Yangon Water Bus ပြန်လည်ပြေးဆွဲ

Yangon Water Bus သည် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ လမ်းသစ်ဆိပ်ကမ်းမှ ကြည့်မြင်တိုင်မြို့နယ် ဆာပါချောင်ဆိပ်ကမ်း ခရီးစဉ်ကို ယနေ့ (ဩဂုတ် ၁ရက်)မှစတင်၍ပြန်လည်ပြေးဆွဲခဲ့သည်။

Yangon Water Bus ခရီးစဉ်ပြေးဆွဲခြင်းအခမ်းအနားကို ယနေ့ (ဩဂုတ် ၁ရက်)က လမ်းသစ်ဆိပ်ကမ်းတွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

ကျန်ရှိသည့် ခရီးစဉ်များ ကိုလည်း နောက်ပိုင်းတွင် တိုးချဲ့ ပြေးဆွဲသွားမှာဖြစ်ကြောင်း Yangon Water Bus တည်ထောင်သူ ဒေါ်တင့်တင့်လွင့်က မီဒီယာများသို့ ပြောကြားခဲ့သည်။

ပြန်လည်ဖွင့်လှစ်ပြေးဆွဲရာတွင် COVID-19ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်မှု နှင့်အညီ ခရီးသွားများအနေဖြင့် နှားခေါင်းစဉ်တပ်ဆင်ထားသူများသာ စီးနင်းခွင့်ရှိမည် ဖြစ်ပြီး၊ ရေယာဉ်ဂိတ်ဝင်ပေါက်တွင် အပူချိန်တိုင်းခြင်းများပြုလုပ်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။

Yangon Water Bus ကို ၂၀၁၇ ခုနှစ်အောက်တိုဘာလက စတင်ပြးဆွဲခဲ့ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၇ ရက်တွင် ပြင်ဆင်ရေးကိစ္စများရှိသည့်အတွက် ယာယီရပ်ဆိုင်း ထားခဲ့ရာ ယနေ့တွင် ပြန်လည်ပြေးဆွဲခြင်းဖြစ်သည်။

သတင်း-မိုးသိမ့်နိုင်/စံတော်ချိန်
ဓာတ်ပုံ- Yangon Water Bus