2020. EPA-EFE/VICTOR LERENA

အက်သလက်တီကိုနောက်ခံလူ ရီနန်လိုဒီဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ သောကြာနေ့ စပိန်သတင်းစာ ASမှာ ဖော်ပြပါရှိပါတယ်။ လိုဒီနဲ့အတူ တခြား တခြားအက်သလက်တီကို ကစားသမား ၉ ယောက်မှာလည်း ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံခဲ့ဖူးတဲ့ လက္ခဏာတချို့ တွေ့ခဲ့ရပါတယ်။

ဒါပေမယ့် အမည်မဖော်ပြထားတဲ့ အဲဒီ ကစားသမား ၉ ယောက်ကို ဆေးစစ်ရာမှာ နက်ဂတစ်ဖြစ်တဲ့အတွက် စိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။

လိုဒီဟာ မတ်လလယ်လောက်ကတည်းက အသက်ရှူကြပ်ဝေဒနာခံစားခဲ့ရပေမယ့် ဆေးမစစ်ခဲ့ဘဲ အခု လာလီဂါရဲ့အစီအစဉ်နဲ့ ဆေးစစ်မှ ဗိုင်းရပ်စ်ကူးစက်ခံထားရမှန်း သိခဲ့တာပါ။

သူနဲ့အတူ သူ့ချစ်သူနဲ့ သူတို့အိမ်ဖော်တို့ကိုလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရခြင်းရှိ၊ မရှိကို စစ်ဆေးထားကြောင်း သိရပါတယ်။

သတင်း – မောင်ဇေယျ
Ref;AS
ဓာတ်ပုံ – EPA