လူမှုကွန်ရက်တွင် အနုပညာရှင်များ၏ နောက်ကြောင်းများကို ပြန်လှန်၍ ဂုဏ်သိက္ခာညှိုးနွမ်းအောင် လုပ်နေသူများအား အရေးယူနိုင်ရန် ကူညီမည်

လူမှုကွန်ရက်စာမျက်နှာတွင် အနု ပညာရှင်များ၏ နောက်ကြောင်းများကို ပြန်လှန်၍ ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် လုပ်ဆောင်နေသည့်သူများအား အရေး ယူနိုင်ရန် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး (ဗဟို)မှ ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးဥက္ကဋ္ဌ ဦးညီညီထွန်းလွင်က ပြောဆို သည်။

လူမှုကွန်ရက် စာမျက်နှာတွင် ရုပ်ရှင်အစည်းအရုံးဝင် အနုပညာရှင်များ အား ဂုဏ်သိက္ခာ ထိခိုက်ညှိုးနွမ်းစေရန် အတင်းအဖျင်းသဘောဖြင့် ဓာတ်ပုံ၊ အချက်အလက်များနှင့်တကွ တင်ပြနေ ကြောင်း သတင်းရရှိထားပြီး အနုပညာရှင် အချို့ကလည်း မြန်မာနိုင်ငံရုပ်ရှင်အစည်း အရုံး(ဗဟို)သို့ လာရောက်အကူအညီ တောင်းခံမှုများရှိသဖြင့် ကူညီပေးသွား မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးကို တင်ပြပြီးတော့ အကူ အညီ တောင်းလာတာတွေ ရှိပါတယ်။ အကြောင်းကြောင်းကြောင့် တင်ပြဖို့ အခက်အခဲရှိနေသူတွေ၊ ရေငုံနှုတ်ပိတ်နေရတဲ့သူတွေလည်း ရှိပါတယ်။အတိအကျ တော့ မသိဘူးပေါ့နော်။ ငွေပဲ ညှစ်ချင်လို့လား။ ဘယ်လို ကြောင့်လဲတော့ မသိဘူး၊ အမှန်တော့ ကျွန်တော်တို့ မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံးဝင် အနုပညာရှင်တွေကို သား ကောင်သဖွယ်သတင်း မုဆိုးလုပ်ပြီးတော့ ဖေ့စ်ဘွတ်ခ်မှာ ခြိမ်းခြောက်စော်ကားသလို ဖြစ်နေတယ်။ အဲဒီတော့ အကူအညီ တောင်းလာကြတာတွေလည်းရှိတော့ မြန်မာ နိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေနဲ့လည်း ကိုယ့်ရဲ့ အစည်း အရုံးဝင် အနုပညာရှင်တွေကို အကူအညီပေးသင့်တယ်။ အဲဒါကြောင့်မို့လို့ ကျွန်တော်တို့လည်း ရှေ့နေတွေနဲ့ စုံစမ်း နေတယ်။ တကယ်လို့ သက်သေအထောက်အထား ခိုင်ခိုင်လုံလုံနဲ့ တင်ပြမယ်။ အဲဒီလိုမျိုး ဖေ့စ်ဘွတ်ခ်မှာ တင်နေတာတွေကိုလည်း သက်သေအထောက်အထား ယူထားပေါ့နော်။ အဲဒါဆိုရင် ကျွန်တော်တို့က နေပြည် တော်က ပြည်ထဲရေးဝန်ကြီးဌာနတို့၊ Cyber Police ကို ဆက်သွယ်အကူအညီတောင်းဖို့ ပြောဆိုနေတာတွေရှိပါ တယ်”ဟု မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်က ပြောဆိုသည်။

ယခုကဲ့သို့ လူမှုကွန်ရက်စာမျက်နှာတွင် ဂုဏ် သိက္ခာညှိုးနွမ်းစေရန် လုပ်ဆောင်နေသည့်သူများအား ကြောက်လန့်၍ ရေငုံနှုတ်ပိတ်နေမည်ဆိုပါက အခြေ အနေ ပိုမိုဆိုးရွားလာနိုင်သဖြင့် အနုပညာရှင်များ၊ အစည်း အရုံးဝင် ရုပ်ရှင်လောကသားများ စုစုစည်းစည်း ညီညီ ညွတ်ညွတ်ဖြင့် တန်ပြန်ဆောင်ရွက်မှ ရမည်ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်နိုင်ရန်အတွက်လည်း မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ ဦးဆောင်ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“အနုပညာရှင်တွေက ဥပဒေနဲ့ လည်း သိပ်မနီးစပ် တော့ မသိကြဘူး။ အမှန်တော့ ကျွန်တော်တို့နိုင်ငံသားတွေ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှု၊ လုံခြုံမှု ဥပဒေဆိုတာရှိ တယ်။ တကယ်လို့ သူ့ကို အသရေဖျက်တဲ့အနေနဲ့၊ သူ့ရဲ့ ခွင့်ပြုချက်လည်းမယူဘဲနဲ့ ဓာတ်ပုံတွေ ယူနေမယ်ဆိုရင် နိုင်လွတ်လုံဥပဒေနဲ့ အရေးယူလို့ရတယ်။ ကျွန်တော်တို့ ကတော့ တကယ်လို့ အဲဒီလိုတင်ပြ အကူအညီတောင်းလာ ရင် နေပြည်တော်က သက်ဆိုင်ရာ ပြည်ထဲရေး၊ Cyber Police တွေကို အကူအညီတောင်းမယ်။ မေတ္တာရပ်ခံ မယ်။ နောက်နောင် ဒီလိုအသရေဖျက်တဲ့ ပို့စ်တွေကို တင်မယ်ဆိုရင် ဒီလိုပြစ်မှုမျိုး နောင်မကျူးလွန်နိုင်အောင် အကူအညီပေးပါ၊ ဆောင်ရွက်ပေးဖို့ပေါ့။ ပြစ်မှုကျူးလွန်နေ တဲ့ သူတွေက ပြစ်ဒဏ်ကျခံရနိုင်တယ်ဆိုတာကို မသိလို့ လား မသိဘူး။ အဲဒါလေးကို သိအောင်တော့ ကျယ်ကျယ် ပြန့် ပြန့်လုပ်ပေးမှ ဖြစ်မယ်လို့ထင်တယ်}ဟု ဦးညီညီထွန်း လွင်က ပြောဆိုသည်။

ပြည်ထောင်စုလွှတ်တော်မှ ၂၀၁၇ ခုနှစ် မတ် ၈ ရက် နေ့စွဲဖြင့် ပြဋ္ဌာန်းလိုက်သည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ် ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို အကာ အကွယ်ပေးရေး ဥပဒေအရ ဖောက်ဖျက်ကျူးလွန်ပါက ထောင်ဒဏ် အများဆုံး သုံးနှစ်အထိနှင့် ငွေဒဏ် အများဆုံး ကျပ် ၁၅ သိန်းအထိ ပြစ်ဒဏ်ကျခံရနိုင်မည်ဖြစ်ကြောင်း သိရသည်။

သတင်း – နှင်းစုမွန်