ဒါရိုက်တာ ခရစ္စတိုဖာနိုလန်ရဲ့ Tenet ရုပ်ရှင်ဇာတ်ကားကို သြဂုတ်လ ၂၆ ရက်မှာ စတင်ရုံတင်မယ်

COVID-19 ဂယက်တွေကြောင့် ရုံတင်ဖို့ အကြိမ်ကြိမ် ရွှေ့ဆိုင်းခဲ့ရတဲ့ “Tenet” ရုပ်ရှင်ဇာတ်ကားကို သြဂုတ်လ ၂၆ ရက်နေ့ကစလို့ နိုင်ငံပေါင်း ၇၀ ကျော်က ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသတော့မယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။

နာမည်ကျော် ဒါရိုက်တာ ခရစ္စတိုဖာနိုလန်ရဲ့ စုံထောက်ရုပ်ရှင်ဇာတ်ကားဖြစ်တဲ့ Tenet ဇာတ်ကားမှာ ဂျွန်ဒေးဗစ် ဝါရှင်တန်၊ ရောဘတ်ပက်တီဆန်၊ အဲလီးဇဘက်ဒီဘစ်ကီစတဲ့ သရုပ်ဆောင်တွေပါဝင်ပြီး ဝါနာဘရားသား ကုမ္ပဏီက ထုတ်လုပ် ရိုက်ကူးထားတာဖြစ်ပါတယ်။

“Tenet” ရုပ်ရှင်ဇာတ်ကားကို ရုံတင်တော့မယ့် သတင်းဟာ ကမ္ဘာတစ်လွှား ရုပ်ရှင်ရုံတွေအတွက် အားတက်စရာ သတင်းကောင်းဖြစ်ခဲ့ပါတယ်။

ကမ္ဘာတစ်လွှား ရုပ်ရှင်ရုံတွေဟာ မတ်လကတည်းက COVID-19 ဂယက်ကြောင့် ပိတ်ခဲ့ရပြီး အခုအချိန်မှာ ပရိသတ် အကန့်အသတ်နဲ့ပဲ ပြန်ဖွင့်နေရတယ်လို့ သိရပါတယ်။

သတင်း – မောင်ဇေယျ
ကိုးကား – Reuters