မြန်မာနိုင်ငံသို့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု (၄) လပြည့် သတင်းဒိုင်ယာရီ

ကမ္ဘာ့ကပ်ရောဂါလို့သတ်မှတ်ထားတဲ့ ကိုရိုနာဗိုင်းရပ်စ် မြန်မာနိုင်ငံကို ကူးစက်ပျံ့နှံ့လာတာ ယနေ့ (ဇူလိုင် ၂၃ ရက်) မှာ လေးလပြည့်ခဲ့ပြီဖြစ်ပါတယ်။ သည်လေးလအတွင်း မြန်မာနိုင်ငံမှာ COVID-19 ကြောင့် ဖြစ်ပေါ်ပြောင်းလဲခဲ့တဲ့ ထူးခြားဖြစ်စဉ်သတင်းထူးများနဲ့ မြန်မာနိုင်ငံအနှံ့ ဖြစ်ပေါ်ခဲ့တဲ့ သတင်းထူးတွေကို မှတ်တမ်းတင်ဖော်ပြလိုက်ပါတယ်။

ဇွန် ၂၃ ရက် – လူနာအမှတ် ၂၉၁၊ ၂၉၂ ထပ်တိုး COVID-19 ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစဉ်များအတွက် နိုင်ငံတော်က ကျပ်ငွေ ၂၆၇ ဘီလျံထပ်မံချပေး၊ ကိုဗစ်- ၁၉ ကာကွယ်ထိန်းချုပ်ကုသရေးကာလအတွင်း ပြည်သူများအနေနှင့် ရိက္ခာစုဆောင်းခြင်းများ ရိက္ခာများကို ဝယ်နိုင်သလောက်ဝယ်ထားမည်ဆိုသည့် စိတ်ဓာတ်များ မထားစေလိုကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မေတ္တာရပ်ခံ၊ စစ်ရေးဆိုင်ရာလျှိ့ဝှက်ချက်များ ပေါက်ကြားမှုအပါအဝင် အချက်နှစ်ချက်ကြောင့် ရခိုင်ပြည်နယ်တွင် အင်တာနက်ဖြတ်တောက်မှုများကို တင်ပြဆောင်ရွက်ထားခြင်းဖြစ်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း သတင်းမီဒီယာများကိုပြန်လည်ရှင်းလင်း

ဇွန် ၂၄ ရက် – လူနာအမှတ် ၂၉၃ ထပ်တိုး၊ လူနာအမှတ် ၁၄၈၊ ၁၆၉၊ ၂၅၃၊ ၂၅၈ တို့နှစ်ကြိမ်ဆက် Negative ပြ (နှစ်ကြိမ်ဆက် Negative ပြသူစုစုပေါင်း ၂၀၈ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၁၉၃ ဦး)၊ လူနာအမှတ် ၂၉၂ နှင့် ထိတွေ့ခဲ့သူ ၁၁ ဦးကို Quarantine ပြုလုပ်ထား၊ မလေးရှားနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာနိုင်ငံသားရွှေ့ပြောင်း အလုပ်သမားများနိုင်ငံသား စိစစ်မှုပြုလုပ်ရန်မြန်မာသံရုံးစီစဉ်၊ ဝန်ထမ်းများ ကားတင်သွင်းခွင့်ပြုမည့်ကိစ္စ ဆက်လက်အကောင်အထည်ဖော်ရန်ရှိဟု စီး/ကူး ဒုဝန်ကြီးပြော၊ ရွေးကောက်ပွဲအသုံးစရိတ် ကျပ်ဘီလီယံ ၅၀ လျာထားဟု ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန (ညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာထွန်း) ဆို

ဇွန် ၂၅ ရက် – ပိုးတွေ့လူနာမရှိ၊ လူနာအမှတ် ၂၁၆၊ ၂၃၅၊ ၂၄၂ တို့နှစ်ကြိမ်ဆက် Negative ပြ၊ ကိုဗစ်-၁၉ ကြောင့် ပြည်ပနိုင်ငံအသီးသီးမှ ပြန်လည်ရောက်ရှိလာသည့် ဆောက်လုပ်ရေးလုပ်ကိုင်သူများ အလုပ်အကိုင်ဖန်တီးပေးရန် စီစဉ်လျက်ရှိ၊ ကျောင်းဖွင့်ရက်နောက်ကျခြင်းကြောင့် အခြေခံပညာအတန်းများအားလုံး၏ သင်ရိုးညွှန်းတမ်းများ လျှော့ချမည်ဟုဆို၊ သရုပ်ဆောင်မင်းရာဇာအား အရှေ့ပိုင်းခရိုင်တရားရုံးတွင် ပုဒ်မ-၃၇၆ ဖြင့် စစစ်မည်၊ ၂၁ ရာစုပင်လုံ စတုတ္ထအကြိမ် အစည်းအဝေး သြဂုတ်ဒုတိယပတ်တွင် ကျင်းပရန်လျာထား၊ တစ်နှစ်တာအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ လေးဘီလီယံကျော်ရရှိခဲ့

ဇွန် ၂၆ ရက် – ပိုးတွေ့လူနာမရှိ၊ လူနာအမှတ် ၁၆၁၊ ၂၂၆၊ ၂၃၄၊ ၂၄၆ တို့နှစ်ကြိမ်ဆက် Negative ပြ၊ အဆိုတော်ချစ်သုဝေနှင့် ၎င်း၏ဖခင်ဦးဇော်ဝင်းအား ရှေ့နေဦးအေးပိုင် တရားစွဲဆို၊ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် ကိုဇော်လင်းထွဋ် (ခ) ဖိုးသား လွတ်ရက်စေ့၍ လွတ်မြောက်လာ၊ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် ဘာရိန်းနိုင်ငံမှ မြန်မာနိုင်ငံသား ၁၄၃ ဦး ပြန်လည်ရောက်ရှိ၊ သိမ်းဆည်းမူးယစ်ဆေးဝါးများအား ဖျက်ဆီးသည့်အခမ်းအနား ရန်ကုန်မြို့တွင်ကျင်းပ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မြန်မာသင်္ဘောသားများအပါအဝင် မြန်မာနိုင်ငံသား ၁၅ ဦး ပြန်လည်ရောက်ရှိ၊ ကိုဗစ်ကာလအတွင်း အလုပ်လက်မဲ့ဖြစ်သွားသော အလုပ်သမား နှစ်သိန်းခွဲခန့်ကို အလုပ်ပြန်လည်ရရှိရေး ဆောင်ရွက်ပေးနေဟု (အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဒုဝန်ကြီး ဦးမြင့်ကြိုင်) ဆို၊ ဂျပန်မှ မြန်မာနိုင်ငံသား (၁၇၉)ဦး ဒုတိယအသုတ်အဖြစ် ပြန်လည်ရောက်ရှိ

