ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် အမေရိကအားကစားပြိုင်ပွဲတွေ ပြန်ကျင်းပဖို့ နှောင့်နှေးနိုင်

အမေရိကန်နိုင်ငံမှာ အားကစားပြိုင်ပွဲတွေ တစ်ကျော့ပြန် ကျင်းပနိုင်ဖို့ မျှော်လင့်ချက်တွေဟာ သောကြာနေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါသတင်းဆိုးတွေကြောင့် ပြန်လည်မှေးမှိန်သွားရတယ်လို့ ရိုက်တာသတင်းက ဖော်ပြခဲ့ပါတယ်။

အမေရိကမှာ လူကြိုက်အများဆုံးအားကစားပြိုင်ပွဲတွေဖြစ်ကြတဲ့ NHL၊ MLB တို့နဲ့အတူ မေဂျာလိဂ်ဘောလုံးပွဲတွေကို ပြန်လည်စတင်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အားကစားသမားတွေကို ကိုရိုနာဗိုင်းရပ်စ်ရောဂါစစ်ဆေးမှုတွေ ဆက်တိုက်လုပ်ခဲ့ပါတယ်။

ဒီလိုဆေးစစ်ခဲ့ရမှာ မေဂျာလိဂ်ဘောလုံးကလပ် အင်တာမိုင်ယာမီအသင်းမှာ ကစားသမားတစ်ဦး၊ မေဂျာလိဂ်ဘေ့စ်ဘောကလပ် ဖီလာဒဲဖီးယားဖီးလစ်အသင်းမှာ ကစားသမား ၅ ဦး၊ တိုရွန်တိုဘလူးအသင်းမှာ ကစားသမား ၁ ဦး၊ လော့စ်အိန်ဂျလိစ်အိန်ဂျယ်စ်အသင်းမှာ ကစားသမား ၃ ဦးတို့အပြင် NHL ဟော်ကီကလပ် တမ်ပါဘေးအသင်းမှာပါ ကစားသမား ၃ ဦး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတာကို တွေ့ရှိခဲ့ရပါတယ်။

သတင်း – မောင်ဇေယျ
ကိုးကား – Reuters