စစ်ဘေးရှောင်စခန်းမှာ နေထိုင်သူတွေ မဲပေးခွင့်ရမလား

မြန်မာနိုင်ငံမှာ လာမယ့်နိုဝင်ဘာ ၈ ရက်နေ့မှာ အထွေထွေရွေးကောက်ပွဲကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

ဒီအတွက်ကြောင့်ပဲ မဲစာရင်း စစ်ဆေးခြင်းကို ပထမအကြိမ် ကြေညာခဲ့ပေမယ်လို့ စစ်ရေးပဋိပက္ခတွေကြောင့် တိမ်းရှောင်နေရတဲ့ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်မြောက်ပိုင်းက စစ်ဘေးရှောင် ဒုက္ခသည် စခန်းတွေမှာရော မဲစာရင်းအခြေအနေ ဘယ်လိုရှိပါသလဲ။

သူတို့တွေအနေနဲ့ လာမယ့် ၂၀၂၀ ပြည့်နှစ်ထွေထွေရွေးကောက်ပွဲမှာ မဲပေးခွင့်ရမှာလားဆိုတာနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်က စစ်ဘေးရှောင် ဒုက္ခသည်စခန်းတွေကို အကူအညီပေးနေသူတွေ ကိုတင်ထူးအောင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ဘေးရှောင်တွေကို အကူအညီပေးနေသူ မမိုင်မိုင်းတို့ကို စံတော်ချိန်က ဆက်သွယ်မေးမြန်းထားပါတယ်။