ဟောလိဝုဒ်ရုပ်ရှင်ရိုက်ကူးရေးလုပ်ငန်းတွေကို ဇူလိုင်လဆန်းပိုင်းမှာ ပြန်စဖို့ ပြင်ဆင်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရပ်ဆိုင်းထားတဲ့ ဟောလိဝုဒ်ရဲ့ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတွေကို ဇူလိုင်လဆန်းပိုင်းမှာ ပြန် လည်စတင်နိုင်ဖို့ မျှော်လင့်ထားပြီး ယူနီဗာဆယ်စတူဒီယိုရဲ့ “Jurassic World: Dominion” ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူး ဖို့ရှိနေပါတယ်။

ယူနီဗာဆယ်ရဲ့ထုတ်ပြန်ချက်အရ “Jurassic World: Dominion”ရုပ်ရှင် ဇာတ်ကားကို အင်္ဂလန်နိုင်ငံက ပိုင်းဝုဒ်စတူဒီယိုမှာ ဇူလိုင်လ ၆ ရက်နေ့မှာ ရိုက်ကူးဖို့ ပြင်ဆင်ထားပြီး ပါဝင်မယ့် သရုပ်ဆောင်တွေနဲ့ ရိုက်ကူးရေးအဖွဲ့တွေကို တင်းကြပ်တဲ့ကျန်းမာရေး စည်းကမ်းချက်တွေ ပြဌာန်းဖို့ စီစဉ်ထားပါတယ်။

အခုလောလောဆယ်တော့ နာမည်ကြီး ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်းရဲ့ “Avatar”နောက်ဆက်တွဲ ဇာတ်လမ်းကို နယူးဇီလန်နိုင်ငံက 20th Century Studiosမှာ တနင်္လာ နေ့ က တည်း က စတင်ရိုက်ကူးနေပါတယ်။ ထုတ်လုပ်သူ ဂျွန်လန်ဒူ အပါအဝင် Avatar”နောက်ဆက်တွဲ ဇာတ်လမ်းမှာ ပါဝင် သရုပ် ဆောင်မယ့်သူတွေနဲ့ ရိုက်ကူးရေးအဖွဲ့ဝင်အားလုံးကို ၂ပတ်ကြာ ကွာရန်တင်းဝင်ခိုင်းစေခဲ့ ကြောင်း ရိုက်တာ သတင်းက ဖော်ပြပါတယ်။

သတင်း – မောင်ဇေယျ
ကိုးကား – Reuters