ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး မာရီယာနိုဒီယက်ဇ် COVID-19 ကူးစက်ခံထားရ

epa08570508 (FILES) File photo dated on 19 September 2018 of Real Madrid's Mariano jubilates a goal during the UEFA Champions League first round groups phase match between Real Madrid and AS Roma at the Santiago Bernabeu stadium, in Madrid. Forward Mariano Diaz tested positive for coronavirus, announced the club on 28 July 2020. EPA-EFE/Rodrigo Jimenez

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး မာရီယာနိုဒီယက်ဇ်ဟာ COVID-19 ကူးစက်ခံထားရကြောင်း အင်္ဂါနေ့က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ်ရှိ စပိန်နိုင်ငံဖွား မာရီယာနိုဒီယက်ဇ်ဟာ ဇူလိုင် ၁၉ ရက်က လီဂါနက်စ်နဲ့ပွဲမှာ အရန်ကစားသမားအဖြစ်ပါဝင်ခဲ့ပေမယ့် ပွဲကစားခွင့်မရခဲ့ပါဘူး။

ဗိုင်းရပ်စ်ကူးစက်ခံထားရတာကို စစ်ဆေးတွေ့ရှိခဲ့အပြီးမှာ ကျန်းမာရေးလမ်းညွှန်ချက်တွေအတိုင်း နေအိမ်မှာ သီးခြားခွဲနေပြီး ဆေးကုသမှုခံယူရမှာ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဟာ သြဂုတ်လ ၇ ရက်နေ့မှာ မန်စီးတီးနဲ့ ချန်ပီယံလိဂ် ရှုံးထွက်အဆင့် ဒုတိယကျော့ပွဲစဉ်ကစားရမှာဖြစ်တာကြောင့် UEFA တာဝန်ရှိသူတွေအနေနဲ့ လာလီဂါချန်ပီယံအသင်းနဲ့ ဆက်သွယ်ပြီး အခြေအနေကို စောင့်ကြည့်နေကြောင်း Marca သတင်းစာက ဖော်ပြခဲ့ပါတယ်။

သတင်း – မောင်ဇေယျ
ကိုးကား – Marca