Tik Tok အပါအဝင် တရုတ်မိုဘိုင်းဖုန်း အပလီကေးရှင်းအများစုကို အိန္ဒိယ ပိတ်ပင်

နယ်စပ်ပြဿနာကြောင့် တရုတ်အစိုးရနဲ့ တင်းမာမှုတွေဖြစ်လာပြီးနောက် အိန္ဒိယအစိုးရဟာ သူ့နိုင်ငံအတွင်း Tik Tok ပါအဝင် တရုတ်မိုဘိုင်းဖုန်း အပလီကေးရှင်းအများစုကို အသုံးပြုခွင့်ပိတ်ပင်လိုက်ကြောင်း အင်္ဂါနေ့က CNN သတင်းအရ သိရပါတယ်။

အိန္ဒိယ အီလက်ထရောနစ်နဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက တနင်္လာနေ့မှာ ထုတ်ပြန်ချက်မှာ မိုဘိုင်း အပလီကေးရှင်းအများစုကို မှားယွင်းစွာအသုံးပြုနေတာနဲ့ပတ်သက်လို့ တိုင်ကြားချက်တွေများစွာ လက်ခံရရှိခဲ့ကြောင်းနဲ့ အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို မိုဘိုင်း အပလီကေးရှင်း တချို့ကနေ အိန္ဒိယနိုင်ငံပြင်ပက ဆာဗာတွေဆီ ပေးပို့နေကြောင်း ဆိုပါတယ်။

မကြာသေးခင်က နယ်စပ်ဒေသမှာ နှစ်ဖက်စစ်တပ် ပဋိပက္ခဖြစ်ခဲ့ပြီးနောက် အခုဆိုရင် အိန္ဒိယမှာ တရုတ်ကုန်ပစ္စည်းတွေကို သပိတ်မှောက်ကြဖို့ တောင်းဆိုနေကြပါတယ်။

သတင်း – မောင်ဇေယျ
ကိုးကား – CNN