ကိုရီးယားရုပ်ရှင်ကားမှာ ဦးဆောင်မင်းသမီးအဖြစ် မြင်တွေ့ရမယ့် ဂျီဆိုး

အောက်တိုဘာလထဲထွက်ရှိမယ့် Blackpink အဖွဲ့ရဲ့ တေးအယ်လ်ဘမ်အတွက် အလုပ်ရှုပ်နေတဲ့ကြားက ကိုရီးယားရုပ်ရှင် ဇာတ်လမ်းတစ်ခုမှာပါ ပါဝင်သရုပ်ဆောင်ဖို့ ကင်မ်ဂျီဆိုး ပြင်ဆင်နေပါတယ်။

ကင်မ်ဂျီဆိုးရဲ့ YG Entertaiment ကုမ္ပဏီက “ ကိုရီးယားရုပ်ရှင်ဇာတ်လမ်းသစ် Snowdrop မှာ ဂျီဆိုး ပါဝင်သရုပ်ဆောင်မယ်ဆိုတာက မှန်ပါတယ်”လို့ ယမန်နေ့က အတည်ပြုပြောဆိုပါတယ်။

ဒါဟာ ကင်မ်ဂျီဆိုးအတွက် ရုပ်ရှင်ဇာတ်ကားတစ်ကားမှာ ဦးဆောင်မင်းသမီးအဖြစ် တတိယအကြိမ် သရုပ်ဆောင်ခွင့်ရတာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်က “The Producers” နဲ့ ၂၀၁၉ခုနှစ်က “Arthdal Chronicles” ဇာတ်ကားတွေမှာလည်း ဦးဆောင်မင်းသမီးအဖြစ် ဂျီဆိုး သရုပ်ဆောင်ခဲ့ဖူးကြောင်း Channel News Asia သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

သတင်း – မောင်ဇေယျ
ကိုးကား – Channel News Asia