ဆန်းချက်ကို အမြဲတမ်းစာချုပ် ချုပ်ဆိုဖို့ အင်တာမီလန်အသင်း ဆန္ဒရှိနေ

စီးရီးအေထိပ်သီးကလပ် အင်တာမီလန်အသင်းဟာ ၎င်းတို့ထံအငှားလာရောက်ကစားနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းတိုက်စစ်မှူး အလက်ဆစ်ဆန်းချက်ကို အမြဲတမ်းစာချုပ်နဲ့ ခေါ်ယူဖို့ ဆန္ဒရှိနေကြောင်း BBC အားကစားသတင်းတစ်ရပ်မှာ ဖော်ပြခဲ့ပါတယ်။

အသက် ၃၁ နှစ်ရှိ ချီလီ တိုက်စစ်မှူးဆန်းချက်ဟာ အင်တာအသင်းကို အငှားလာရောက်ကစားစဉ်မှာ ခြေစွမ်းပြနိုင်ခဲ့ပြီး စနေနေ့က ဂျီနိုအာကိုအနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဒါဟာ အင်တာအတွက် ဆန်းချက်ပါဝင်ကစားခဲ့တဲ့ ၈ ပွဲမြောက်ပွဲစဉ်ဖြစ်ပြီး တတိယမြောက်ဂိုးကိုသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့ကြောင့် အင်တာမီလန် တာဝန်ရှိသူတွေအနေနဲ့ ဆန်းချက်ကို အပြီးသတ်ခေါ်ယူဖို့ စဉ်းစားနေတာဖြစ်ပြီး ယူနိုက်တက်အသင်းဘက်ကလည်း အသုံးစရိတ်လျှော့ချဖို့အတွက် ဆန်းချက်ကို ရောင်းထုတ်ဖွယ်ရှိနေပါတယ်။ ဆန်းချက်နဲ့ ယူနိုက်တက်အသင်းရဲ့စာချုပ်သက်တမ်းကတော့ ၂၀၂၂ ခုနှစ်မှ ကုန်ဆုံးမှာပါ။

သတင်း – ကိုဆွဲ(မုံရွာ)
ကိုးကား – BBC