ဇွန် ၂၇ ရက် – ပိုးတွေ့လူနာမရှိ၊ လူနာအမှတ်-၂၁၇ ဓာတ်ခွဲစစ်ဆေးမှု နှစ်ကြိမ်ဆက် Negative ပြ (နှစ်ကြိမ်ဆက် Negative ပြသူစုစုပေါင်း ၂၁၆ ဦး၊ ၂၀၂ ဦးဆေးရုံမှ ဆင်းခွင့်ရ)၊ ဇွဲကပင်တောင်ပေါ်တွင် ပျောက်ဆုံးသွားသော တက္ကသိုလ်ကျောင်းသူ၏ ရုပ်အလောင်းတွေ့ရှိ၊ စာရေးဆရာ နွမ်ဂျာသိုင်းကွယ်လွန်၊ အင်းစိန်မှ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူများအနက် ၃၆ ဦးပိုးကင်းစင်၊ COVID-19 အတွက် ဖြေလျှော့၊ တိုးမြှင့်ရန်လိုအပ်သည့် ကိစ္စများမှအပ တားမြစ်ကန့်သတ်မှုများအား ဇူလိုင် ၁၅ ရက်ထိ သက်တမ်းတိုး

ဇွန် ၂၈ ရက် – လူနာအမှတ် ၂၉၄၊ ၂၉၅၊ ၂၉၆၊ ၂၉၇၊ ၂၉၈၊ ၂၉၉ ထပ်တိုး၊ လူနာအမှတ်-၂၄၅၊ ၂၄၇ တို့ ဓာတ်ခွဲစစ်ဆေးမှု နှစ်ကြိမ်ဆက် Negative ပြ (နှစ်ကြိမ်ဆက် Negative ပြသူစုစုပေါင်း ၂၁၈ ဦး၊ ၂၀၆ ဦးဆေးရုံမှ ဆင်းခွင့်ရ)၊ မြန်မာ၌ COVID-19 ကြောင့် လူဦးရေလေးသန်းအထိ ဆင်းရဲနွမ်းပါးနိုင်ဟု ကမ္ဘာ့ဘဏ်တာဝန်ရှိသူပြော၊ ထိုင်းမှ နေရပ်ပြန်မြန်မာများအတွက် အထူးဘတ်စ်ကားအစီအစဉ် ဇွန်လကုန်နောက်ဆုံး ထားပြေးဆွဲမည်၊ စင်ကာပူနိုင်ငံမှ မြန်မာနိုင်ငံသား ၁၅၄ ဦး ပြန်လည်ရောက်ရှိ၊ ပြည်ဝင်ခွင့် ယာယီကန့်သတ်မှုဆိုင်ရာ အစီအမံများအားလုံး ဇူလိုင် ၃၁ ရက်အထိ ထပ်မံတိုးမြှင့်၊ ရသေ့တောင်မြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်နေပြီး ဒေသခံများနီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း ရွေးကောက်ပွဲထပ်မံဝင်ရောက်ယှဉ်ပြိုင်မည်

ဇွန် ၂၉ ရက် – ပိုးတွေ့လူနာမရှိ၊ လူနာအမှတ်-၁၈၂၊ ၂၀၀၊ ၂၀၁ တို့ ဓာတ်ခွဲစစ်ဆေးမှု နှစ်ကြိမ်ဆက် Negative ပြ (နှစ်ကြိမ်ဆက် Negative ပြသူစုစုပေါင်း ၂၂၁ ဦးရှိ၊ ၂၁၁ ဦးဆေးရုံမှ ဆင်းခွင့်ရ)၊ ကိုရီးယားနှင့် အခြားနိုင်ငံများတွင် အခက်အခဲဖြစ်နေသော မြန်မာနိုင်ငံသား ၁၈၀ ဦးအား ပြန်လည်ပို့ဆောင်၊ ဟောင်ကောင်နှင့် မကာအိုအထူးအုပ်ချုပ်ရေးဒေသမှ မြန်မာသင်္ဘောသားများအပါအဝင် မြန်မာနိုင်ငံသား ၁၂၁ ဦးပြန်လည်ရောက်ရှိ၊ ပြည်သူများအလိမ်မခံရစေရန် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံဖြင့် မဲမဆွယ်ရေးကန့်ကွက်ခြင်းဖြစ်ဟု ပြည်ခိုင်ဖြိုးပြော၊ မြန်မာ့စီးပွားရေး ထပ်မံကျဆင်းနိုင်ဟု ကမ္ဘာ့ဘဏ်အစီရင်ခံစာ၌ ဖော်ပြ

ဇွန် ၃၀ ရက် – ပိုးတွေ့လူနာမရှိ၊ လူနာအမှတ်-၂၄၉ ဓာတ်ခွဲစစ်ဆေးမှု နှစ်ကြိမ်ဆက် Negative ပြ (နှစ်ကြိမ်ဆက် Negative ပြသူစုစုပေါင်း ၂၂၂ ဦး၊ ၂၁၆ ဦးဆေးရုံမှ ဆင်းခွင့်ရ)၊ အင်းစိန်မြို့နယ်အား Stay At Home အစီအစဉ်မှပယ်ဖျက်၊ တရားဟောဆရာဒေးဗစ်လား အမှု စွဲချက် တင်၊ မတင် လာမည့် ဇူလိုင်(၂)ရက်တွင် အမိန့်ချမည်၊ ကိုရီးယားနှင့် အခြားနိုင်ငံများရှိ မြန်မာသင်္ဘောသား ၁၂၉ ဦးအား ပြန်လည်ခေါ်ဆောင်၊ COVID-19 ထိန်းချုပ်နိုင်လျှင် တပ်မတော်စစ်ရေးပြအခမ်းအနား ပြန်လုပ်မည်၊ ရန်ကုန်-ဥက္ကံ အာရ်ဘီအီးရထား ယနေ့ပြန်လည်ပြေးဆွဲမည်၊ မဲဆန္ဒနယ်မြေစာရင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထုတ်ပြန်

