ရုပ်ရှင်ကြယ်ပွင့် ဂျနီဖာဂရေးနဲ့ ကလာ့ခ်ဂရက်ဒ်တို့ ကွာရှင်းပြတ်စဲ

epa02777786 US actor and cast member Clark Gregg (C) with wife US actress Jennifer Grey (L) and daughter Stella (R) arrive for the premiere of 'Mr. Popper's Penguins' in Los Angeles, California, USA 12 June 2011. 'Mr. Popper's Penguins' is a live action family comedy about a family who inherits six mischievous penguins. EPA/PAUL BUCK

အမေရိကန်ရုပ်ရှင်မင်းသမီး ဂျနီဖာဂရေးဟာ ခင်ပွန်းဖြစ်သူ ရုပ်ရှင်မင်းသား ကလာ့ခ်ဂရက်ဒ်နဲ့ ၁၉ နှစ်ကြာ အိမ်ထောင်ရေးကို အဆုံးသတ်လိုက်ပြီလို့ Fox သတင်းဌာနရဲ့ဖော်ပြမှုအရ သိရပါတယ်။

ရုပ်ရှင်ကြယ်ပွင့်တွေဖြစ်ကြတဲ့ ဂျနီဖာဂရေးနဲ့ ဂရက်ဒ်တို့ရဲ့ အိမ်ထောင်ရေးသက်တမ်းမှာ သားသမီးတစ်ဦးတည်း ထွန်းကားခဲ့ပါတယ်။

သူတို့ရဲ့ သမီးလေး စတယ်လာဟာ အခု အသက် ၁၈ နှစ်အရွယ် ရှိနေပြီဖြစ်ပါတယ်။

ကွာရှင်းပြတ်စဲကြောင်းကို မနေ့က သူမရဲ့ အင်စတာဂရမ်မှာ ဂျနီဖာဂရေးက ရေးတင်ခဲ့တာဖြစ်ပါတယ်။ အသက် ၆ဝ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဂျနီဖာဂရေးနဲ့ သူမထက် ၂ နှစ်ငယ်တဲ့ ဂရက်ဒ်တို့ဟာ ဇန်နဝါရီလကတည်းက သီးခြားခွဲနေခဲ့ကြတာဖြစ်ပြီး အခုတော့ တရားဝင်ကွာရှင်းခဲ့တာဖြစ်ပါတယ်။

သတင်း – မောင်ဇေယျ
ကိုးကား – Fox News