အင်္ဂလန်ကွင်းလယ်လူ အဒမ်လယ်လာနာ ဘရိုက်တန်အသင်းကိုပြောင်း

အင်္ဂလန်ကွင်းလယ်လူ အဒမ်လယ်လာနာဟာ ဘရိုက်တန်အသင်းကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ပြောင်းရွှေ့သွားပြီဖြစ်ပါတယ်။

အသက် ၃၂ နှစ်အရွယ်ရှိ လယ်လာနာဟာ တနင်္လာနေ့က ဆေးစစ်ခဲ့ပြီးနောက် ၃ နှစ်စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ လယ်လာနာဟာ ဆောက်သမ်တန်ကနေပြောင်းလာပြီးနောက် လီဗာပူးမှာ ၆ နှစ်လောက်ကစားခဲ့တဲ့ကာလအတွင်း ၁၇၈ ပွဲမှာ ၂၂ ဂိုးသွင်းခဲ့ပါတယ်။

ဘရိုက်တန်အသင်းမှာတော့ ကျောနံပါတ် ၁၄ ဝတ်ဆင်ကစားမှာဖြစ်ပြီး ဘရိုက်တန်နည်းပြ ဂရေဟမ်ပေါ်တာက သူတို့အသင်းအတွက် အရေးပါတဲ့ ခေါ်ယူ အားဖြည့်မှုတစ်ရပ်ဖြစ်တယ်လို့ ပြောသွားကြောင်း The Sun သတင်းအရ သိရပါတယ်။

သတင်း – မောင်ဇေယျ
ကိုးကား – The Sun