ဇူလိုင် ၁ ရက် – လူနာအမှတ် ၃၀၀ မှ ၃၀၃ ထိထပ်တိုး၊ (နှစ်ကြိမ်ဆက် Negative ပြသူစုစုပေါင်း ၂၂၂ ဦး၊ ၂၁၆ ဦးဆေးရုံမှ ဆင်းခွင့်ရ)၊ ရုရှားနိုင်ငံမှပြန်လာသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တွင် COVID-19 ရောဂါပိုးမတွေ့၊ သရုပ်ဆောင် မေသန်းနု လွတ်ရက်စေ့၍ ပြန်လည်လွတ်မြောက်၊ ပုပ္ပါးတောင်ကလပ် ပြန်လည်ဖွင့်လှစ်၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအား နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပမည်ဟုရွေးကော်ကြေညာ၊ စင်ကာပူနိုင်ငံရှိ မြန်မာသင်္ဘောသား ၄၇ ဦးအား ပြန်လည်ပို့ဆောင်၊ လစာထက်ဝက်လျှော့ချသဖြင့် ဝိုင်ဘီပီစီကုမ္ပဏီ ယာဉ်မောင်း ၄၀၀ ကျော်အလုပ်ထွက်၊ မန္တလေး-ဗန်းမော် သင်္ဘောခရီးစဉ်များ ပုံမှန်ပြန်လည်ပြေးဆွဲ

ဇူလိုင် ၂ ရက် – လူနာအမှတ် ၃၀၄ ထပ်တိုး၊ လူနာအမှတ်-၂၃၇ ဓာတ်ခွဲစစ်ဆေးမှု နှစ်ကြိမ်ဆက် Negative ပြ (နှစ်ကြိမ်ဆက် Negative ပြသူစုစုပေါင်း ၂၂၃ ဦး၊ ၂၁၆ ဦးဆေးရုံမှ ဆင်းခွင့်ရ)၊ COVID-19 လူနာအမှတ်-၉၆ ရောဂါပျောက်ကင်းပြီး တစ်လကျော်အကြာတွင် ရောဂါပိုး ပြန်လည်တွေ့ရှိ၊ ဖားကန့်၌မြေပြိုမှု မွန်းတည့် ၁၂ နာရီ ၅ မိနစ်ထိ သေဆုံးသူ ၁၁၃ ဦးအထိရှိခဲ့၊ တရားဟောဆရာ စောဒေးဗစ်လားနှင့် ဦးဝေထွန်းအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ-၂၅ ဖြင့်စွဲချက်တင်၊ မြစ်ဆုံစီမံကိန်း တားမြစ်ချက် စာချွန်တော်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တင်သွင်းမည်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ ယနေ့မှစ၍ ပါတီစည်းရုံးရေးလုပ်ငန်းများ စတင်ဆောင်ရွက်မည်ဟု NLD ထုတ်ပြန်

ဇူလိုင် ၃ ရက် – လူနာအမှတ် ၃၀၅၊ ၃၀၆ ထပ်တိုး၊ လူနာအမှတ် ၂၀၅၊ ၂၅၀၊ ၂၆၄၊ ၂၆၆၊ ၂၇၀၊ ၂၇၂၊ ၂၇၃၊ ၂၇၄၊ ၂၇၅၊ ၂၇၆၊ ၂၈၁၊ ၂၈၄၊ ၂၈၅၊ ၂၈၇ တို့နှစ်ကြိမ်ဆက် Negative ပြ (နှစ်ကြိမ်ဆက် Negative ပြသူ ၂၃၇ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၂၁၉ ဦး)၊ ဖားကန့်မြေပြို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က နိုင်ငံအတွက် ဝမ်းနည်းစရာကိစ္စဟုဆို၊ ဇွန်လအတွက် အိမ်သုံးမီတာသုံးစွဲခွင့်နှင့် ၁၅၀ ယူနစ် ထပ်မံလျော့ပေး၊ လူရာနှင့်ချီသေဆုံးပြီးနောက် ကျောက်စိမ်းတူးဖော်မှု သုံးလရပ်ဆိုင်းကြောင်းကြေညာ၊ ဖားကန့်တွင် ကျောက်စိမ်းတွင်းလုပ်ကွက်ဟောင်း မြေပြို၍ သေဆုံးသူ ၁၇၂ ဦးနှင့် ဒဏ်ရာရသူ ၅၄ ဦးရှိလာ၊ ဂဠုန်ဦးစောအဖြစ် သရုပ်ဆောင်ရန် ဆုပန်ထွာ၏ ခင်ပွန်းအား ရွေးချယ်၊ ပြည်တော်ပြန် ငါးထောင်ကျော်ကို ဆောက်လုပ်ရေးလုပ်ငန်းများတွင် အလုပ်အကိုင်ပေးရန် စီစဉ်နေဟု မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌဦးရှိန်ဝင်းပြော၊ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရာတွင် ဗိုလ်ချုပ်အောင်ဆန်းပုံကို ဆက်လက်အသုံးပြုမည်( NLD ဒုဥက္ကဋ္ဌ(၂) ဒေါက်တာဇော်မြင့်မောင်ပြော)၊ အသွားအလာကန့်သတ်ထားသော မလေးရှားပြန်နှစ်ဦး စိတ်ကစဥ့်ကလျားဖြစ်၍ ရွာသာကြီးဆေးရုံသို့ပို့၊ ဖိလစ်ပိုင်နိုင်ငံမှ မြန်မာနိုင်ငံသား ၁၂၅ ဦးပြန်လည်ရောက်ရှိ၊ ဖားကန့်မြေပြိုမှုဖြစ်စဉ် ဖော်ထုတ်ရန် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း၊ အောင်လအန်ဆန် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ

