မဲဆန္ဒရှင်​စာရင်း ပြည့်​စုံမှန်​ကန်​​စေ​ရေး ​ဆောင်​ရွက်​​ပေးရန်​ နိုင်​ငံ​တော်​သမ္မတမှာကြား

မဲဆန္ဒရှင်​အမည်​စာရင်း ပြည့်​စုံမှန်​ကန်​​စေ​ရေး ​ဆောင်​ရွက်​​ပေးရန်​ နိုင်​ငံ​တော်​သမ္မတ ဦးဝင်းမြင့်​က ယ​နေ့(ဩဂုတ်​ ၂ရက်​)တွင်​ မှာကြားခဲ့​ကြောင်း ရန်​ကုန်​တိုင်း​​ရွေး​ကောက်​ပွဲ​ကော်​မရှင်​၊ ဥက္ကဋ္ဌ ဦးကြည်​မြင့်​က စံ​တော်​ချိန်​သို့ ​ပြောသည်​။

ယ​နေ့နံနက်​ပိုင်းက ​တောင်​ဥက္ကလာပမြို့နယ်​ရှိ ရန်​ကုန်​အ​ရှေ့ပိုင်းခရိုင်​​၊​ရွေး​ကောက်​ပွဲ​ကော်​မရှင်​အဖွဲ့ခွဲရုံးသို့ နိုင်​ငံ​တော်​သမ္မတ ဦးဝင်းမြင့်​ လာ​ရောက်​ရာတွင် အထက်​ပါအတိုင်း​ပြောကြားခဲ့ခြင်းဖြစ်​သည်​။

အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်​၊ ဒုတိယဥက္ကဋ္ဌ (၁)ဖြစ်​သည့်​ သမ္မတ ဦးဝင်းမြင့်​သည်​ ၂၀၂၀ အ​ထွေ​ထွေ​ရွေး​ကောက်​ပွဲတွင်​ တာ​မွေမြို့နယ်​၊ ပြည်​သူ့လွှတ်​​တော်​မဲဆန္ဒနယ်​မှ ဝင်​​ရောက်​ယှဉ်​ပြိုင်​မည်​ဖြစ်​သည်​။

” ​ကော်​မရှင်​အ​ပေါ်​တော့ မဲဆန္ဒရှင်​ စာရင်းကို ​ပြည့်​ပြည့်​စုံစုံဖြစ်​​အောင်​ အထွေ​ထွေ အုပ်ချုပ်​​ရေးဦးစီးဌာနအပါအဝင်​သက်​ဆိုင်​ရာ အဖွဲ့အစည်း​တွေနဲ့ပူး​ပေါင်း ​ဆောင်​ရွက်​​ပေးပါလို့ မှာသွားပါတယ် “ဟု ရန်​ကုန်​တိုင်း​​ရွေး​ကောက်​ပွဲ​ကော်​မရှင်​၊ ဥက္ကဋ္ဌ ဦးကြည်​မြင့် က ​ပြောသည်​။

သမ္မတ ဦးဝင်းမြင့်​သည့်​ ၂၀၁၅​ ​အထွေထွေရွေး​ကောက်​ပွဲတွင်လည်း တာ​မွေမြို့နယ်​၊ ပြည်​သူ့လွှတ်​​တော်​မဲဆန္ဒနယ်​မှ ဝင်​​ရောက်​ယှဉ်​ပြိုင်၍ အနိုင်​ရရှိခဲ့သည်​။

မဲဆန္ဒရှင်​ အမည်​စာရင်း လွဲမှားမှုများနှင့်​ ပတ်​သက်​၍လည်း သက်​ဆိုင်​ရာဌာနများနှင့်​ ညှိနှိုင်း ​ဆောင်​ရွက်​​ပေး​နေ​ကြောင်း ရန်​ကုန်​တိုင်း​​ရွေး​ကောက်​ပွဲ​ကော်​မရှင်​၊ ဥက္ကဋ္ဌ ဦးကြည်​မြင့်​က ​ပြောသည်​။

” မဲဆန္ဒအမည်​လွဲတာက​တော့ ပထမဦးဆုံး လူဦး​ရေစာရင်က ​ထွေအုပ်​က ​ကောက်​တယ်​။ လဝကက​တော့ မှတ်​ပုံတင်​စာရင်း စိစစ်​တယ်​။ ကျွန်​​တော်​တို့က​တော့ ၁၈နှစ်​အထက်​ကို မဲဆန္ဒရှင်​စာရင်း အ​နေနဲ့ လုပ်​တယ်​။ အဲဒီမှာ လူထပ်​တာတို့ ရှိတာ​ပေါ့။ အဲဒါကို သက်​ဆိုင်​ရာဌာန​တွေနဲ့ ပြန်​ညှိနှိုင်းပြီး ​ဆောင်​ရွက်​​နေပါတယ်​”ဟု ​ပြောသည်​။

နိုင်​ငံ​တော်​သမ္မတအ​နေဖြင့်​ မဲဆန္ဒရှင်​စာရင်း မှန်​ကန်​​စေရန်​ သက်​ဆိုင်​ရာဌာနများနှင့်​ ညှိနှိုင်း​ပေးမည်​ဖြစ်​ပြီး ​​မဲဆန္ဒရှင်​စာရင်းအား မဲ​ပေးခွင့်​ရှိသူ မကျန်​​စေ​ရေး အတတ်​နိုင်​ဆုံး ပြုစု​ပေးရန်​ ​ရန်​ကုန်​တိုင်း​ရွေး​ကောက်​ပွဲ​ကော်​မရှင်​သို့ မှာကြားခဲ့​ကြောင်း သိရသည်​။

သတင်း-မင်းဟိန်း/စံ​တော်​ချိန်
ဓာတ်​ပုံ-​တောင်​ဥက္ကလာပမြို့နယ်​၊အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်