ပီယာလိုကို ဂျူဗင်တပ်စ် ယူ-၂၃ အသင်းနည်းပြအဖြစ် ခန့်အပ်

epa05082059 Italian soccer player Andrea Pirlo gestures during the second day of the 10th Dubai International Sports Conference in Dubai, United Arab Emirates, 28 December 2015. EPA/ALI HAIDER

စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်အသင်းဟာ ကွင်းလယ်လူဟောင်း ပီယာလိုကို ယူ-၂၃ အသင်းနည်းပြအဖြစ် တာဝန်ပေးလိုက်ပါတယ်။

၂၀၀၆ ကမ္ဘာ့ဖလားရ အီတလီလက်ရွေးစင်အသင်းသားတစ်ဦးဖြစ်ခဲ့တဲ့ ပီယာလိုဟာ ဂျူဗင်တပ်စ်အသင်းနဲ့အတူ စီးရီးအေချန်ပီယံဆုဖလား ၄ ကြိမ်ဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၁၅ ခုနှစ်ကနေ မေဂျာလိဂ်ကလပ် နယူးယောက်စီးတီးအသင်းကို ပြောင်းရွှေ့ခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းရဲ့ ကြာသပတေးနေ့က ထုတ်ပြန်ချက်မှာ “ဒီနေ့ဟာ အန်ဒရေးပီယာလိုနဲ့ ဂျူဗင်တပ်စ်အသင်းတို့ရဲ့ စွန့်စားခန်းအသစ် စတင်မယ့်နေ့ပါ။ ၅ နှစ်ကြာ ကစားခဲ့တဲ့အသင်းကို တစ်ကျော့ပြန်ရောက်လာတဲ့ ပီယာလိုကို ယူ-၂၃ နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့ပါတယ်”လို့ ပါရှိပါတယ်။

ပီယာလိုဟာ ကစားသမားဘဝတုန်းက အီတလီလက်ရွေးစင်အသင်းအတွက် ၁၁၆ ပွဲအထိ ပါဝင်ကစားခဲ့ကြောင်း CAN ဝက်ဘ်ဆိုက်က ဖော်ပြသွားခဲ့ပါတယ်။

သတင်း – မောင်ဇေယျ
ကိုးကား – Channel News Asia