ပရီးမီးယားလိဂ်မှာ ကိုရိုနာဗိုင်းရပ်စ် ပိုးတွေ့လူနာ ၂ ယောက်ထပ်တိုး

အရင်တစ်ပတ် ကြာသပတေးနဲ့ သေကြာနေ့တွေမှာ ပရီးမီးယားလိဂ်ကစားသမား၊ နည်းပြနဲ့ အသင်းဝန်ထမ်းပေါင်း အယောက် ၁၂၀၀ ကို ပုံမှန်အတိုင်း ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးခဲ့ရာမှာ ပိုးတွေ့သူ ၂ ဦးရှိခဲ့ပြီး အဲဒီထဲက တစ်ယောက်ကတော့ နော့ဝှစ်ခ်ျ ကစားသမားတစ်ဦးဖြစ်ကြောင်း ဒေးလီးမေးလ်သတင်းမှာ ပါရှိပါတယ်။

နော့ဝစ်ခ်ျဟာ သောကြာနေ့က စပါးနဲ့ ခြေစမ်းပွဲကစားခဲ့တာကြောင့် ရောဂါကူးစက်မှာကို စိုးရိမ်စရာဖြစ်ခဲ့ပေမယ့် စပါးအသင်းကတော့ သူတို့အသင်းမှာ ပိုးတွေ့လူနာတစ်ယောက်မှ မရှိဘူးလို့ အတည်ပြုခဲ့သလို နော့ဝစ်ခ်ျအသင်းရဲ့ ပိုးတွေ့ လူနာနဲ့လည်း ထိတွေ့မှုမရှိခဲ့ကြောင်း ဆိုပါတယ်။

အမည်မထုတ်ပြန်ထားတဲ့ ဒီနော့ဝှစ်ခ်ျကစားသမားဟာ နေအိမ်မှာ တစ်ပတ်ကြာ ကွာရန်တင်း ဝင်ရမှာဖြစ်တာကြောင့် ဒီတစ်ပတ်ထဲ ပြန်စမယ့် ပရီးမီးယားလိဂ်ပွဲမှာတော့ ပါဝင်ကစားခွင့်ရမှာမဟုတ်ကြောင်း သိရပါတယ်။

ပရီးမီးယားလိဂ်ရဲ့အစီအစဉ်နဲ့ တစ်ပတ်ကို ၂ ကြိမ်နှုန်း ဆေးစစ်ခဲ့ရာမှာ အခုဆိုရင် ဆေးစစ်မှုအကြိမ်ပေါင်း ရှစ်ထောင့်ခြောက်ရာကျော်ရှိခဲ့ပြီဖြစ်ပြီး ပိုးတွေ့လူနာ ၁၆ ယောက်ရှိခဲ့ပါတယ်။

သတင်း – မောင်ဇေယျ
ကိုးကား – Dailymail.co.uk