ဇူလိုင် ၄ ရက် – လူနာအမှတ် ၃၀၇ မှ ၃၁၃ ထိထပ်တိုး၊ လူနာအမှတ် ၂၂၂၊ ၂၈၉၊ ၂၉၀ တို့နှစ်ကြိမ်ဆက် Negative ပြ (နှစ်ကြိမ်ဆက် Negative ပြသူ ၂၄၀ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၂၂၆ ဦး)၊ ဖားကန့်တွင် ကျောက်စိမ်းတွင်းလုပ်ကွက်ဟောင်း မြေပြို၍ သေဆုံးသူ ၁၇၄ ဦးနှင့် ဒဏ်ရာရသူ ၅၄ ဦးရှိလာ၊ ဖားကန့်မြေစာပုံပြိုကျ၍ သေဆုံးသူများအား မြေမြှုပ်သဂြိုလ်၊ အခြေခံပညာကျောင်းများ တစ်နေ့လျှင် လေးနာရီနှင့်စာသင်ချိန် ငါးချိန်သာသင်ကြားရန် လျာထားဟု အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းပြော၊ စစ်ကိုင်း၊ ရခိုင်၊ ချင်း၊ ကချင်ပြည်နယ်တို့မှ ဒေသအချို့ကို ကန္တာရကျိုင်းကောင် ဖြတ်သန်းဝင်ရောက်လာနိုင်သည့် သတိထားစောင့်ကြည့်ဒေသများအဖြစ်သတ်မှတ်ထား၊ ထိုင်းပြန် မြန်မာအလုပ်သမားတစ်ဦး မြဝတီနယ်စပ်ဂိတ်၌ မိမိကိုယ်ကိုယ်သတ်သေမှုဖြစ်ပွား၊ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့သည့် ရဲရာထူးခန့်ချုပ်ကို ထောင်ဒဏ်သုံးနှစ်ချ

ဇူလိုင် ၅ ရက် – ပိုးတွေ့လူနာမရှိ၊ လူနာအမှတ် ၂၃၂ နှစ်ကြိမ်ဆက် Negative ပြ (နှစ်ကြိမ်ဆက် Negative ပြသူ ၂၄၁ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၂၂၆ ဦး)၊
ဖားကန့်မြေပြိုမှု စုံစမ်းစစ်ဆေးရေးအဖွဲ့ စတင်ကွင်းဆင်းစစ်ဆေး၊ ပုသိမ်မြို့ရှိ Quarantine Center တွင် ထိုင်းပြန်အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံး၊ COVID-19 ကူးစက်မှု ဒုတိယလှိုင်း မဖြစ်စေရန် ကျန်းမာရေးသတိပေးချက်များ ဆက်လက်လိုက်နာကြရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တိုက်တွန်း၊ ဖိလစ်ပိုင်နိုင်ငံရောက် သင်္ဘောသားများအပါအဝင် မြန်မာနိုင်ငံသား ၁၂၂ ဦးပြန်လည်ရောက်ရှိ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ယာယီဌာနချုပ်ရုံးခွဲ နေပြည်တော် ဥတ္တရသီရိ မြို့နယ်၌ ဖွင့်လှစ်

ဇူလိုင် ၆ ရက် – လူနာအမှတ် ၃၁၄၊ ၃၁၅၊ ၃၁၆ ထပ်တိုး၊ လူနာအမှတ် ၂၅၅၊ ၂၅၉၊ ၂၆၂၊ ၂၉၂ တို့နှစ်ကြိမ်ဆက် Negative ပြ (နှစ်ကြိမ်ဆက် Negative ပြသူ ၂၄၅ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၂၂၈ ဦး)၊ ပိုးတွေ့လူနာအမှတ်-၃၁၁ လာအိုမှပြန်လာစဉ် YBS-90 စီး၍ တိုက်ကြီးသို့ပြန်ခဲ့ဟု တိုက်ကြီးပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ပြော၊ COVID-19 အတည်ပြုလူနာအမှတ် ၃၁၁ နှင့် အနီးကပ်ထိတွေ့ခဲ့သူ ၂၉ ဦးရှိ၊ ဖားကန့်မြေသားပြိုကျမှုဖြစ်စဉ်မှ လုံခြုံရေးဆိုင်ရာတာဝန်ရှိသည့် တပ်မှူးတစ်ဦးနှင့် လုံ/နယ်ဝန်ကြီးအား အရေးယူ၊ ပြည်ပမှပြန်လာရန် စောင့်ဆိုင်းနေသည့် မြန်မာနိုင်ငံသားများ သည်းခံပေးကြရန်မေတ္တာရပ်ခံ၊ အလုပ်သမားအရေးလှုပ်ရှားသူများ တစ်သီးပုဂ္ဂလ ၁၁ နေရာဝင်ပြိုင်မည်၊ အီးယူမှ သက်ကြီးရွယ်အို၊ မသန်စွမ်းသူများကို ယူရို ၁ ဒသမ ၄၃ သန်း ပံ့ပိုးပေးမည်

ဇူလိုင် ၇ ရက် – ပိုးတွေ့လူနာမရှိ၊ နှစ်ကြိမ်ဆက် Negative ပြသူစုစုပေါင်း ၂၄၅ ဦး(ဆေးရုံဆင်းခွင့်ရသူ ၂၃၁ ဦး)၊ ၅၈ နှစ်မြောက် ဆဲဗင်းဂျူလိုင် အခမ်းအနားကျင်းပ၊ နေပြည်တော်ရှိ ယတြာအစီအမံဖြင့် ပြုလုပ်ထားသည့် ဘုရားများဖယ်ရှား၊ ပညာရေးတက္ကသိုလ်နှင့် ပညာရေးကောလိပ်ဆင်း ၁၇၀၀၀ အတွက် အလုပ်ခန့်အပ်စာထုတ်ပြန်ပေးမည်၊ ကိုရီးယားနှင့် အခြားနိုင်ငံများရှိ မြန်မာသင်္ဘောသားများအပါအဝင် မြန်မာနိုင်ငံသား ၁၁၅ ဦးအား ပြန်လည်ပို့ဆောင်၊ ၈၈ မျိုးဆက် ညီနောင်ပါတီအား နိုင်ငံရေးပါတီမှတ်ပုံတင်ထားခြင်းမှ ဖျက်သိမ်းကြောင်း ကြေညာ၊ COVID-19 ကာလအတွင်း အများပြည်သူထံဈေးသက်သက်သာသာဖြင့် ဆန်ရောင်းချမည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ပြော

