၅၈ နှစ်မြောက် ဆဲဗင်းဂျူလိုင် အခမ်းအနားကျင်းပ

ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂအဆောက်အအုံ မိုင်းခွဲဖျက်ဆီးခံရသည့် ယနေ့(ဇူလိုင် ၇ ရက်) တွင် ကျောင်းသားမျိုးဆက် အသီးသီးမှ ကျောင်းသားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက သမဂ္ဂအဆောက်အအုံဟောင်းနေရာတွင် ဆဲဗင်းဂျူလိုင်အောက်မေ့ဖွယ် အခမ်းအနားကိုကျင်းပခဲ့ကြသည်။

တက်ရောက်လာကြသည့် ကျောင်းသားမျိုးဆက်အသီးသီးနှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက လွမ်းသူ့ပန်းခြင်းများနဲ့ နှင်းဆီပန်းများချပြီ ကျဆုံးကျောင်းသားများအား အလေးပြုကာ ဆဲဗင်းဂျူလိုင် အောက်မေ့ဖွယ်စကားများနှင့် သဘောထားကြေညာချက်များကို ဖတ်ကြားခဲ့သည်။

ဓာတ်ပုံ – ကျော်ကျော်(စံတော်ချိန်) / ဖိုးသား (စံတော်ချိန်)