တံကောက်ကြောဒဏ်ရာကြောင့် အက်ဖ်အေဖလားဗိုလ်လုပွဲကို မူစတာဖီ လွဲချော်

အာဆင်နယ်နောက်ခံလူ မူစတာဖီဟာ မန်စီးတီးတောင်ပံကစားသမား ရာဟင်စတာလင်နဲ့ ခိုက်မိပြီး ရခဲ့တဲ့ တံကောက်ကြော ဒဏ်ရာကြောင့် လာမယ့်ရာသီ အစပိုင်းပွဲစဉ်တွေကို လွဲချော်ရတော့မယ်လို့ သိရပါတယ်။

အသက် ၂၈ နှစ်အရွယ်ရှိ ဂျာမနီနောက်ခံလူဟာ ဇူလိုင် ၁၈ ရက်က မန်စီးတီးနဲ့ အက်ဖ်အေဖလား အကြိုဗိုလ်လုပွဲစဉ်မှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး ချဲလ်ဆီးနဲ့ အက်ဖ်အေဖလားပွဲစဉ်ကို လွဲချော်ရတော့မှာဖြစ်ပါတယ်။

တိုက်ဆိုင်တာတစ်ခုကတော့ ၂၀၁၇ ခုနှစ်က ချဲလ်ဆီးကို အာဆင်နယ် အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားဗိုလ်လုပွဲကိုလည်း နေမကောင်းဖြစ်နေလို့ မူစတာဖီ မပါနိုင်ခဲ့ပါဘူး။ ခန့်မှန်းခြေအရ မူစတာဖီဟာ အောက်တိုဘာလမှ လေ့ကျင့်ခန်း ပြန်ဆင်းနိုင်ဖွယ်ရှိနေတယ်လို့ ဘီဘီစီ အားကစားသတင်းမှာ ဖော်ပြပါရှိပါတယ်။

သတင်း – မောင်ဇေယျ
ကိုးကား – BBC