ဇူလိုင် ၈ ရက် – လူနာအမှတ် ၃၁၇ ထပ်တိုး၊ လူနာအမှတ် ၂၂၁၊ ၂၅၂၊ ၂၆၇၊ ၂၈၃၊ ၂၈၆ တို့နှစ်ကြိမ်ဆက် Negative ပြ၊ (နှစ်ကြိမ်ဆက် Negative ပြသူစုစုပေါင်း ၂၅၀ ဦး၊ဆေးရုံဆင်းခွင့်ရသူ ၂၃၃ ဦး)၊ သရုပ်ဆောင် မိုးအောင်ရင်အမှုတွင် ပြန်ခေါ်သက်သေစစ်ဆေးမှုပြီးစီး၊ မိဘအုပ်ထိန်းသူ၊ ပြည်သူများသို့ ပညာရေးဝန်ကြီးဌာန မေတ္တာရပ်ခံချက် ၁၆ ချက်ထုတ်ပြန်၊ ပြည်တွင်း၊ ပြည်ပမှ နိုင်ငံသားအားလုံးမဲပေးခွင့် မဆုံးရှုံးစေရေး၊ တရားမဲ့ပြုကျင့်မှုများ မဖြစ်စေရေး ကြပ်မတ်ရန်လိုအပ်ဟု နိုင်ငံတော်သမ္မတပြောကြား၊ အထွေထွေရွေးကောက်ပွဲ လေ့လာခွင့်အတွက် လျှောက်ထားနိုင်ကြောင်း ကော်မရှင်ကြေညာ၊ ဝိုင်ဘီအက်စ်အစီး ၆၀၀ ခန့်ကို ကတ်စနစ်ငွေပေးချေမှု ဇူလိုင် ၂၁ ရက်စတင်မည်၊ MNL ပွဲစဉ်များ ဇူလိုင်လကုန်အတွင်း ပြန်လည်စတင်ရန် ကျန်း/အာဝန်ကြီးဌာနနှင့် သဘောတူညီမှုရရှိ

ဇူလိုင် ၉ ရက် – လူနာအမှတ် ၃၁၈ နှင့် ၃၁၉ ထပ်တိုး၊ လူနာအမှတ် ၂၁၀၊ ၂၂၄၊ ၂၇၇၊ ၂၇၈ တို့နှစ်ကြိမ်ဆက် Negative ပြ၊ (နှစ်ကြိမ်ဆက် Negative ပြသူစုစုပေါင်း ၂၅၄ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၂၃၇ ဦး)၊ တိုင်ပေမြို့ရှိ သင်္ဘောသားများအပါအဝင် မြန်မာနိုင်ငံသား ၅၈ ဦးအား ပြန်လည်ပို့ဆောင်၊ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲရှောင်ဦးရေ ၁၉၀၀၀၀ ကျော်ရှိလာ၊ ဝေဠုကျော်အမှုတွင် တရားလိုဖြစ်သူ သင်းသင်းအား အပြန်အလှန်စစ်မေး၊ ဝမ်းဖိုးဝမ်း (141) နိုင်ငံရေးအင်အားစု ပြည်သူ့ပါတီသို့ဝင်ရောက်၊ အဆိုတော်ချစ်သုဝေနှင့် ၎င်း၏ဖခင် ဦးဇော်ဝင်းအား တရားစွဲရန်လျှောက်ထားမှု သင်္ဃန်းကျွန်းတရားရုံး ပလပ်၊ ကျောင်းအပ်လက်ခံရာတွင် မည်သည့်အခကြေးငွေမျှ ကောက်ခံခြင်း လက်ဆောင်ပစ္စည်းလက်ခံခြင်း မပြုရန် ပညာရေးဝန်ကြီးဌာနကြေညာ၊ စီးပွားရေးလာရောက်လုပ်ကိုင်မည့် နိုင်ငံခြားသားများကို ပြည်ဝင်ခွင့်ပေးမည်၊ Grade-10 သင်ရိုးသစ်တွင် ဘာသာရပ် ၁၀ ခုပါဝင်မည်ဖြစ်ပြီး သိပ္ပံတွဲနှင့် ဝိဇ္ဇာတွဲကျောင်းသား၊ ကျောင်းသူများသည် ပေါင်းစပ်ဘာသာရပ်များကို ထည့်သွင်းသင်ယူရမည်

ဇူလိုင် ၁၀ ရက် – လူနာအမှတ် ၃၂၀ မှ ၃၂၆ ထိထပ်တိုး၊ လူနာအမှတ် ၂၆၈ နှင့် ၂၈၂ တို့နှစ်ကြိမ်ဆက် Negative ပြ (နှစ်ကြိမ်ဆက် Negative ပြသူစုစုပေါင်း ၂၅၆ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၂၄၀ ဦး)၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက အနုပညာရှင်များနှင့် ရိုးရာလက်ဝှေ့အဖွဲ့များအတွက် စားသောက်ကုန်များပေးအပ်လှူဒါန်း၊ စစ်ပွဲများရပ်တန့်ပေးရေး ဆန္ဒပြသူများကို ငွေဒဏ်ငါးထောင်အမိန့်ချမှတ်၊ COVID-19 ကာလအလွန် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများမှာ တစ်ကမ္ဘာလုံးနှင့် ယှဉ်ပြိုင်ရမည့်အခြေအနေဖြစ်လာမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော၊ ထိုင်းတွင် ပြစ်ဒဏ်ကျခံပြီး လွတ်မြောက်လာသူ ၄ ဦး တံတားအမှတ်(၂)မှ ပြန်လည်ဝင်ရောက်၊ ဇွဲကပင်တောင်တက်ရင်း ပျောက်ဆုံးနေသည့် တက္ကသိုလ်ကျောင်းသားရုပ်အလောင်းပြန်လည်တွေ့ရှိ၊

