အဆိုတော်ပိုးမီ နှင့် တွေ့ဆုံခြင်း

ကိုဗစ်ကာလဟာ ပိုးမီတို့လို အဆိုတော်တွေအပေါ်ဆိုးကျိုးပိုသက်ရောက်တယ်

အဆိုတော် ပိုးမီနှင့်တွေ့ဆုံခိုက် ကိုဗစ်ကာလအတွင်း ဖြတ်သန်းမှုများနှင့် ပတ်သက်သည့်အကြောင်း၊ ၎င်း၏ ဒုတိယသီချင်းအခွေနှင့်ပတ်သက်သည့် အကြောင်းအရာများအပြင် အခြားသောသိရှိလိုသမျှ မေးမြန်းဖော်ပြလိုက်ပါသည်

မး – လတ်တလော လှုပ်ရှားမှုအနေနဲ့ဆိုရင် ပိုးမီ ဘာတွေများ လုပ်ဖြစ်နေလဲ။

ဖြေ – လတ်တလောက ဘာမှလုပ်စရာမရှိတော့ အိပ်လိုက်စားလိုက်ပေါ့။အခွေ လုပ်ဖို့ကလည်း စီးပွားရေးအခြေအနေတွေ နှောင့်နှေးကုန်တော့ အရိုးသားဆုံး ပြောရရင် ရပ်ထားတာပေါ့နော်။ ဒုတိယအခွေအနေနဲ့ ဘာမှကို မလုပ်ဖြစ် သေးဘူး။ ရှေ့ဆက်ပြီး ဘာဖြစ်လာမှန်းမသိတော့လည်း ခဏရပ်ထားတာ ပေါ့နော်။

မေး – ဒုတိယအခွေမှာကော ပထမအခွေနဲ့မတူဘဲ ဘယ်လိုမျိုး ထူးခြားတဲ့ ပုံစံတွေမြင်တွေ့ရမလဲ။

ဖြေ – တကယ်တမ်းပြောရရင် စလုပ်ကတည်းက ပထမအခွေနဲ့ မတူတဲ့ ပုံစံမျိုးနဲ့ လုပ်ထားတာပါ။ ဒီအခွေထွက်လာရင် ကျိန်းသေ ထူးခြားမှုရှိမှာပါလို့ ပြောချင်ပါတယ်။

မေး – ဒီကာလအတွင်းမှာ သီချင်းနဲ့ ပတ်သက်ပြီးတော့ကော ဘာတွေ လေ့လာပြင်ဆင်ဖြစ်သေးလဲ။

ဖြေ – ထွက်ခဲ့တဲ့သီချင်းတွေ နားထောင်တယ်။ Youtube ကလည်း သီချင်းတွေ နားထောင်တယ်။ တစ်ခုကောင်းသွားတာက စန္ဒရားနဲ့ ပတ်သက်ပြီး အတော်လေးလေ့လာဖြစ်တာကတော့ ကိုယ့်အတွက်ကောင်း သွားတာပေါ့။ အချိန်လည်း ရတယ်လေ။

မေး – အခုလိုမျိုးရောဂါတွေဖြစ်သွားတော့ တချို့ကလည်း စီးပွားရေးဘက်ကို ပြောင်းသွားကြတယ်။ ပိုးမီအနေနဲ့ကော ရေရှည်ပလန်အတွက် ဘယ်လိုမျိုး စဉ်းစားထားလဲ။

ဖြေ – ဒီကိစ္စကြီးက ဘယ်သူ့မှလည်း အတိအကျပြောနိုင်မယ့်ကိစ္စ မဟုတ်ပါ ဘူး။ လူတိုင်းနဲ့သက်ဆိုင်တဲ့ ကျန်းမာရေးရှုထောင့်က ဖြစ်နေတာမို့ ပိုဆိုးတာပေါ့ နော်။ နောက်ပြီး ဒီပြဿနာရဲ့ရိုက်ခတ်မှုက တခြားအရာတွေထက် အနုပညာ ရှင်တွေမှာ ရိုက်ခတ်မှုက ပိုဆိုးပါတယ်။ ဘာလို့လဲဆိုတော့ ပိုးမီတို့ မြန်မာနိုင်ငံ မှာ သွားနေတဲ့ပုံစံအရ အဆိုတော်တွေဆိုတာ ပွဲလေးတွေဆိုမှ ငွေကြေးရတယ်။ ပရိသတ်တွေနဲ့ တိုက်ရိုက်ထိတွေ့ရတယ်။ အခုကာလမှာကျတော့ လူစုလူဝေး မလုပ်ရဘူး။ တကယ်ဆိုလည်း လူစုလူဝေးကနေ ပိုးက ပျံ့နှံ့သွားရင် မလွယ်ဘူး လေ။ အဲဒါက ပိုးမီတို့လို အဆိုတော်တွေအတွက် ပြဿနာပါပဲ။ အဆိုတော် ဆိုတာက လူစုလူဝေးရှိမှ သီချင်းဆိုလို့ရတာလေ။ တစ်ယောက်တည်း အော်ဆို နေလို့ရတာမှ မဟုတ်တာ။ ဒါကြောင့်လည်း ကိုဗစ်ကာလဟာ ပိုးမီတို့လို အဆို တော်တွေအပေါ် ဆိုးကျိုးပိုသက်ရောက်တယ်လို့ ပြောတာပါ။ ပိုးမီကိုယ်တိုင် ကလည်း အစကတည်းက စီးပွားရေးသမား မဟုတ်ခဲ့ဘူး။ အဲဒီအတွက်ကြောင့် ဘာစီးပွားရေးလုပ်ရမှန်းလည်း အခုထိမသိဘူး။ ဒါပေမဲ့ အခြေအနေတစ်ခုခု ပြောင်းလဲသွားမယ်ဆိုရင်တော့ တစ်ခုခုစဉ်းစားမိမှာပါ။

