ရွှေတိဂုံစေတီတော်ပြန်လည်ဖွင့်လှစ်မည်ဆိုသည်မှာ သတင်းအမှားသာဖြစ်

လက်ရှိ လူမှုကွန်ရက်စာမျက်နှာများတွင် ဇွန် ၁ ရက်၌ ရွှေတိဂုံစေတီတော်ပြန်လည်ဖွင့်လှစ်မည်ဆိုသည်မှာ သတင်းအမှားသာဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ ရုံးအဖွဲ့မှူး ဦးရဲအောင်နိုင်က ပြောသည်။

”ဇွန် ၁ ရက်မှာဖွင့်မယ်ဆိုတာကသတင်းအမှားပါ။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအမိန့်တွေပေါ်မူတည်ပြီး ဆောက်ရွက်သွားမှာပါ။ ခုဆိုရင်ပုံမှန်အားမြင့် ဒီမှာတည်ဆောက်ပြုပြင်ရေး လုပ်ငန်းတွေလုပ်နေတယ်။ ရွှေသင်္ကန်းကပ်တာတို့ စတာတွေကို လူဦးရေ ၅ ယောက်ထက်မပိုတဲ့ အင်အားနဲ့လုပ်နေကြ ပါတယ်”ဟု၎င်းကပြောသည်။

ထို့ပြင် ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့အနေဖြင့် နိုင်ငံတော်အစိုးရ၏ အမိန့်ညွှန်ကြားချက် များနှင့်အညီ လိုက်နာဆောင်ရွက်သွားမည်သာဖြစ်၍ ဇွန် ၁ ရက်တွင်ပြန်လည်ဖွင့်လှစ်ရန် အစီအစဉ်မရှိသေး ကြောင်း၊ ဖွင့်လှစ်မည်ဆိုပါကလည်း နိုင်ငံတော်အစိုးရ၏ အမိန့်ညွှန်ကြားချက်များနှင့်အညီသာဖွင့်လှစ်မည် ဖြစ်ပြီး ကြိုတင်ကြေညာပေးသွားမည်ဖြစ်ပါကြောင်း၎င်းထုတ်ပြန်ချက်ထဲတွင်ဖော်ပြထားသည်။

သတင်း-မိုးသိမ့်နိုင်/စံတော်ချိန်

ဓာတ်ပုံ – ကျော်ကျော်/စံတော်ချိန်