ဇူလိုင် ၁၁ ရက် – လူနာအမှတ် ၃၂၇ မှ ၃၃၀ ထိထပ်တိုး၊ လူနာအမှတ် ၂၇၁၊ ၂၉၁၊ ၂၉၆၊ ၂၉၉ တို့နှစ်ကြိမ်ဆက် Negative ပြ (နှစ်ကြိမ်ဆက် Negative ပြသူစုစုပေါင်း ၂၆၀ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၂၄၇ ဦး)၊ ရုပ်ရှင်မင်းသားကြီးအကယ်ဒမီဦးကျော်ဟိန်း (ဥုးကိတ္တိသာရ) ပျံလွန်တော်မူ၊ စစ်တမ်းကောက်ယူထားသော စီးပွားရေးလုပ်ငန်း ၁၀ ခုအနက် ကိုးခုသည် COVID-19 ကြောင့် အခြေအနေမကောင်းသည်ကို တွေ့ရှိခဲ့ဟု (Myanmar Marketing Research & Development (MMRD) ထုတ်ပြန်၊ စင်ကာပူနိုင်ငံရှိ သင်္ဘောသားများအပါအဝင် မြန်မာနိုင်ငံသား ၇၅ ဦးအားပြန်လည်ပို့ဆောင်၊ COVID-19 ရောဂါပိုးကင်းစင်သွားပြီဖြစ်သည့် ဒေသစုစုပေါင်း ၁၁ ခုရှိပြီဖြစ်၊ အိမ်သုံးမီတာသုံးစွဲခွင့် ဇူလိုင် ၁၅ ရက်အထိ ၇၅ ယူနစ်ထပ်မံလျော့ပေး၊ ရဲရာထူးခန့်ချုပ်နေရာ အပါအဝင် လစ်လပ်နေရာများ အစားထိုးခန့်အပ်

ဇူလိုင် ၁၂ ရက် – လူနာအမှတ် ၃၃၁ ထပ်တိုး၊ လူနာအမှတ် ၂၄၈ ဓာတ်ခွဲစစ်ဆေးမှု နှစ်ကြိမ်ဆက် Negative ပြ (နှစ်ကြိမ်ဆက် Negative ပြသူစုစုပေါင်း ၂၆၁ ဦး၊ ဆေးရုံမှဆင်းခွင့်ရသူ ၂၄၈ ဦး)၊ ဖားကန့်မြေပြိုမှုတွင် သေဆုံးသူများအတွက် ကုသိုလ်ပြုလှူဒါန်းရန် သီတဂူဆရာတော်ကြီး ကြွရောက်၊ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် အမေရိကန်က မြန်မာကို ဒေါ်လာသုံးသန်းထပ်မံပေးအပ်မည်၊ ပြည်သူ့ပါတီဝင် ဦးမြတ်ကျော် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးဥပဒေဖြင့် တရားစွဲခံရ၊ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)နှင့် (နတ်မောက်) COVID-19 ကြောင့် အွန်လိုင်းမှသာ ကြည့်ရှုခွင့်ပေးမည်

ဇူလိုင် ၁၃ ရက် – လူနာအမှတ် ၃၃၂ မှ ၃၃၆ ထိထပ်တိုး၊ (နှစ်ကြိမ်ဆက် Negative ပြသူစုစုပေါင်း ၂၆၁ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၂၄၉ ဦး)၊ စစ်ကိုင်းပြည်သူ့ဆေးရုံကြီးမှ သံဃာတော်တစ်ပါး COVID-19 ဓာတ်ခွဲစစ်ဆေးမှု (၇)ကြိမ်အထိ ပိုးတွေ့ရှိရလဒ်ထွက်နေ၊ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး အမိန့်များ ဇူလိုင် ၃၁ ရက်ထိ သက်တမ်းတိုး၊ လူရွှင်တော်မန်းဝင်းကွယ်လွန်၊ အခြေခံပညာအထက်တန်းကျောင်းများ ကျောင်းအပ်စတင်လက်ခံ၊ ကမ္ဘာ့ရွှေဈေး ခုန်တက်မှုကြောင့် အခေါက်ရွှေဈေး ထပ်မံမြင့်တက်၊ Quarantine ဝင်ရာမှ ထွက်ပြေးခဲ့သည့် စိတ်ကျန်းမာရေးမကောင်းသူအား မုဒုံမြို့တွင် ပြန်လည်ဖမ်းမိ

ဇူလိုင် ၁၄ ရက် – လူနာအမှတ် ၃၃၇ ထပ်တိုး (နှစ်ကြိမ်ဆက် Negative ပြသူစုစုပေါင်း ၂၆၁ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၂၄၉ ဦး)၊ မလေးရှားအပါအဝင် အခြားပြည်ပနိုင်ငံများတွင် ဒုက္ခရောက်နေသည့် မြန်မာနိုင်ငံသားများ မရှိသလောက်နည်းပါးနေပြီဟု အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်ပြော၊ ကိုရီးယားသမ္မတနိုင်ငံနှင့် အခြားနိုင်ငံအချို့ရှိ သင်္ဘောသားများအပါအဝင် မြန်မာနိုင်ငံသား ၁၁၂ ဦးအား ပြန်လည်ပို့ဆောင်၊ NLD ပါတီ ရွေးကောက်ပွဲအောင်နိုင်ရေးဥက္ကဋ္ဌအဖြစ် ဒေါ်အောင်ဆန်းစုကြည်တာဝန်ယူမည်

ဇူလိုင် ၁၅ ရက် – ပိုးတွေ့လူနာမရှိ၊ လူနာအမှတ် ၂၆၅၊ ၂၉၄၊ ၃၀၁၊ ၃၀၂၊ ၃၀၄ တို့ ဓာတ်ခွဲစစ်ဆေးမှုနှစ်ကြိမ်ဆက် Negative ပြ (နှစ်ကြိမ်ဆက် Negative ပြသူ စုစုပေါင်း ၂၆၆ ဦး၊ ဆေးရုံမှဆင်းခွင့်ရသူ ၂၅၃ ဦး)၊ လူနာအားလုံး၏ (၆၀)ရာခိုင်နှုန်းသည် ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးရှိနေနိုင်သည့်အချက်ကို သတိပြုရမည်ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးဆို၊ မဲလက်မှတ်ပုံနှိပ်ခြင်းအပါအဝင် လုပ်ငန်းစဉ်အချို့ ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ စောင့်ကြည့်ခွင့်မရ၊ ကိုယ်ပိုင်ကျောင်းများဖွင့်လှစ်ခွင့်မပြုသော်လည်း ဘော်ဒါဆောင်နှင့် ဘာသာရပ်သင်ကျူရှင်များ ဖွင့်လှစ်ခွင့်မပြု၊ အာဇာနည်နေ့အခမ်းအနားသို့ သက်ကြီးရွယ်အိုများ၊ နာတာရှည်များ ဖျားနာချောင်းဆိုးသူများ လာရောက်ခြင်းမပြုရန် ပြန်ကြားရေးထုတ်ပြန်၊ ရွေးကောက်ပွဲလုံခြုံရေးအတွက် အထူးရဲလေးသောင်းကျော် ခန့်အပ်မည်

