မျက်နှာပြင်နှစ်ခုပါ Surface Duo စမတ်ဖုန်းသစ် ရောင်းချတော့မယ့် Microsoft

Microsof ဟာ မျက်နှာပြင်နှစ်ခုပါပြီး ခေါက်သိမ်းနိုင်တဲ့ Surface Duo ကို လာမယ့် စက်တင်ဘာ ၁၀ ရက်မှာ ရောင်းချတော့မှာ ဖြစ်ပါတယ်။ ဒီစမတ်ဖုန်းကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကတည်းက Microsoft က ကြေညာခဲ့တာဖြစ်ပါတယ်။

ကွေးညွတ်နိုင်တာမျိုးမဟုတ်ဘဲ ၅ ဒသမ ၆ လက်မအရွယ်ရှိ AMOLED မျက်နှာပြင်နှစ်ခုပါဝင်တဲ့ Surface Duo မှာ Snapdragon855 နဲ့အထိုင်ချထားပြီး RAM 6GB နဲ့ Internal Storage 128GB နဲ့ 256GB ဆိုပြီး ဗားရှင်းနှစ်မျိုးနဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။

လက်ရှိမှာတော့ Android 10 နဲ့မောင်းနှင်ထားပြီး နောက်ပိုင်းမှာတော့ Android 11 ထောက်ပံ့လာမယ်လို့ Microsoft ကဆိုပါတယ်။ ကင်မရာကတော့ 11Mp တစ်လုံးတည်းပါဝင်မှာပါ။ Surface Duo ဟာ Microsoft ကနေ ပထမဆုံးကိုယ်ပိုင်ထုတ်လုပ်တဲ့ Android Device လို့သတ်မှတ်နိုင်မှာဖြစ်ပြီး Android နဲ့ Security Update တွေကို သုံးနှစ်ကြာထောက်ပံ့ပေးသွားမယ်လို့ Microsoft ကပြောပါတယ်။

လက်ရှိမှာတော့ အမေရိကန်ဈေးကွက်ကိုသာ ဖြန့်ဖြူးသွားမှာဖြစ်ပြီး နိုင်ငံတကာက ကြိုတင်မှာယူမှုတွေကိုတော့ လက်ခံနေပြီဖြစ်လို့ ၁၃၉၉ ဒေါ်လာနဲ့ ရောင်းချသွားမှာဖြစ်ပါတယ်။ Microsoft အနေနဲ့ကတော့ ဒီထုတ်ကုန်ကို Samsung ရဲ့ Galaxy Z fold 2၊ Motorola ရဲ့ Razr စမတ်ဖုန်းတို့နဲ့ ယှဉ်ပြိုင်ရဖွယ်ရှိနေပါတယ်။

ညီဘွားစုစည်းသည်