ဂျာမနီနိုင်ငံရှိ နေတိုးတပ်ဖွဲ့ဝင်အရေအတွက်ကို အမေရိကန် လျှော့ချသွားဖို့ရှိနေ

ဂျာမနီနိုင်ငံရှိ နေတိုးတပ်ဖွဲ့ဝင်အရေအတွက်ကို အမေရိကန် လျှော့ချသွားဖို့ရှိနေ

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ ဂျာမနီအခြေစိုက နေတိုးတပ်ဖွဲ့ဝင် အမေရိကန်တပ်သားအရေအတွက် ကို လျှော့ချဖို့ ပြင်ဆင်နေပါတယ်။

တပ်သားဦးရေ ၉၅၀၀ လောက်အထိ ပြန်လည်လျှော့ချမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အစီအစဉ် ဟာ အမေရိကန်နိုင်ငံရဲ့အဓိက ကုန်သွယ်ဘက် ဂျာမနီနိုင်ငံအတွက် စိတ်ပျက်စရာ တစ်ခုဖြစ်စေမှာပါ။

ထရန့်ကတော့ ဂျာမနီအစိုးရဟာ နေတိုးသဘောတူညီမှုစာချုပ်ပါတဲ့ ကတိအတိုင်း စစ်အသုံးစရိတ်ပေးဖို့ ပျက်ကွက်တာကြောင့် စစ်အင်အား လျှော့ဖို့ စီစဉ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ရီပတ်ဘလစ်ကန်ပါတီအမတ်တချို့ကတော့ စစ်အင်အားလျှော့ချတာက ရုရှားအတွက် အားသာချက်တစ်ခုဖြစ်သွားစေမယ်လို့တော့ သတိပေးထားကြောင်း ရိုက်တာသတင်းအရ သိရပါတယ်။

သတင်း – မောင်ဇေယျ
ကိုးကား – Reuters