ဇူလိုင် ၁၆ ရက် – လူနာအမှတ် ၃၃၈၊ ၃၃၉ ထပ်တိုး၊ လူနာအမှတ် ၂၉၅၊ ၂၉၇၊ ၂၉၈၊ ၃၀၇ တို့ ဓာတ်ခွဲစစ်ဆေးမှုနှစ်ကြိမ်ဆက် Negative ပြ (နှစ်ကြိမ်ဆက် Negative ပြသူ စုစုပေါင်း ၂၇၀ ဦး၊ ဆေးရုံမှဆင်းခွင့်ရသူ ၂၅၃ ဦး)၊ YBS ခရီးသည်ယာဉ်များတွင် ငွေပေးချေစနစ်ဖြစ်သည့် YPS Card များ စတင်ရောင်းချ၊ ရွှေတိဂုံစေတီတော်အား ဇူလိုင်လကုန်ထိ ဖွင့်လှစ်နိုင်မည်မဟုတ်ဟု ဂေါပကအဖွဲ့ပြောကြား၊ မြို့အဝင်၊ အထွက်ဂိတ်များတွင် ကျန်းမာရေးစစ်ဆေးမှု ရုပ်သိမ်းမည်ဟု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနထုတ်ပြန်၊ မဲဆန္ဒရှင်စာရင်းများ ရပ်ကွက်၊ ကျေးရွာများ၎င်း၌ ဇူလိုင် ၂၅ ရက်တွင် ကပ်ထားကြေညာမည်

ဇူလိုင် ၁၇ ရက် – ပိုးတွေ့လူနာမရှိ၊ လူနာအမှတ် ၂၈၀ ဓာတ်ခွဲစစ်ဆေးမှုနှစ်ကြိမ်ဆက်တိုက် Negative ပြ၊ (နှစ်ကြိမ်ဆက် Negative ပြသူ စုစုပေါင်း ၂၇၁ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၂၅၇ ဦး)၊ အောင်လအန်ဆန်း COVID-19 ရောဂါပျောက်ကင်း၊ လူနာအမှတ် ၃၃၉ သည် ဘင်္ဂလားဒေ့ရှ်မှ ပြန်လာသူကို မော်တော်ဖြင့်ခေါ်ဆောင်ခဲ့ဖူးသူဖြစ်ဟု (ကျောက်တော်မြို့နယ်၊ ကျန်းမာရေးဦးစီးမှူး ဒေါက်တာသန်းထွန်းဦးပြော၊ နိုင်ငံအရပ်ရပ်မှ မြန်မာသင်္ဘောသား ၈၇ ဦးအား ပြန်လည်ပို့ဆောင်၊ ပြည်သူများပါဝင်ရေးဆွဲထားသည့် ရန်ကုန်မြို့အဝင်ဆိုင်းဘုတ် တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး၊ စင်ကာပူရှိ မြန်မာနိုင်ငံသား ၁၅၂ ဦးအား (၁၁)ကြိမ်မြောက် ပြန်လည်ပို့ဆောင်၊ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများ ဇူလိုင်လကုန်တွင် ငွေကျပ်နှစ်သောင်းနှုန်း ထောက်ပံ့မည်၊ မြေပြိုမှုဖြစ်စဉ် အစီရင်ခံစာ သမ္မတရုံးသို့ တင်ပြထား

ဇူလိုင် ၁၈ ရက် – လူနာအမှတ် ၃၄၀ ထပ်တိုး၊ လူနာအမှတ် ၃၁၂ နှင့် ၃၁၃ တို့ ဓာတ်ခွဲစစ်ဆေးမှုနှစ်ကြိမ်ဆက်တိုက် Negative ပြ၊ (နှစ်ကြိမ်ဆက် Negative ပြသူ စုစုပေါင်း ၂၇၃ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၂၆၁ ဦး)၊ COVID-19 ကြိုတင်ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို လိုက်နာပြီး ရုပ်ရှင်ရိုက်ကူးရန်စီစဉ်ထားဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌပြော၊ COVID-19 သတ်မှတ်စည်းကမ်းချက်များနှင့် ကိုက်ညီသည့် စာသင်ကျောင်းများကိုသာ ဖွင့်ခွင့်ပေးမည်ဟု ဦးဇော်ဌေးပြော၊ ဧရာဝတီတိုင်း အပမ်းဖြေကမ်းခြေများ တစ်ပတ်အတွင်း ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်၊ ရွှေတိဂုံစေတီတော် ပြန်လည်ဖွင့်လှစ်ရာတွင် Online Registration ပုံစံဖြင့်ဆောင်ရွက်သွားမည်၊ MNL ပြိုင်ပွဲများ လာမည့် ဇူလိုင် ၂၈ ရက်တွင် ပြန်လည်စတင်လျာထား၊ အပြင်ထွက်တိုင်း ပါးစပ်နှင့် နှာခေါင်းစည်းကို မပျက်မကွက်တပ်ဆင်ရန် ပြည်ထောင်စုဝန်ကြီး ထပ်မံတိုက်တွန်း

