(၁၈) ကြိမ်မြောက် အောင်ဘာလေထီ သိန်းတစ်သောင်းခွဲဆု တာမွေမြို့နယ်မှ ဆွတ်ခူး

ယနေ့ဖွင့်လှစ်သည့် (၁၈) ကြိမ်မြောက် ကျပ်သိန်းတစ်သောင်းခွဲ ထီဆုကို ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်၊ ကျောက်မြောင်း ဗဟိုလမ်းတွင် နေထိုင်သည့် ကိုကျော်စွာက ဆွတ်ခူးခဲ့သည်။

(၁၈) ကြိမ်မြောက် ဖွင့်လှစ်ခဲ့ သည့် ကျပ်သိန်းတစ်သောင်းခွဲ အောင်ဘာလေထီဆုကြီးကို ကဃ ၆၄၃၄၂၅ နံပါတ်ဖြင့် ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကံထူးရှင်မှာ ရွှေမြန်မာမဟာအောင်ကုဋေဟိန်း ထီဆိုင်ကြီးမှ ၈ ကြိမ်မြောက် ကံထူးရှင်ဖြစ်ကြောင်း အဆိုပါထီဆိုင်မှသိရသည်။

မဟာအောင်ကုဋေဟိန်း ထီဆိုင်ကြီးမှ ကစ-၅၃၈၇၃၄၊ ဆ-၁၀၈၉၅၂ ၊ မ-၁၉၉၆၀၂၊ ဗ-၁၇၈၃၅၇နံပါတ်ဖြင့်(၁၈)ကြိမ်မြောက် သိန်း ၁၀၀ ဆုကြီးများလည်း ဆွတ်ခူးခဲ့ကြောင်း သိရသည်။

သတင်း-သီတာလွင်/စံတော်ချိန်