မိုးကြီးမည့်သတိပေးချက် ထုတ်ပြန်

ဇူလိုင် ၃၁ ရက်၊ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီထုတ်ပြန်ချက်)မိုးကြီးမည့် သတိပေးချက်အမှတ်စဉ် (၀၁/၂၀၂၀)

(က) ဇူလိုင် ၃၁ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲ တိုင်းတာချက် များအရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ် ၏ အကြွင်းအကျန် တိမ်တိုက်များ ဖြတ်သန်းလာနိုင်မှုကြောင့် လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်း ရာမှ အားအလွန်ကောင်းလာနိုင်ခြင်းတို့ကြောင့် လည်းကောင်း၊ ဩဂုတ် ၃ ရက် မှ ၈ ရက်အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင် ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး ဒေသအလိုက် မိုးကြီးခြင်းနှင့် နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင် သည်။

(ခ) ယင်းကာလအတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန် ပြည်နယ်တို့ တွင် ၂၄ နာရီအတွင်း မိုးရေချိန် ၃ လက်မ (၇၇မီလီမီတာ)နှင့်အထက် ရွာသွန်း နိုင်သည်။