ဇူလိုင် ၁၉ ရက် – လူနာအမှတ် ၃၄၁ ထပ်တိုး၊ လူနာအမှတ် ၂၀၄၊ ၂၂၀၊ ၂၃၆ တို့ ဓာတ်ခွဲစစ်ဆေးမှုနှစ်ကြိမ်ဆက်တိုက် Negative ပြ၊ (နှစ်ကြိမ်ဆက် Negative ပြသူ စုစုပေါင်း ၂၇၆ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၂၆၂ ဦး)၊ အာဇာနည်ဗိမာန်သို့ လာရောက်ဂါရဝပြုသူများကို COVID-19 ကာကွယ်ထိန်းချုပ်ရေးအစီအမံများဖြင့် လာရောက်ဂါရဝခွင့်ပြု၊ ဂျော်ဒန်တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာအလုပ်သမား ၁၄၀ ဦးကို ပြန်လည်ခေါ်ဆောင်၊ လူနာအမှတ် ၃၄၁ သည် လူနာအမှတ် ၃၁၈၏ မိခင်ဖြစ်၊ ရန်ကုန်အခြေစိုက် တရုတ်သံရုံးနှင့် အမေရိကန်သံရုံး မြန်မာနိုင်ငံအတွက် တစ်ဖက်နှင့်တစ်ဖက် ဝေဖန်တိုက်ခိုက်၊ အမရပူရမြို့နယ်တွင် ရေဆိုးထုတ်မြောင်းကျိုးပေါက်ကာ မြစ်ရေများဝင်ရောက်

ဇူလိုင် ၂၀ ရက် – ပိုးတွေ့လူနာမရှိ၊ လူနာအမှတ် ၂၆၃၊ ၃၁၄ တို့ ဓာတ်ခွဲစစ်ဆေးမှုနှစ်ကြိမ်ဆက်တိုက် Negative ပြ၊ (နှစ်ကြိမ်ဆက် Negative ပြသူ စုစုပေါင်း ၂၇၈ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၂၆၅ ဦး)၊ ဖားကန့် ယခင်ပြိုကျနေရာမှ မြေပြိုမှုထပ်မံဖြစ်၊ အမရပူရ ရွှေဂဲရေဆိုးထုတ် တံခါးကျိုးပေါက်၍ ရေဘေးရွှေ့ပြောင်းရသူလေးထောင်ကျော်ရှိ၊ မြဝတီရှိ Quarantine Center လေးခုတွင် Quarantine ဝင်နေသူ ၂၀၀ ကျော် အစာအဆိပ်သင့်၊ အမရပူရမှ တာရိုးပေါက်၍ မြစ်ရေဝင်ရောက်မှုအား ပိတ်ဆို့နိုင်၊ စင်ကာပူရှိ မြန်မာ သင်္ဘောသား ၅၁ ဦးအား ပြန်လည်ခေါ်ဆောင်၊ မူလတန်းနှင့် အလယ်တန်းကျောင်းဖွင့်ရက် နောက်တစ်လဆုတ်မည်ဟု ညွှန်ချုပ်ပြော

ဇူလိုင် ၂၁ ရက် – ပိုးတွေ့လူနာမရှိ၊ လူနာအမှတ် ၂၁၅၊ ၃၀၃ တို့ ဓာတ်ခွဲစစ်ဆေးမှုနှစ်ကြိမ်ဆက်တိုက် Negative ပြ၊ (နှစ်ကြိမ်ဆက် Negative ပြသူ စုစုပေါင်း ၂၈၀ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၂၆၆ ဦး)၊ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှု အေအဆင့်ရ အခြေခံပညာအထက်တန်းကျောင်း ၃၇၀၀ ကျော် ယနေ့ စတင်ဖွင့်လှစ်၊ ဗိုလ်ချုပ်အောင်ဆန်းပုံပါ ငွေစက္ကူ ၅၀၀ တန်များထွက်ရှိ၊ YBS ခရီးသည်ယာဉ်များတွင် YPS Card ဖြင့် ငွေပေးချေစနစ် စတင်အသုံးပြု၊ ပြည်ပနိုင်ငံအချို့ရှိ မြန်မာနိုင်ငံသား ၁၀၉ ဦးအား ပြန်လည်ခေါ်ဆောင်၊ NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်း စိစစ်ရွေးချယ်မှု ဇူလိုင် ၂၃ ရက်တွင် ကြေညာမည်၊ အီးယူက မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲမှုအတွက် ကျပ်ငွေ ၅၉ ဘီလီယံထောက်ပံ့

ဇူလိုင် ၂၂ ရက် – လူနာအမှတ် ၃၄၂၊ ၃၄၃ ထပ်တိုး (နှစ်ကြိမ်ဆက် Negative ပြသူ စုစုပေါင်း ၂၈၀ ဦး၊ ဆေးရုံဆင်းခွင့်ရသူ ၂၆၉ ဦး)၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ပြောင်းလဲခန့်အပ်၊ ချည်ထည်ပြတ်လပ်ခြင်းကြောင့် ရက်ကန်းလုပ်ငန်းများ ရပ်ဆိုင်း၊ ရွှေဂဲရေထိန်းတံခါးကျိုးပေါက်မှု ပြုပြင်ရေးအတွက် တရုတ်ကုမ္ပဏီ တာဝန်ယူမည်ဟု မန္တလေးမြို့စည်ပင်သာယာရေးကော်မတီဝင်ဆို၊ COVID-19 ရောဂါတိုက်ဖျက်ရေးအတွက် အမေရိကန်က မြန်မာကို ဒေါ်လာ ၁.၉၅ သန်း ထပ်မံပေးအပ်မည်

ဇူလိုင် ၂၃ ရက် – ပိုးတွေ့လူနာမရှိ (နံနက် ၈ နာရီ သတင်းထုတ်ပြန်ချက်)၊ ကျောက်တော်မှ COVID-19 လူနာအမှတ် ၃၃၉ နှင့် ထိတွေ့ခဲ့သူကို ယနေ့အထိ ရှာမတွေ့သေး၊ တရားဟောဆရာစောဒေးဗစ်လားတို့အမှုအား သြဂုတ် (၆) ရက်၌ အပြီးသတ်အမိန့်ချမှတ်မည်၊ ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၁၃၂ ဦးဝင်ပြိုင်မည်ဖြစ်ပြီး သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ယခင်မဲဆန္ဒနယ်မှ ဝင်ပြိုင်မည်ဟု ပါတီမှသတင်းထုတ်ပြန်

စုစည်း – စွမ်းရည်တိုး/ စံတော်ချိန်