ဘုန်းမောက် နောက်ခံလူ နသန်အကီနဲ့ ဗလင်စီယာတောင်ပံကစားသမား ဖာရန်တောရက်စ်တို့ကို မန်စီးတီး ခေါ်နိုင်တော့မယ်

ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားခဲ့ရပြီဖြစ်တဲ့ ဘုန်းမောက်အသင်းရဲ့ သူတို့အသင်းရဲ့ အဓိက နောက်ခံလူ နသန်အကီကို ပေါင်သန်း ၄၀ နဲ့ မန်စီးတီးကို ထုတ်ရောင်းဖို့ လက်ခံသဘောတူလိုက်ပြီဖြစ်ပါတယ်။

သတင်းတွေအရ နသန်အကီရဲ့ခြေစွမ်းနဲ့ အောင်မြင်မှုအပေါ်မူတည်ပြီး မန်စီးတီးအသင်းဟာ ဘုန်းမောက်ကို နောက်ထပ် ပေါင် ၁ သန်းထပ်ပေးဖို့ သဘောတူထားတယ်လို့လည်း သိရပါတယ်။

နယ်သာလန်လက်ရွေးစင်နောက်ခံလူ နသန်အကီဟာ အသက် ၂၅ နှစ်အရွယ်ရှိနောက်ခံလူဖြစ်ပြီး ဘုန်းမောက်အသင်းအတွက် စုစုပေါင်း ၁၂၁ ပွဲကစားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ခံစစ်သာမက ဆာနေးကို ရောင်းချခဲ့တဲ့ တောင်ပံတိုက်စစ်အတွက်လည်း ဗလင်စီယာအသင်းက ဖာရန်တောရက်စ်ကို ပေါင်သန်း ၂၀ ၀န်းကျင်နဲ့ခေါ်ယူအားဖြည့်ဖို့ သဘောတူထားပြီလို့ ဘီဘီစီအားကစားသတင်းမှာ ဖော်ပြပါရှိပါတယ်။

သတင်း – မောင်ဇေယျ
ကိုးကား – BBC