ရွှေမုဌောဘုရားအနီး ရေချိုးဆိပ်၌ ​ရေနစ်​​ပျောက်​ဆုံး​နေသည့်​ ကျောင်းဆရာအား ရှာ​ဖွေမှုရပ်​ဆိုင်း

မန္တ​လေးတိုင်း​ဒေသကြီး၊ စဉ့်​ကူးမြို့ရှိ ​ရွှေမု​ဌောဘုရားအနီး ​ရေချိုးဆိပ်​၌ ​ရေနစ်​​ပျောက်​ဆုံး​နေသည့်​ ​ကျောင်းဆရာအား ​ရှာ​ဖွေကယ်​ဆယ်​ရေး​ဆောင်​ရွက်​မှု ရပ်​ဆိုင်းခဲ့ပြီဖြစ်​​ကြောင်း မြန်မာနိုင်ငံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ချုပ်​၊ စဥ့်ကူးမြို့နယ်​၊ ဥက္ကဋ္ဌ ဦးချစ်ကောင်းက ပြောသည်။

အဆိုပါ ​ကျောင်းဆရာသည်​ ဇူလိုင်​ ၃၁ ရက်​ မွန်းလွဲ ၃ နာရီခန့်​တွင်​ ​ရွှေမု​ဌောဘုရားအနီး ​ရေချိုးဆိပ်​၌ ​​​​ရေချိုးဆင်းရင်း ရေစီးနှင့်​အတူ ဧရာဝတီမြစ်​အတွင်း ​မျောပါကာ ​ပျောက်​ဆုံးခဲ့ခြင်းဖြစ်​​ကြောင်း ဦးချစ်​​ကောင်းက ​ပြောသည်​။

” သူက ​ရေဆင်းချိုးရင်း ဖြစ်​တာပါ။ အသက်​က ၂၅နှစ်​ရှိပါပြီ။ သူက နယ်​​မြေခံမဟုတ်​​တော့ ​ရေတိမ်​တယ်​မှတ်​ပြီး ဆင်းရင်း ​ရေစီးနဲ့ ပါသွားတာပါ။ ​ရွှေ​မုဌောဘုရား​ခြေရင်းက ဧရာဝတီမြစ်​မှာ ဖြစ်​တာပါ”ဟု ၄င်းက ပြောသည်။

လက်ပန်လှမြို့နယ်​၊ အ​ခြေခံပညာအထက်​တန်း​ကျောင်း ဆရာ၊ဆရာမများမှ အကူအညီတောင်းခံချက်​အရ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေး အဖွဲ့(မန္တလေးတိုင်း) Diver Teamနှင့်​ လောကဟိတလူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ ဩဂုတ်​ ၁ရက်​ မွန်းလွဲအထိ ဧရာဝတီမြစ်​အတွင်း ရှာ​ဖွေခဲ့​သော်​လည်း မ​တွေ့ရှိခဲ့​ကြောင်း ဦးချစ်​​ကောင်းက ​ပြောသည်​။

ထို့​ကြောင့်​ ​မိသားစု၏ ဆန္ဒအရ ရှာ​ဖွေကယ်​ဆယ်​​ရေး လုပ်​ငန်းများကို ဩဂုတ်​ ၁ရက်​ ည​နေပိုင်းတွင်​ ရပ်နားထားခဲ့​ကြောင်း မြန်မာနိုင်ငံလူမှုကူညီကယ်ဆယ်ရေးအဖွဲ့ချုပ်​၊ စဥ့်ကူးမြို့နယ်​၊ ဥက္ကဌ ဦးချစ်ကောင်းက ပြောကြားသည်။

သတင်း-မင်းဟိန်း/စံ​တော်​ချိန်
ဓာတ်​ပုံ- မန္တ​လေးတိုင်း၊မြန်​မာနိုင်​ငံလူမှုကူညီကယ်​ဆယ်​​ရေးအဖွဲ့ချုပ်