သွေးဖိအားနဲ့ နှလုံးခုန်နှုန်းတိုင်းတာပေးမယ့် တန်ဖိုးနည်းဖုန်း Lava Pulse

လူ့ခန္ဓာကိုယ်ရဲ့ သွေးဖိအားနဲ့ နှလုံးခုန်နှုန်းတွေကို တိုင်းတာနိုင်တဲ့ နည်းပညာမြင့် SmartWatch တွေ အပြိုင်အဆိုင်ပေါ်နေပေမယ့် အိန္ဒိယနိုင်ငံအခြေစိုက် Lava ကုမ္ပဏီကတော့အဲဒီလုပ်ဆောင်ချက်တွေပါဝင်တဲ့ Pulse လို့ အမည်ပေးထားတဲ့ တန်ဖိုးနည်းဖုန်းတစ်လုံးကိုထုတ်လုပ်လိုက်ပါတယ်။

အဲဒီအာရုံခံကိရိယာဟာ ဖုန်းကျောဘက်က ကင်မရာဘေးမှာတည်ရှိပြီး အာရုံခံကိရိယာအပေါ်ကို အသုံးပြုသူရဲ့လက်ချောင်းကိုတင်လိုက်တာနဲ့ သွေးဖိအားနဲ့ နှလုံးခုန်နှုန်းတွေကို တွက်ချက်ဖော်ပြပေးမှာဖြစ်ပြီး ဈေးနှုန်းကတော့၂၆ ဒေါ်လာသာရှိပါတယ်။

Lava Pulse ဖုန်းဟာ မျက်နှာပြင်အရွယ်အစား ၂ ဒသမ ၄ လက်မသာရှိပြီး ကိုယ်ပိုင်ဆော့ဖ်ဝဲကို အသုံးပြုထားပါတယ်။ Internal storage ကတော့ 32GB အထိတိုးမြှင့်နိုင်ပြီး ဘက်ထရီကတော့1800 mAh ပါဝင်လို့ ခြောက်ရက်ကြာအသုံးပြုနိုင်မှာဖြစ်ပြီး 2G ကွန်ရက်စနစ်သာ အသုံးပြုနိုင်မှာဖြစ်ကာ လက်ရှိမှာတော့ အိန္ဒိယနိုင်ငံမှာ စတင်ရောင်းချနေပြီဖြစ်ပါတယ်။

လက်ရှိမှတော့ Smart Watch ထုတ်လုပ်တဲ့ နည်းပညာကုမ္ပဏီတွေဟာ နှလုံးခုန်နှုန်းတိုင်းတာနိုင်တဲ့လုပ်ဆောင်ချက်ကို သူတို့ရဲ့ထုတ်ကုန်တွေမှာ ထည့်သွင်းဝန်ဆောင်မှုပေးဖို့ အပြိုင်အဆိုင်ကြိုးစားနေကြပြီး ဆမ်ဆောင်းကထုတ်လုပ်တဲ့ Galaxy Watch Active2 ကတော့ နှလုံးခုန်နှုန်းတိုင်းတာတဲ့ လုပ်ဆောင်ချက်ကို အသုံးပြုဖို့အတွက် တောင်ကိုရီးယား အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ကို များမကြာခင်က ရရှိသွားပြီဖြစ်ပါတယ်။

ညီဘွားစုစည်းသည်