မေး – သူငယ်ချင်းတွေနဲ့ ကော ဆုံဖြစ်ကြသေးလား။

ဖြေ – မတွေ့ဖြစ်ကြတာများတယ်။ အွန်လိုင်းကနေပဲ စကားတွေပြောကြ၊ V call တွေနဲ့ တွေ့ဖြစ်တယ်။ တစ်ခါတလေတော့ ကိုယ့်အရင်းနှီးဆုံး သူငယ်ချင်းသုံး၊ လေးယောက်လောက်နဲ့ ဆုံဖြစ်ပါတယ်။အရင်လိုမျိုး ဂရု(ပ်)လိုက်ကြီး ငါတို့တစ် တွေ ဘယ်သွားကြမယ်၊ ဘာလုပ်ကြမယ်ဆိုတာမျိုးတော့ မရှိတော့ဘူး။ ပိုးမီ ကျေနပ်ပါတယ်။ ဒါဟာ ကိုယ့်ကိုယ်ကိုယ်လည်း ကာကွယ်ရာရောက်သလို ကိုယ်ကတစ်ဆင့် Public ကို ပျံ့နှံ့ဖို့အတွက် ကာကွယ်ပြီးသား ဖြစ်ပါတယ်။ ဖြစ်ခါစကဆိုရင် ဘယ်မှမသွားရတော့ ဘယ်လိုနေရမှန်းကိုမသိခဲ့တာ။ နေထိုင် မှု ပုံစံကို ဒုန်းခနဲရပ်တန့်ပစ်လိုက်သလိုမျိုးဖြစ်တာဆိုတော့လေ။ အဲဒီအချိန်ခံစားမှု ကြီးကို ပြန်တောင်ပြောမပြချင်ဘူး။ လူတိုင်းခံစားဖူးတော့ အားလုံးသိကြမှာပါ။ ဘာလို့လဲဆိုတော့ ပုံမှန်လှည့်ပတ်နေတာကနေ ဒုန်းဆိုရပ်တန့်လိုက်တာ။ ပိုးမီဆို အိမ်ထဲမှာ နေရင်းကနေ စိတ်ကျဉ်းကျပ်ပြီး ဘာလုပ်လို့လုပ်ရမှန်းကို မသိတာ။ ဘာလို့ဆိုတော့ ကိုယ်က အပေါင်းသင်းများပြီး အမြဲတမ်းလှုပ်ရှားသွားလာနေရတဲ့သူဆိုတော့ အဲဒီလိုဖြစ်သွားတဲ့အချိန်မှာ စိတ်ဓာတ်ကတော့ ကျသွားတယ်။ နောက်မှ ပြန် ဖြေယူရတယ်။ ဒါဟာ ကိုယ်တစ်ယောက်တည်းမဟုတ်ဘူး။ လူတိုင်းဖြစ်နေတာ၊ ကြုံနေရတာဆိုပြီးပေါ့။ အခုတော့ နေသားကျသွားပါပြီ။ အရင်လို အခြေအေမျိုး ဘယ်တော့ပြန်ဖြစ်မလဲလို့ပဲ မျှော်လင့်နေရတာပါ။

မေး – ပရိသတ်တွေကို ဘာများပြောချင်သေးလဲ။

ဖြေ – ပရိသတ်တွေလည်း မိမိကစ ကာကွယ်ပါ။ ကိုယ့်ကို ကူးစက်နိုင်မယ့် နည်းလမ်းတွေနဲ့ နည်းနိုင်သမျှနည်းအောင် ဆင်ခြင်စွာနဲ့ နေထိုင်စားသောက် သွားလာ လှုပ်ရှားကြပါ။ ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုထိရောက်တာမို့ မိမိကိုယ်ကို အကောင်းဆုံးနည်းလမ်းတွေနဲ့ ကာကွယ်ကြပါလို့ပဲ မှာပါရစေ။

နှင်းစုမွန် မေးမြန်းသည်။