YBS ခရီးသည်ယာဉ်များတွင် YPS Card ဖြင့်ငွေပေးချေစနစ် စတင်အသုံးပြု

YBS ခရီးသည်တင်မော်တော်ယာဉ်များတွင် ငွေပေးချေစနစ်ဖြစ်သည့် YPS (Yangon Payment Services) ကို ယနေ့ (ဇူလိုင် ၂၁ ရက်) မှ စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်းသိရှိရသည်။

အဆိုပါ YPS Card များကို ရန်ကုန်မြို့အတွင်း YPS ဆိုင်းဘုတ်ပါရှိသည့် G&G ဆိုင်ပေါင်း ၁၀၂ ဆိုင်နှင့် ဆူလေ၊ သမိုင်း၊ တာမွေမြို့နယ်ရှိ YPS service စင်တာများတွင်လည်း ဝယ်ယူရရှိနိုင်ကြောင်း သိရသည်။

YPS ကဒ်စနစ်သည် ပထမအဆင့်အနေဖြင့် YBS ခရီးသည်တင်မော်တော်ယာဉ်အနည်းငယ်တွင်သာ စတင်အသုံးပြုနေခြင်းဖြစ်ပြီး နောက်ပိုင်းတွင် YBS မော်တော်ယာဉ်အားလုံးတွင် YPS Card ဖြင့်ငွေပေးချေသည့်စနစ်ကို ကျင့်သုံးသွားမည်ဟု သိရှိရသည်။

ဓာတ်ပုံ – ရဲမျိုးခန့်/ MPA